Friday, May 4, 2012
ကျေးဇူးတရား
ဟိုး..လွန်ခဲ့တဲ့ ၂၀၀၅ -၂၀၀၆ တုန်းကကျွန်တော်က ကွန်ပျူတာကိုသာမန်အဆင့်တောင်
မသုံးတတ်သေးတဲ့အစိမ်းသက်သက်ပါ...ကျွန်တော်ကိုယ်တိုင်လည်းခုလို ကွန်ပျူတာ
ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုရမယ်လို့ လည်းမတွေးမိပါဖူး...ကျွန်တော်ပထမဆုံး
အလုပ်လုပ်ဖူးတဲ့ပုလဲကွန်ဒို၊ဗဟန်းက Zora Internet Cafe  ဆိုတာကတော့ကျွန်တော့်ကို
ဒီနေ့ ဒီလိုအခြေအနေတွေဖြစ်လာအောင်သင်ကြားပေးခဲ့တဲ့နေရာကြီးဖြစ်သလိုအဲဒီတုန်းက
Zora ရဲ့ Network Administrator တွေဖြစ်ကြတဲ့ ကိုနိုင်(MCSE) နဲ့ ကိုခိုင်ဇော်ဦး
(MCP,MCSA) တို့ သင်ကြားပေးမှုတွေကြောင့် Computer Networking ရဲ့ အခြေ
ခံသော့ချက်တော်တော်များများကိုသိခွင့်ရခဲ့ပါတယ်...အဲဒီအတွက်ကိုနိုင်နဲ့ ကိုခိုင်ဇော်ဦး
တို့ ကိုကျေးဇူးတင်ပါတယ်ဆိုတာပြောချင်ပါတယ်..နောက်တော့ဘ၀တိုးတက်မှုရဖို့ 
အတွက် Gemini Internet & Computer Service ကိုရောက်တော့ ကိုသက်ထွဋ်ဦး
Network Assistant Technician ဖြစ်လာခဲ့ရပါတယ်....ကိုသက်ထွဋ်ဦးကိုလည်း
ကျေးဇူးတင်ပါတယ်....နောက်တော့ Lucky Bird Computer Co.,Ltd ရောက်တော့
ကိုငြိမ်းချမ်းမိုးတို့ ကိုရန်လင်းအောင်တို့ ...ကိုနေသူရ..ကိုဖြိုးဝေ...ကျော်အောင်ထွန်း
တို့ ....အတူလက်တွဲလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အောင်မြင့်သူ...ကျော်ကျော်...
အေရာ.......သူတို့ တွေနဲ့ တွေ့ ဆုံပြီးပညာဖလှယ်လုပ်ကိုင်ရင်းနဲ့ Lucky Bird
Service Technician ဖြစ်လာခဲ့ပြီး junior ၃ ယောက်နဲ့ အတူ ....၂၀၀၈-၂၀၁၀
အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်......
နောက် IGE Co.,Ltd ရောက်တော့ကိုမျိုးနိုင်ထူး၊ကိုဝင်းအောင်၊ကိုတင်မြင့်ထွန်း၊
ကိုကျော်ထွဋ်၊ကိုသော်ဇင်၊ကျော်သီဟ၊ကိုထူးမြတ်သူ နဲ့ နောက်ညီလေးကိုဖြိုး...
နောက်တော့ကိုနိုင်ကိုကိုတို့ ကိုအောင်ပိုင်တို့ လို လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်
သလိုကျွန်တော့်လိုအပ်ချက်တွေကိုဖြည့်စွက်သင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူး
တင်ပါတယ်ဗျာ...
 ဒီအထိကတော့ကျွန်တော်ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ကာလတွေဖြစ်ပြီးတော့ပညာရပ်
ပိုင်းဆိုင်ရာနဲ့ ငြင်းကြခုန်ကြ....စိတ်ညစ်စရာတွေပျော်စရာတွေနဲ့ ......ဒီလူတွေရဲ့ 
ကျေးဇူးတွေကြောင့်ဒီနေ့ မှာကျွန်တော်ဟာ IT အဖြစ်နဲ့ ကွန်ပျူတာနဲ့ အသက်အမေွး
ဝမ်းကြောင်းပြုနိုင်အောင်သင်ပေးခဲ့တဲ့အတွက်သူတို့ ကျေးဇူးတွေ..နောက်သင်ဆရာ
မြင်ဆရာတွေ(ကိုညီနေမင်း၊ကိုသံလုံငယ်၊မြန်မာနည်းပညာရပ်ဝန်း....)စတာတွေကို
လည်းကျေးဇူးတင်ပါတယ်....
စိတ်ထဲမှာဒီနေ့ သူတို့ ရဲ့ တန်ရာတန်ကြေးတွေကျွန်တော့်အပေါ်မှာစူးနေလို့ ကျေးဇူး
တရားနဲ့ ပတ်သက်ပြီးစိတ်ထဲမှာခံစားရတာလေးကိုတင်လိုက်တာပါ...
ကျွန်တော့်ရင်ထဲမှာသူတို့ အားလုံးရဲ့ ကျေးဇူးတရားတွေရှိသလိုဒီနေ့ ဒီလိုဖြစ်ခွင့်ရတဲ့
အတွက်သူတို့ အားလုံးကိုကျွန်တော်ကျေးဇူးတင်နေပါတယ်ဆိုတာ..ပြောချင်ပါတယ်ဗျာ....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...