patch ဆိုတာကတော့ software ရဲ့ executable code တွေအလုပ်လုပ်ဖို့ အတွက်ထိန်းချုပ်ထားတဲ့
direct link library(*.dll) ဖိုင်အချို့ ကိုဖြည်ခြင်းပါပဲ။သဘောကတော့အချို့ သော software vendors
တွေဟာသူတို့ softwares တွေကိုအစမ်းပေးသုံးတဲ့ (free trail version တွေ)သတ်မှတ်ထားမျိုးပါ။
အဲဒီ softwares တွေကို windows OS တွေထဲမှာ installed လုပ်ရင် ဒီ Windows OS နဲ့ အသုံးပြုတဲ့
့hardwares တွေနဲ့ တွဲဖက်အလုပ်လုပ်ဖို့ dll ဖိုင်တွေလိုအပ်ပါတယ်။ Windows OS တစ်ခုမှာသက်ဆိုင်
ရာ services ( windows services, software services ) များစွာအတွက် dll ဖိုင်ပေါင်းများစွာရှိပါတယ်။
ထားပါတော့....အဲဒီတော့ patch code တွေက အဲလိုမျိုး ကန့် သတ်ချက်ထားတဲ့ (ဥပမာ...Adobe က
products တော်တော်များများဆိုရင် ရက် ၃၀ trail ပေးတာမျိုးပေါ့) software ရဲ့ execution ကို
ထိန်းချုပ်ထားတာကိုဖြေပေးတာကို patching လုပ်တာလို့ ခေါ်ပါတယ်။ Patching လုပ်လိုက်ရင်တော့
အဲလိုမျိုးရက်အကန့် အသတ်နဲ့ သုံးရတာတို့ online update (အချို့ softwares တွေ) လုပ်ရတာတွေ
မရှိတော့ပါဖူး။ဒါကတော့ patch ဖြည်တာပါ။ နောက်တစ်မျိုးကတော့ cracking ဖြစ်ပါတယ်။ cracking
လည်းအဲလိုသဘောတရားပါပဲ။ဒါပေမဲ့ သူကတော့ နည်းနည်း risk ပိုများတယ်။ execution period ကို
brute force လုပ်လိုက်တဲ့သဘောမျိုးဖြစ်ပြီး software security holes တွေပွင့်တတ်လို့ ပါပဲ။
အပြင်လောကမှာတော့ Criminal တွေဟာအိမ်တံခါးပေါက်တွေကိုနည်းလမ်းတစ်မျိုးမျိုးနဲ့ ဖွင့်ပြီးအိမ်တွင်း
ဝင်ကာကိုယ့်ပိုင်ဆိုင်မှုတွေကိုခိုးယူကြပါတယ်။ online ကမ္ဘာမှာတော့ ကိုယ့်အိမ်တံခါးပေါက်လို့ ခေါ်လို့ 
ရတဲ့ software vulnerabilities တွေကနေတစ်ဆင့် ကိုယ့်စက်ထဲကိုဝင်ရောက်မယ်။ကိုယ့်စက်ထဲက datas
တွေကို နည်းလမ်းတစ်မျိုးမျိုးအသုံးပြုပြီးခိုးယူမယ်။မရရင် datas တွေကိုဖျက်ဆီးမယ်။ကိုယ့်စက်ကိုအဝေး
ကနေထိန်းချုပ်မှုတွေလုပ်မယ်။codes တွေနဲ့ attack လုပ်မယ်။ နောက်ဆုံး virus တွေကိုနေရာယူခိုင်းပြီး
ကိုယ့်စက်နဲ့ စပ်ဆက်နေတဲ့ network ထဲကို virus တွေဖြန့် ပြီး attack လုပ်တတ်ပါတယ်။
ဒါကြောင့် Antivirus နဲ့ Anti-Spyware Softwares တွေဟာဒီလိုကိစ္စရပ်တွေကိုကာကွယ်ဖို့ အတွက်တစ်ဖြည်းဖြည်းနဲ့ အရေးပါတဲ့ Protection Sheild of PC & Networking System ဖြစ်လာခဲ့ပါပြီ။
ကျွန်တော်တို့ တွေဟာ Antivirus software တွေကိုအသုံးပြုရုံတင်မကပဲအောက်ပါအချက်အလက်တွေကို
လည်းဂရုပြုပြီးလုပ်ဆောင်ရင်တော့ ကိုယ့် security hole ကိုအကောင်းဆုံးကာကွယ်တဲ့ patching ဖြစ်
လာမှာပါ။
(၁) Updating Patched your system & softwares
ဒါကတော့ကိုယ့် ရဲ့ OS နဲ့ ကိုယ်သုံးနေတဲ့ softwares တွေ၊ web browser တွေ၊ နောက် email program တွေကို update လုပ်ပေးပါ။ဘာဖြစ်လို့ လဲဆိုတော့ software vulnerabilities ဆိုတာ hacker
တွေမျက်စိကျစရာဖြစ်ပြီးသူတို့ တွေက Hack လုပ်နိုင်ဖို့ အတွက် security holes တွေကိုလိုက်ရှာနေတာ
ပါ။ဒါကြောင့် Microsoft , Apple, Adobe,....စတဲ့ OS နဲ့ softwares တွေထုတ်တဲ့ သူတွေဟာ သူတို့ 
products တွေမှာ အဲလိုမျိုး security holes တွေကိုရှာပြီးတော့ solution Patches လေးတွေထုတ်ပေး
တတ်ကြပါတယ်။အဲဒါတွေကို download လုပ်ပြီး Update လုပ်ခြင်းအားဖြင့် security holes တွေကို
ကာကွယ်နိုင်မှာဖြစ်ပါတယ်။( ဥပမာ- IE 6 ရဲ့ security holes ဟာ remote code execution တွေဖြစ်
ပြီးတော့ foxit reader မှာလည်းမကြာသေးခင်ကမှ အဲဒီပွင့်နေတဲ့ remote code execution ကို ပြုပြင်
တဲ့ Patch ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။)
(၂) Combination of Antivirus Arreys
အရေးအကြီးဆုံးကတော့ Antivirus တွေကို Virus Defination Update ဖြစ်စေဖို့ သာမက Product
update လည်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာလို့ လဲဆိုရင် နောက်ပိုင်း Antivirus တွေမှာ firewall fuctions တွေ၊ ကိုယ်ကြည့်နေတဲ့ Website လမ်းကြောင်း URL check & Advisor တွေ ၊ Anti
ID theft Detection တွေ၊ Cloud apps အတွက်ကို support လုပ်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့
အတွက်အကောင်းဆုံးကာကွယ်မှုတွေပေးနိုင်ပါတယ်။( ဥပမာ- Kaspersky 2012 ပေါ့) ။နောက်တစ်ခု
ကတော့ USB Disk Security လို Software တွေသုံးခြင်းအားဖြင့် USB မှ Virus ကူးစက်ခြင်းကင်းဝေး
စေပါမယ်။အဲလိုမျိုးလေးတွဲသုံးရင်ပိုအဆင်ပြေတာပေါ့။
(၃) Safe Web Browsing
ကိုယ့်ကြည့်ခဲ့တဲ့ Web Sites တွေဟာ Browser မှာ cookies အဖြစ်ကျန်နေတတ်ပြီး အချို့ သော sites
တွေမှာ add-ons တွေထပ်ပြီး installation လုပ်ခိုင်း၇င်သတိထားပြီးလုပ်ပါ။ဘာလို့ လဲဆိုတော့ အချို့ 
သော add-ons တွေဟာ remotely control ဖြစ်စေတတ်တဲ့ execution တွေဖြစ်နေတတ်လို့ ပါပဲ။
(ဥပမာ- facebook messanger, you tube downloader, similes toolbars, radio bar ,.....)
(၄) Avoid Cracking & Patching OS and third-party softwares
အဓိကကတော့ ကိုယ့် windows ဟာ pirate copy windows ဆိုရင် အချို့ သော security holes တွေ
ပွင့်နေတတ်ပါတယ်။အသိသာဆုံးဥပမာကတော့ Windows 7 မှာ your windows is not genius ဆိုပြီး
ပေါ်တတ်တဲ့ WGA ဖြစ်ပါတယ်။အဲဒါကြောင့် ဖြစ်နိုင်ရင် OS ကိုဝယ်သုံးပါ။အဆင်မပြေလို့ Pirate copy သုံး
ရပြန်ရင်လည်း Antivirus ကောင်းကောင်းနဲ့ ကာပါ။ ကျွန်တော်တို့ ဆီမှာကတော့ Poor Country ဖြစ်လေတော့ Pirate Copy OS & softwares တွေနဲ့ ပတ်သက်ပြီးဒီကိစ္စတွေက ကြုံနေကြရအုံးမှာပါ။
(၅) Strong your Password
ဘယ်နေရာကိုပဲရောက်ရောက်....Web Surfing လုပ်ရင် ...Web Mail တွေအသုံးပြုမယ်...နောက်
computerနဲ့ အခြား media devices ( tablet pc, mobile phone,.....) သုံးမယ်ဆိုရင် ကိုယ့် Password
ကိုဂရုတစိုက်ရှိပါစေ။အချို့ devices တွေမှာ Auto Sync ပါတော့ အမြဲတမ်း sync လုပ်နေတတ်တဲ့အတွက်
security ပိုင်းမှာစိတ်မချရပါဖူး။
ဒါလေးတွေကတော့ ကျွန်တော်အကြုံပြုချင်တဲ့အချက်အလက်တစ်ချို့ ပဲဖြစ်ပါတယ်။ Online Criminals
တွေဟာ နည်းမျိုးစုံနဲ့ လိမ်ညာလှည့်ပတ်နေတတ်ကြလေတော့သူတို့ tricks တွေနဲ့ ဆင်ထားတဲ့ traps
တွေကလည်းအများအပြားပါပဲ။အလုံးစုံကာကွယ်နိုင်ဖို့ ဆိုရင်တော့ကိုယ့်ရဲ့ IT ဗဟုသုတကိုမြှင့်တင်ပါ။
online မှာလေ့လာစရာတွေကအများကြီးပါပဲ။ ဒီထက်ရေးရရင်တော့အများကြီးပေါ့ဗျာ။ဒါပေမဲ့ဒါလေးကို
ဖတ်ပြီးတစ်စုံတစ်ရာအကျိုးရှိရင်ပဲကျေနပ်လှပါပြီ။
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ။





No comments:
Post a Comment