ဒါကလူတော်တော်များများသိချင်ကြသလို
IT သမားနဲ့ ကွန်ပျူတာပညာရှင်များကိုတွေ့ တိုင်းမေးလေ့ ရှိတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ တကယ်လည်းမေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။
Computer တစ်လုံးကိုဝယ်ယူနိုင်ဖို့ အတွက်
နားလည်ကျွမ်းကျင်သူတွေအဖို့ ကတော့အခက်အခဲသိပ်မရှိလှပေမယ့် Computer နယ်ပယ်နဲ့ အလှမ်းဝေးသူတွေအတွက် စဉ်းစားစရာလေးတွေရနိုင်အောင်အတွက်ကျွန်တော် ဒီ post ကိုရေးသားလိုက်ပါတယ်။
ပထမဦးဆုံးကျွန်တော်တို့ ဟာဘယ်လိုလုပ်ငန်းမျိုးမှာသုံးမလဲ
ဆိုတာကိုအရင်ဆုံးစဉ်းစားကြရပါမယ်။ ရုံးသုံးလား ? လုပ်ငန်းသုံးလား ? အိမ်သုံးလား
? ဆိုတာတွေကိုအရင်ဆုံးစဉ်းစားကြရပါမယ်။ အဲဒီထဲကနေရုံးသုံးဆိုတာ ကိုအရင်ဆုံးရှင်းပြချင်ပါတယ်။အချို့ သောလုပ်ငန်းခွင်ရုံးတွေမှာတော့
computer ကို ရုံးလုပ်ငန်းဆိုင်ရာတွေ ကို အဓိကလုပ်ဆောင်ပါတယ်။
ဥပမာ…Microsoft Office, outlook, Microsoft excel, adobe pagemaker တို့ လို့ software
တွေသက်သက်ပဲ
အသုံးပြုမှာဖြစ်ပါတယ်။အဲဒီ လောက်ပဲအသုံးပြုမယ်ဆိုရင်တော့ ကျွန်တော် တို့ ရွေးချယ်မယ့် computer အမျိုးအစားသည် သာမန်ရုံးသုံး
computer အမျိုးအစားဖြစ်ပါမယ်။
Computer
တစ်လုံးဝယ်ယူဖို့ ဟာမော်တော်ကားတစ်စီးဝယ်ယူတာနဲ့ ခပ်ဆင်ဆင်ပါပဲ။
ကျွန်တော်တို့ မော်တော် ကားတစ်စီးကိုဝယ်ရင် …ဘယ်နှခုနှစ်ထုတ်၊ဘာမော်ဒယ်၊
အင်ဂျင်အမျိုးအစား
တွေကြည့်ရသလိုပါပဲ။ကွန်ပျူတာ တစ်လုံးဝယ်တော့မယ်ဆိုရင်
computer ရဲ့ hardware requirements တွေကိုကြည့်ရပါမယ်။
ကွန်ပျူတာကို အဓိကအားဖြင့် System Unit ( desktop system တွေမှာဆိုရင်တော့ system ပုံးထဲမှာ
ပါဝင်တဲ့ အတွင်းပိုင်း အစိတ်အပိုင်းများ..CPU, Memory,Harddisk, motherboard,
Power Supply ,Graphics Cards) တို့ နဲ့ တန်ဖိုးဖြတ်ပါတယ်။
ဒါဆိုရင်ကျွန်တော်တို
့ခုနကပြောတဲ့ ရုံးသုံးဆိုတာအတွက် အနည်းဆုံးလိုအပ်မယ့် hardwares specification တွေကတော့
CPU Dual–Core
2.2 (or) Higher
Memory 2 GB
Hardidsk 250 GB
Motherboard LGA 775 Motherboard
Powersupply 450 Watt
Graphic
Card - no
Monitor -19 “ လောက်ရယ်နဲ့ 
Keyboard
Mouse, တို့ လောက်နဲ့ ဆိုရင်အဆင်ပြေပါပြီ။ ဒါကသာမန်ရုံးလုပ်ငန်းသုံးလောက်ဆိုတော်တော့်ကို အဆင်ပြေပါပြီ။
လုပ်ငန်းသုံးဆိုရင်တော့
ကိုယ်သုံးမယ့်လုပ်ငန်းအပေါ်မှာမူတည်ပြီးတော့ Hardwares တွေကိုစဉ်းစားရပါလိမ့် မယ်။ ဆိုလိုတာက ကိုယ်က Graphics Design တို့ 
Photo Edit တို့ လိုမျိုးသုံးမယ်ဆိုရင်တော့
ခုနကပြောတဲ့
ရုံးသုံး
computer specification တွေနဲ့ မလုံလောက်နိုင်တော့ပါဖူး။ ဘာဖြစ်လို့ လဲဆိုတော့ သူတို
့တွေအသုံးပြု မယ့် Adobe suite တွေ( Adobe
photoshop CS4 , Adobe Premium, Adobe Illustrator) တို့ နဲ့ maya တို့ လို
softwares တွေဟာ computer မှာ Process အကြီးမားဆုံး Program တွေအဖြစ်နဲ့ အလုပ်လုပ်တဲ့အတွက် ပဲဖြစ်ပါတယ်။ ဒါကြောင့်သူတို့ နဲ့ လိုက်ဖက်မယ့်
hardware requirements တွေကို လည်းတိုးမြှင့်စဉ်းစားပေးရ ပါမယ်။ ဒီတော့လုပ်ငန်းသုံးအတွက်ဆိုရင်တော့
CPU Core i5 2.8 (or) higher
Memory 4 GB
Harddisk 500 GB
Powersupply 550 Watt
Graphic
Card 2 GB ( မရှိမဖြစ်ကိုလိုအပ်ပါတယ်။)
Monitor 22 “ LCD wide
Keyboard
,Mouse တို့ လောက်နဲ့ ဆိုရင်တော့အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။ အိမ်သုံးအနေနဲ့ ပြောရမယ်ဆို ရင်တော့ အိမ်သုံးဆိုတာက စာစီစာရိုက်လောက်ပဲလုပ်မယ်၊
ပေါ့ပေါ့ပါးပါး games တွေလောက်ပဲကစားမယ်ဆို ရင်တော့ ရိုးရိုးသာမန် ရုံးသုံး
computer specification တွေနဲ့ စဉ်းစားရွေးချယ်ဝယ်ယူသင့်ပါတယ်။
တစ်ခုရှိတာက
computer ကို အိမ်သုံးနဲ့ ကလေးတွေဂိမ်းဆော့ဖို့ အတွက်လောက်ပဲဝယ်ပြီးနောက်တော့မှ
Need for speed တို့ General Reborn တို့ လို့ မျိုး games တွေကစားချင်ဆိုတာတွေဖြစ်လာကောဗျာ။
ကျွန်တော်
services သမားဘ၀တုန်းကအဲလိုမျိုးခဏခဏခံရတယ်ဗျ။အဲဒီ games တွေ
ကစားလို
့မရတာနဲ့ ပဲ စက်ကပဲမကောင်းတော့သလိုလိုနဲ့ ဒီတော့ကစားလို့ ရအောင် hardwares တွေလိုက်မြှင့်
ပြန်တော့
ငွေထပ်ကုန်ပြန်လေရော။
![]() |
| Basic Computer Running Flow |
ကိုယ်က
စက်ဝယ်မယ်ဆိုရင် service သမားကိုသေချာပြောပါ။
ပြီးတော့ကိုယ်သုံးချင်တဲ့ Softwares တွေနဲ
့games တွေနဲ့ စက်ရဲ့ hardware performace
ကိုက်မကိုက်ဆိုတာကို ရေရှည်ကြည့်ပြီး ရွေးချယ်ဝယ်ယူပါ။ခုနကပြောသလိုမျိုး
ကိုယ်ဝယ်တာက ရုံးသုံးကိုယ်သုံးချင်တာက လုပ်ငန်းသုံးလောက်နီးနီး ဖြစ်နေပြီဆိုရင်တော့
ငွေကုန်လူပမ်းပါတယ်။
ဒီတော့
စ၀ယ်တော့မယ်စဉ်းစားကတည်းက ကိုယ်သုံးမယ့် လိုအပ်
ချက်တွေနဲ့ ကိုက်ညီမယ့် ကွန်ပျူတာတွေကိုဝယ်နိုင်ပါစေလို့ အကြုံပြုရေးသားလိုက်ရပါတယ်။




No comments:
Post a Comment