Wednesday, August 15, 2012
ဖုန်းကို Laptop နဲ့ ချိတ်ဆက်ပြီးအင်တာနက်သုံးကြစို့ ( Tethering mode)
Tethering ဆိုတာကတော့ ဖုန်းမှာရနေတဲ့ internet ကို laptop computer နဲ့ ခွဲဝေသုံးစွဲတဲ့စနစ်ဖြစ်ပါတယ်။ကျွန်တော်တို့ က Tethering လုပ်နိုင်ဖို့ အတွက် 
ကျွန်တော်တို့ ဆီမှာ အင်တာနက်ဖွင့်ထားတဲ့ 3 G Cell Phone တစ်လုံးသာလိုအပ်ပါတယ်။
 ပြီးတော့ကျွန်တော်တို့ သုံးမယ့် computer ဒါပဲလိုအပ်မှာပါ။ network ကြိုးတွေ၊ Wireless Access Point တွေမလိုအပ်ပဲကျွန်တော်တို့ ဟာ ဖုန်းအင်တာနက်ကို computer မှာအသုံးပြုနိုင်မှာပဲ
ဖြစ်ပါတယ်။ ဒီတော့ အင်တာနက် Access Point တွေ၊ Wi-Fi Hotspot Zone တွေမရှိတဲ့နေရာတွေနဲ့ ခရီးသွား လာရာမှာအလုပ်မပျက်ပဲအင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ဖို့ 
ဒီနည်းလမ်းကအသင့်တော်ဆုံးလို့ ပြောရမှာပါ။
ပြီးရင်ဖုန်းကို Laptop နဲ့ ချိတ်ဆက်ပါ။ပြီးရင် ဖုန်းရဲ့ setting ထဲမှာ Wireless & network setting ထဲကို သွားပါ။ ပြီးရင် အောက်ဆုံးက Mobile Network Setting ထဲမှာ APN ကိုရှာပါ။ သူ့ နဂို default ပါတဲ့ APN တွေရှိရင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ကျွန်တော်တို့ ကကိုယ့်ဘာသာ APN တစ်ခုကို MPT ကိုမေးပြီးဆောက်လိုက်ပါမယ်။အဲဒါပြီးရင်ရပါပြီ။
USB tethering Mode
tethering နှစ်မျိုးရှိပါတယ်။ USB tethering mode ဆိုရင် ဖုန်းကို Charger ကြိုး နဲ့ ချိတ်ပြီးအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်က Portable WLAN Hotspot Mode ဆိုရင်တော့ ဖုန်းက Wireless Access Point အနေနဲ့ Wi-Fi Hotspot တစ်ခုအသွင်အနေနဲ့ အင်တာနက်ကိုလွှင့်ပေးထားမှာဖြစ် ပါတယ်။ (ဒီနည်းကတော့ ဖုန်းကတစ်လုံး….အသုံးပြုသူ သုံးယောက်၊လေးယောက်လောက်ရှိရင်အသုံးတည့် ပါတယ်။) Portable WLAN Hotspot အတွက် Security Setting ( wireless key ) ကိုလည်းသတ်မှတ်ပေးထားနိုင်ပါတယ်။
Portable WLAN Hotsopt Zone Mode
ပြီးရင်ကိုယ်သုံးမယ့်ပုံစံ USB tethering (စက်တစ်လုံးထဲ) လား။ဒါမှမဟုတ် Portable WLAN Hotspot ( သုံးယောက်၊လေးယောက်လောက်ကိုပေးသုံးမှာ) လားဆိုတာ စဉ်းစားပါ။ ပြီးရင်တော့ချိတ်ဆက်ပြီး
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...