Monday, August 6, 2012
ဖုန်းအင်တာနက် နှင့် Dedicated Line Internet ...သင်ဘာကိုရွေးမလဲ
ပေါ့ပေါ့ပါးပါး devcies လေးတွေအသုံးများတဲ့ဒီခေတ်ကြီးထဲမှာ mobile phone တွေရဲ့
စွမ်းဆောင်ရည်တွေကလည်းပိုမိုများပြားပါတယ်။အဲဒီအထဲမှာ ဖုန်းတွေမှာအင်တာနက်
အသုံးပြုနိုင်မှုတွေလည်းပါဝင်လာတာကိုတွေ့ ရပါတယ်။ နည်းပညာတွေတိုးတက်လာ
တာကတော့အံ့မခန်းပါပဲ။ ဖုန်းတစ်လုံးကို computer နဲ့ ချိတ်ဆက်ပြီး တော့လည်းအသုံး
ပြုနိုင်သလို Display ကြီးတဲ့ဖုန်းတွေမှာ သူ့ ဘာသာသူ Active လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
Mobile Handset တွေမှာခုနောက်ပိုင်း 2G ကနေ 3G အထိတိုးတက်လာခဲ့ပါပြီ။ 3G ကနေ
အင်တာနက်ကိုအသုံးပြုနိုင်ဖို့ လည်းခုခေတ်မှာဆိုရင်လွယ်ကူလာပါပြီ။ 2G တွေကတော့
upgrade လုပ်ပြီး 3 G တွေလည်းဖြစ်ကုန်ကြပါပြီ။ အရင်တုန်းကတော့ ကျွန်တော်တို့ ဆီမှာ
mobile network အတွက် Packet Data Switching နဲ့ Data Roaming မဖွင့်နိုင်သေးတဲ့
အတွက် ရိုးရိုး Voice နဲ့ ပဲကျေနပ်ခဲ့ရပါတယ်။ ပြီးတော့ media gadgets ( Camera, SMS,
music play, recording, radio,...) လောက်သာအသုံးပြုလို့ ရခဲ့ပါတယ်။ (၁၉၉၃ - ၂၀၁၀ )
လောက်အထိပါ၊ ပြီးတော့ဖုန်းဈေးတွေကလည်းမနည်းမနောပါ။ဖုန်းတစ်လုံးကို သိန်း ၂၀ လောက်
အထိဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ 2G Nokia GSM ဖုန်းတစ်လုံးဝယ်နိုင်ဖို့ တောင်သာမန်
လူတွေအနေနဲ့ စိတ်တောင်မကူးရဲတဲ့အခြေအနေပါ။
2G ဖုန်းလေးပါ...တစ်ချိန်တစ်ခါကကျွန်တော်တို့ မမှန်းနိုင်ခဲ့တဲ့ဖုန်းလေးတွေပေါ့
နောက်ပိုင်းဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာသလိုကျွန်တော်တို့ နိုင်ငံဆက်သွယ်ရေးတွေ
တစ်ဟုန်တိုးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ကျွန်တော်တို့ အလုပ်စလုပ်တဲ့ ၂၀၀၆ ခုနှစ်လောက်မှာ
မြန်မာပြည်မှာအင်တာနက် ကိုပြည်သူတွေစတင်အသုံးပြုခွင့်ရခဲ့ပါပြီ။ အဲဒီအချိန်တုန်းကတော့
အင်တာနက်ဆိုတာဘာမှန်းမသိသလိုသုံးတဲ့သူတွေကလည်းတကယ့်ကို Celebrities တွေ၊
သတင်းထောက်တွေ။(စကားမစပ်..ကျွန်တော့်ကိုအင်တာနက်အသုံးပြုတတ်အောင်သင်ပေးခဲ့တဲ့သူ
ကတော့ ကိုနေထွန်းနိုင်ဖြစ်ပါတယ်။သူကတော့ခုချိန်မှာ Weekly Eleven မှာ အယ်ဒီတာ ရာထူးနဲ့ 
ခုချိန်မှာတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ သူသင်ပေးလို့ ကျွန်တော်လည်းအသုံးပြုတတ်လာ
တာပါ....) နောက်ပြီးတော့နိုင်ငံခြားနဲ့ အဆက်အသွယ်ချိတ်ဆက်လုပ်ကိုင်သူတွေလောက်ပဲရှိပြီး
အင်တာနက်ဆိုင်ဆိုရင်အဟန့် ကလည်းကောင်းတော့တော်ရုံလူတွေဟာအင်တာနက်ဆိုတာကို
စိတ်သာဝင်စားတာ ...အနားတောင်သီနိုင်တာမဟုတ်ပါဖူး။အဲဒီတုန်းကအင်တာနက်အသုံးပြုခတွေ
တွေကလည်းဈေးကြီးတယ်ဗျ....၈၀၀- ၁၀၀၀ ကျပ်ဆိုတော့လည်းသာမန်လူတွေအနေနဲ့ မလွယ်ဖူးလေ။
၂၀၀၇ နောက်ပိုင်းမှာတော့ အင်တာနက်ဟာ Media Corner တစ်ခုအသွင်နဲ့ လူတိုင်းနဲ့ နီးစပ်လာသလို
အင်တာနက်အသုံးပြုခတွေကလည်းကျဆင်းလာပြီးအသုံးပြုသူတွေများလာပါတယ်။လုပ်ငန်းတော်တော်
များများမှာအင်တာနက်နဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်ဆောင်နိုင်လာပါပြီ။အကွာအဝေးတွေချုံ့ ပြီးဘယ်နေရာ
မှာဘာတွေဖြစ်နေလဲဆိုတာအချိန်နဲ့ အမျှတက်လာနေပြီ။အင်တာနက်ဝန်ဆောင်မှုပေးသူတွေကလည်း
တစ်ဖြည်းဖြည်းနဲ့ များလာပါပြီ။ပထမတော့ Bagan Cybertech(နောက်တော့ Yatanarpon teleport) နဲ့ 
မြန်မာ့ဆက်သွယ်ရေး MPT သာရှိခဲ့ရာမှ Redlink တို့ Mail4U ၀န်ဆောင်မှုတို့ နဲ့ အခြားသော မြန်မာ
online ၀န်ဆောင်မှုတွေလည်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လိုင်း speed နဲ့ bandwidth တွေကတော့
နည်းလာပါပြီ။ loading ကြာလို့ အသုံးပြုသူတွေဟာထိုင်စောင့်ရင်းနဲ့ အချိန်တွေကုန်လာခဲ့ရပါတယ်။
ဟဲ...ဟဲ...ဒါကတော့လူတိုင်းလုပ်ဖူးကြမှာပါ...ဒါပေမဲ့ဖုန်းအင်တာနက်ထက်စာရင်....????
၂၀၁၁ ကနေနောက်ပိုင်းတော့ တန်ဖိုးနည်းဖုန်းတွေထွက်လာခဲ့ပါတယ်။ပထမတော့ နေပြည်တော်ဖုန်း
CDMA 450 ထွက်လာပါတယ်။ 2G အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့အင်တာနက်အသုံးပြုလို့ မရပါ။နောက်
ပြီးတော့နယ်ကျော်သုံးလို့ မရပါ။ နောက်တော့ရန်ကုန်ဖုန်း၊မန္တလေးဖုန်း CDMA 800 တွေထွက်လာပါ
တယ်။ သူတို့ ကတော့ 2G မှာနောက်ဆုံးမျိုးဆက်တွေဖြစ်ပါတယ်။ နောက်တော့ GSM တွေလည်းတန်ဖိုး
တွေလျှော့လည်းပါတယ်။ခုဆိုရင်တော့ဖုန်းတွေက ၂ သိန်းနီးပါးအထိဈေးတွေချပေးပြီးအသုံးပြုခွင့်ပေးလာ
ပါပြီ။ အ၇င်က 3G handset တွေကလည်းဈေးကွက်ထဲကိုတစ်ဖွဲ့ ဖွဲ့ နဲ့ ဝင်ရောက်လာပါပြီ။ handset တွေ
ကလည်းဈေးသက်သာလာသလို ဖုန်းတွေမှာလည်းအင်တာနက်ဝန်ဆောင်မှုတွေရလာပြီဖြစ်ပါတယ်။
တစ်ခါတစ်လေ..အင်တာနက်လိုင်းတွေနှေးတာ ကိုကဒီလိုဖြစ်နေပုံပဲ
GSM ဖုန်းတွေက EDGE စနစ်နဲ့ Data Roaming ပေးပါတယ်။ CDMA ဖုန်းတွေကိုတော့ EVDO စနစ်နဲ့ 
Data Roaming ပေးပါတယ်။ 3G ဖုန်းတိုင်းမှာ Passive Internet နဲ့ Active Internet ရှိပါတယ်။ ဆိုလို
ပြီးအသုံးပြုနိုင်တာပါ။ နောက် Active  Internet ကတော့ မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်
လိုင်းဖွင့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။  Active Internet ကိုတော့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးအသုံးပြုကြ
တာများပါတယ်။ Passive ကတော့ wi-fi share ပါရင်အသုံးပြုလို့ ရပါတယ်။ ဖုန်းတွေမှာအင်တာနက်ရလာ
တော့ ဖုန်းထဲမှာ online games တွေ apps တွေကိုလည်းအလွယ်တကူရလာပါတယ်။ နောက်ပြီး mobile
phone antivirus တွေ၊ weather clock တွေနဲ့ news updates တွေကိုလည်းအလွယ်တကူဖတ်နိုင်လာပါ
တယ်။
GSM core Diagram
CDMA EVDO Diagram နဲ့ flow
သို့ သော် သူ က ဖုန်းတာဝါတိုင်နဲ့ အရမ်းဝေးသွားရင် အင်တာနက် speed ကျသွားပါတယ်။ နောက်ပြီး  
ကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။ USB tethering မဟုတ်ပဲ wi-fi hotspot ဆိုရင်ပိုသိသာပါတယ်။ ပြီး
တော့ တစ်မိနစ် ၄ ကျပ်ဆိုတာလည်း တကယ်သုံးလို့ နှေးနေရင်မကိုက်ပါဖူး။ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်
တဲ့တော့မဆိုးပါဖူး။သို့ သော် download တို့ website ကြည့်တာတို့ ကျရင်ကြာတတ်ပါတယ်။ ဒီတော့
ကျွန်တော်တို့ အသုံးပြုမယ့်လုပ်ငန်းလိုအပ်ချက်နဲ့ တစ်ချက်ချိန်ဆကြည့်ပါ။ကျွန်တော်တို့ ဟာ speed
ကောင်းနဲ့ အင်တာနက်ကို အသုံးပြုချင်ဆိုရင် MPT တို့ redlink တို့ နဲ့ အသုံးပြုပါ။ဒီလိုမှမဟုတ်ပဲပေါ့ပေါ့
ပါးပါးဖုန်းအတွက်လောက်ပဲအသုံးပြုမယ်ဆိုရင်တော့ဖုန်းအင်တာနက်လေးဟာတစ်ကိုယ်ရည်သုံးအတွက်
လုံလောက်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...