အွန်လိုင်းရဲ့ စွယ်စုံကျမ်းလောကနေရာမှာ ဆရာတစ်ဆူဖြစ်တဲ့
Wikipedia ဆိုတာကိုတော့လူတော်တော် များများသိကြမယ်ထင်ပါတယ်။
သူက online သာရှိရင် ကိုယ်သိချင်တဲ့အကြောင်းအရာတွေကိုပြည့်ပြည့် စုံစုံနဲ့ ဖော်ပြပေးတဲ့အတွက်လူတော်တော်များများအသုံးပြုကြတဲ့
site ဖြစ်ပါတယ်။
တော်တော်လေးကို ကောင်းမွန်ပြီးကမ္ဘာတစ်ဝှမ်းလုံးကအကြောင်းအရာတော်တော်များများကိုအစုံလင်ဆုံးဖော်ပြပေးတဲ့
website လည်းဖြစ်ပါတယ်။
ကျွန်တော်တို
့ဟာ အွန်လိုင်းကိုအချိန်တိုင်းအသုံးပြုနိုင်ဖို့ အဆင်ပြေချင်မှပြေနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဖုန်းတို့  Table PC တို့ Personal
Computer တို့ ကတော့တော်တော်များများဆီမှာရှိပြီး pdf ဖိုင်တွေကိုဖတ်နိုင်ပါ တယ်။ဒီတော့ ကျွန်တော်တို့ ဟာ အွန်လိုင်းမရှိလည်း
pdf ဖတ်နိုင်ရမယ်။ ဒီတော့ ကျွန်တော်တို့ ဟာ
Wikipedia မှာတင်ပဲ ကျွန်တော်တို့ ဖတ်ပြီးကြိုက်လို့ သိမ်းထားချင်တဲ့အကြောင်းအရာတွေကို
pdf အနေနဲ့  ရယူနိုင်ပြီဖြစ်ပါတယ်။ အဲဒါကိုဘယ်လိုလုပ်ရလဲဆိုတော့
ပထမဆုံး firefox (သို့ ) web browser တစ်ခုခု
မှာWikipedia လို့ ရိုက်လိုက်ပါ။ပြီးရင် ကျွန်တော်တို့ ရှာချင်တဲ့အကြောင်းအရာ(
ကျွန်တော်ကတော့ဒီမှာ Bill Gates ဆိုပြီးရှာလိုက်ပါတယ်…..ကိုယ်ကြိုက်တာကိုရှာလို
့လည်းရပါတယ်….)
သူကဒီလိုပေါ်လာတော့
ကျွန်တော်တို့ က ညာဘက်ဘေးနားက Option တွေဘေးနားမှာ Download as pdf ဆိုတာလေးရှိပါလိမ့်မယ်။ပုံမှာအနီရောင်လေးနဲ့ ပြထားပါတယ်။
အဲဒါကိုနှိပ်လိုက်ပါ။အဲဒါဆိုရင်သူက ကျွန်တော်
တို့ သိမ်းချင်တဲ့အကြောင်းအရာကို Rendering လုပ်ပါလိမ့်မယ်။တစ်နည်းအားဖြင့်
Pdf နဲ့ ဖတ်လို့ ရအောင် convert လုပ်ပေးတာဖြစ်ပါတယ်။
ခုဆိုရင် Rendering လုပ်တာပြီးကာနီးပါပြီ။
အဲနောက်ဆုံးမှာတော့
Download the file ဆိုတဲ့ link လေးပေါ်လာပါလိမ့်မယ်။ ပုံထဲမှာအနီရောင်လေးပြပေး ထားပါတယ်။အဲဒါလေးကိုနှိပ်လိုက်ရင် pdf အနေနဲ့ ကျွန်တော်တို
့ရှာထားလေးကိုသိမ်းထားနိုင်ပါပြီ။
တကယ် လို
့ကိုယ်ဖတ်နေတဲ့ webpage ကို pdf ပြောင်းသိမ်းချင်တာဆိုရင်တော့ pdf သိမ်းတာကိုကျွန်တော့်
blog အဟောင်းထဲမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ခု post လေးကတော့ Wikipedia ကနေ Pdf ထုတ်တာကို
တင်ဆက်ထားတာဖြစ်ပါတယ်။ connection ကောင်းရင်တော့ မြန်မြန်ဆန်ဆန်ပြီးမှာပါ။အားလုံးပဲ
အဆင်ပြေ ကြပါစေဗျာ။



No comments:
Post a Comment