ကျွန်တော်တို့ ကွန်ပျူတာတွေနဲ့ တွဲဖက်ပြီးအသုံးပြုရတဲ့ DVD ခွေတွေမဖတ်တော့တာတော်တော်စိတ်ညစ် စရာကောင်းပါတယ်။တစ်ခါတစ်လေအရေးကြီးတဲ့ Data တွေကို DVD နဲ့ ကူးထားတယ်...ခွေမဖတ်တော့
ဖတ်တဲ့စက်ကနေ Data ယူ network ပေါ်ကနေပြန်ကူး...ဒီလိုလုပ်နေရတာတွေဟာနည်းနည်းတော့ ကရိ ကထများသလို အဆင်လည်းမပြေနိုင်ပါဖူး။
နောက်ပြီးတော့ခုကျွန်တော်ဖော်ပြမယ့်နည်းလမ်းဟာ DVD ခွေတိုင်းဖတ်နိုင်မယ်လို့ မဆိုလိုပါဖူး။ဒါပေမဲ့ အဲလိုလုပ်ပြီးဖတ်လို့ ရတယ်ဆိုရင်ပဲကျေနပ်လှပါပြီ။ တစ်ချို့ DVD Read/Write တွေက DVD Drive ထဲမှာ ရှိတဲ့ Lens က ကျသွားလို့ buffer မနိုင်တော့လို့ မဖတ်နိုင်ဖူးဆိုတာလည်းသတိပြုစေချင်ပါတယ်။ ဒီတော့
ပထမဦးဆုံး DVD Drive ကိုအရင်စစ်ပါ။ ပြီးတော့
တစ်ချို့ ခွေတွေရဲ့ မျက်နှာပြင်တွေမှာညစ်ပတ်နေမယ်ဆိုရင်တော့ အ၀တ်စနုနု ကို အရက်ပြန်နဲ့ ပွတ်ပေးပါ။ ဒါမှမဟုတ် အစင်းကြောင်းတွေအတော်များများရှိနေမယ်ဆိုရင်တော့ furniture polish (သို့ )သွားတိုက်ဆေးအနည်းငယ်နဲ့ ပွတ်ပေးပါ။ အဲဒါက ခွေတိုင်းမဟုတ်တောင်
တစ်ချို့ သောခွေတွေ ကိုဖတ်နိုင်ပါလိမ့်မယ်။ပွတ်တိုက်ရမယ့်ပုံစံကတော့ ခွေရဲ့ အလယ် အ၀ိုင်းနေရာကနေ စပြီးညာဘက် အစွန်းနားထိတစ်ချက်၊ အ၀ိုင်းကနေ စပြီးဘယ်ဘက်နားတစ်ချက် ၊နောက်အပေါ်တစ်ချက်၊အောက်တစ်ချက်ကို အ၀ိုင်းကနေ အစွန်းထိပွတ်ပေးပါ။ဒါဆိုရင်တော့ အခွေကနာနေလည်းဖတ်နိုင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုလုပ်တာတောင်မှမဖတ်နိုင်ဖူးဆိုရင်တော့
DVD Drive (ဒါမှမဟုတ်) DVD Player ထဲက Len ကို clean လုပ်ပေးပါ။ Len ကိုစစ်ပါ။ အဲဒါဆိုရင်တော့
အခြေအနေတစ်ခုထိကောင်းလာနိုင်ပါတယ်။
ကဲ...အားလုံးပဲအဆင်ပြေကြပါစေဗျာ........

No comments:
Post a Comment