Tuesday, July 31, 2012
Bye...Bye...Nokia
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာဒီလိုဖြစ်မယ်ဆိုတာသိပေမယ့်လည်း စိတ်ထဲတော့မကောင်းဘူးဗျာ။ကျွန်တော်  ဖုန်းစကိုင်နိုင်တုန်းအချိန်ကစပြီးကိုင်ဖြစ်ခဲ့တာ Nokia N72 handset လေးနဲ့ GSM ပါ၊ အဲဒါလေးကပြုတ်   ကျပြီး တစ်စစီဖြစ်သွားလို့ မှန်လဲရတယ်။ battery ကို လည်း charging နဲ့ ထည့်လို့ မရဘူး။ battery တုံးကို  ဖြုတ်ပြီးတော့ Plug Charger နဲ့ အားထည့်ရတာပါ။ကိုင်နိုင်တုန်းကတော့ GSM prepaid 20$ တန် ကဒ်နဲ့ ဆိုတော့ဗျာ..နံပါတ်အသေမဟုတ်တော့အဆင်မပြေဖူးဗျာ.....
ဒါပေမဲ့လည်းကျွန်တော်က ဖုန်းဆိုတာထက်ကို Portable Media Devices လေးအနေနဲ့ သုံးတာပါ။ဓာတ်ပုံ  ရိုက်ရတာလည်းတော်တော်ကောင်းတယ်ဗျာ။ ခုလက်ရှိကိုင်နေတဲ့ Huawei C8650 ကတောင် software    တွေထည့်ပြီးတော့ရိုက်တာတောင်ပုံရဲ့ ရုပ်ထွက်ကသိပ်မကောင်းဖူးဗျ။ Nokia လေးကျပြန်တော့လည်း  ပုံထွက်တော်တော်ကောင်းတယ်ဗျာ။ ဖုန်းအသုံးပြုနိုင်တုန်းကလည်း လိုင်းကြည်တယ်ဗျာ။ အဆင်ပြေတယ်။   အဲ..အဓိကကျွန်တော်သုံးတာက နှိုးစက်ရယ်၊ Radio ရယ်ဗျ။ ဟုတ်တယ်....ကျွန်တော်နေပြည်တော်မှာ ၁ နှစ်ခွဲကျော်ကျော် နှစ်နှစ်နီးပါးလောက်အလုပ်နဲ့ သွားနေ၇တုန်းက အချိန်ဆိုတာတန်ဖိုးရှိတယ်ဗျ။ နောက်
ကျရင် ferry မမှီရင်သွားရော.....။ဒီတော့အချိန်မီအောင်နှိုးစက်လိုမျိုး Nokia လေးကိုသုံးတယ်ဗျာ။
Nokia hanset with keypad
သီချင်းနားထောင်လို့ လည်းအဆင်ပြေပြီးအသံကောင်းပါတယ်။အက်သံတွေဘာတွေလည်းမထွက်ပါဖူး။
နောက်ရန်ကုန်ပြန်လာလို့ မရတဲ့ကြားရက်အားလပ်ရက်တွေကျရင်တော့ radio အဖြစ် Nokia လေးကိုသုံး
ပါတယ်။ နောက်ပြီးတော့ handset ထဲကပါတဲ့ game တွေဆော့တယ်ပေါ့ဗျာ။ ဖုန်းနဲ့ Message သုံးလို့ မရ  တာကနေလွဲရင်ကျန်တာတွေတော်တော်များများသုံးလို့ ရပါတယ်။ နောက်တော့ ဖုန်း၇ဲ့ လွတ်ကျထားတဲ့  ဒဏ်တွေပြန်ပေါ်လာပါပြီ။ဖုန်းကိုဖွင့်လိုက်ရင် white screen ကြီးဖြစ်နေတာတို့ ဖုန်းပွင့်ပြီး screen မှာဘာမှ  မလာတော့တာတို့ ဖြစ်ကော။ယောင်္ကျားလေးဆိုတော့ဟိုဖွင့်သည်ဖွင့်လုပ်ရင်းနဲ့ ဖုန်းကတစ်စစီဖြစ်သွားပါ
လေရောဗျာ။အထဲကဖုန်းတွေဘာတွေရှင်းပြန်တပ်ပြီးတော့ပြန်ဖွင့်ကောင်းသွားရောဗျာ။ဒီလိုနဲ့ ပဲ ဖုန်း hardware ကိုအနည်းငယ်နားလည်စပြုလာပြီးအရေးပေါ်အခြေအနေဖုန်းဖွင့်ရတာကိုမကြောက်တော့ပဲနဲ့ 
လုပ်ရဲကိုင်ရဲဖြစ်လာတယ်။ 
ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့ အတူ iphone ပေါ်လာပါတယ်။ Touch Screen နည်းပညာကို   အခြေခံထားတဲ့ iphone ဟာလူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်တိုင်းကိုဖမ်းစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ ကို  ၀ယ်ယူနိုင်ဖို့ ဈေးကလည်း ရိုးရိုးဖုန်းထက်ကိုမြင့်မားနေပါတယ်။ နောက် Google Androd သုံး Smart Phone တွေ အစီအရီပေါ်ထွက်လာပါတယ်။ Android ဖုန်းတွေကျတော့ ဈေးသက်သာပြီးအင်တာနက် အသုံးပြုရတာအဆင်ပြေတယ်။သူ့ ဈေးနဲ့ သူသုံးပျော်ပြီးတော့ Touch Screen ဖြစ်လေတော့ဖုန်းလောက  ကိုအကြီးအကျယ်လှုပ်ခတ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းထုတ်တဲ့ဖုန်းတွေကလည်း Touch မှ Touch ဖြစ်
ပြီး Touch မဟုတ်တဲ့ရိုးရိုး keypad ဖုန်းတွေနေ၀င်ချိန်ရောက်လာခဲ့သလို NOKIA အတွက်လည်း နေ၀င်
သွားခဲ့ပါပြီ။ Nokia ဟာခုဆိုရင် ၀န်ထမ်းတွေလျှော့ ပြီးထုတ်လုပ်မှုပမာဏတွေလျှော့ ကျလာသလို သူ့ ဈေးကွက်ဟာလည်းအခြားသော Apple တို့ Samsung တို့HTC ကိုလွှဲပေးနေရပါတယ်။ Touch စနစ်
ကိုလိုက်ပေမဲ့လည်းသူဆွဲမိတဲ့ကောက်ရိုးမျှင်လေးဖြစ်တဲ့ Windows Phone OS ဟာလည်းခုမှပေါ်ကာစမို့ 
သူ့ ရဲ့ အလားအလာကတော့သိပ်မျှော်မှန်းလို့ မရနိုင်ပါဘူး။
Nokia Touch ဖုန်းတစ်လုံး
တစ်ခါတစ်ခါတော့စဉ်းစားမိတယ်ဗျာ။နောက်ပိုင်းဖုန်းတွေဟာ Nokia Symbian ကို အသေသတ်ပြီးတော့
ချိန်ကဒီလိုဖြစ်နေပြီလားဆိုတာကို........ဒါပေမဲ့လည်းပြောင်းလဲလာတဲ့ခေတ်ရေစီးတဲ့အတူကျွန်တော်တို့ 
တွေဟာလည်း Nokia ကိုနှုတ်ဆက်ခဲ့ပါတယ်။ Bye ...Bye ...Nokia
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...