Wednesday, August 29, 2012
Google ကလည်း command prompt ကနေ access လုပ်နိုင်တယ်ဆိုပဲ
တကယ်လို့ command line ကနေ ကိုယ့် blog ကို ကိုယ် edit လုပ်တာတို့ နောက် google documents
တွေကို command line ကနေလုပ်လို့ ရသလားလို့ တစ်ခါတစ်လေစဉ်းစားမိကြဖူးမှာပါ။ တကယ်လည်း
လုပ်လို့ ရတယ်ဗျ။ google CL လေးကိုအသုံးပြုပြီး command line တွေကနေတကယ်လုပ်နိုင်ပါတယ်။
command line မိတ်ဆက်
နောက်ကွယ်က run တဲ့ system file တွေ ( command.com,msdos.sys,ntldr,ntdetect.com,...)ရှိပါ
တယ်။အဲဒီအထဲမှာ command.com ဆိုတဲ့ system file ဟာ %systemroot%system32 ထဲမှာအလုပ်
လုပ်ပြီး computer ကို command ပေးသမျှ( keyboard နှိပ်တာ၊ mouse နှိပ်တာ၊ရွှေ့ တာကအစ)အလုပ်
လုပ်ပါတယ်။
ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ windows me တို့ windows 98 တို့ မှာ command တွေနဲ့ အသုံးပြုခဲ့ရပါတယ်။
command တွေမရရင် windows me တို့ 98 တို့ ကိုမတင်တတ်ပါ။ ဘာလို့ လဲဆိုတော့ခုခေတ်တွေလို
Drive ထဲ CD (သို့ ) DVD နှိပ်ပြီး next ,next နဲ့ လွယ်လွယ်ကူကူတင်လို့ မရပါ။ DOS command တွေနဲ့ 
format ချရပါတယ်။ directory တွေ ပြောင်းတတ်ရပါတယ်။ FAT32 ကို command line ကနေ format
လုပ်တတ်ရပါတယ်။ ပြီးတော့မှအဆင့်ဆင့် installation လုပ်ရတာဖြစ်ပါတယ်။ အဲဒီခေတ်တုန်းက virus
ဆိုတာတော်တော့်ကိုနည်းသလို command တွေရမှအသုံးပြုရတာအဆင်ပြေတဲ့အတွက် user friendly
တော့မဖြစ်ခဲ့ပါဘူး။
နောက်ပိုင်း windows XP တို့ windows Vista တို့ Windows 7 တို့ မှာကျပြန်တော့ command prompt
(MS-DOS -Microsoft Disk Operating System လို့ လည်းခေါ်ကြပါတယ်။) windows trouble shoot
လုပ်တော့မှပဲအသုံးပြုဖြစ်ကြသလို command တွေအသုံးလည်းနည်းသွားပါတယ်။ သို့ သော်လည်းအသုံး
ဝင်နေဆဲဖြစ်ပါတယ်။တစ်ချို့ သော viurs တွေကို command တွေနဲ့ သတ်နိုင်သလို viurs effects တွေကို
ဖြည်နိုင်ပါတယ်။ command တွေကနေ network ပိုင်းတွေလည်းအသုံးပြုနေကြဆဲပေါ့ဗျာ။(ဥပမာ....
ipconfig, ipconfig /all,net user တို့ နဲ့ server တွေမှာတစ်ချို့ သော services တွေအတွက်သုံးနေကြ
ဆဲဖြစ်ပါတယ်။)
Microsoft ကလည်း GUI (Graphic User Interface ..Desktop တို့ Keyboard တို့ Mouse တို့ နဲ့ သုံးနိုင်
ပိုင်း windows server 2008 core edition ဆိုပြီး GUI ဖြုတ်ပြီး command တွေနဲ့ အသုံးပြုနိုင်တဲ့
version ကို server 2008 မှာထည့်ထားပေးတာကိုသိနိုင်ပါတယ်။ ထားပါတော့။ဆိုလိုချင်တာက
microsoft DOS-Command တွေကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ရင် ကိုယ့်စက်ကိုစိတ်ကြိုက်အသုံး
ပြုနိုင်တယ်ဆိုတာကိုပြောချင်တာပါ။
Google CL (Google Command Line)
Google CL ဆိုတာကတော့ Google Command Line ကိုဆိုလိုတာပါပဲ။ ကျွန်တော်တို့ က ဒီ service
ကိုသုံးနိုင်ဖို့ google ကနေ google CL ကို ကိုယ့်စက်ထဲမှာအရင် installed လုပ်ရပါမယ်။အဲဒီတော့
အောက်မှာ download link ပေးထားပါတယ်။အဲဒီကနေ download ကိုရှာပြီးကျွန်တော်တို့ သုံးမယ့်
ဟာ( windows installer တွေက zip နဲ့ ဆိုတော့ zip နဲ့ ပဲ download လုပ်လိုက်ပါတယ်။)
ပြီးရင်zip လေးကိုဖြည်လိုက်ရင်ဒီလိုဖြစ်လာပါမယ်။
ပုံလေးက zip ဖြည်ထားပြီးသား folder ကနေ google ကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင်
ဒီလိုလေးပေါ်လာပါမယ်။ အဲဒီမှာ ကျွန်တော်တို့ က help နှိပ်လိုက်ရင်ဘယ်လိုသုံးရမလဲဆိုတဲ့လမ်းညွန်လေး
ပေါ်လာပါမယ်။ help နောက်ကနေ space ခြားပြီးကိုယ်သုံးချင်တဲ့ service ကိုရိုက်ထည့်လိုက်ပါ။
(ဥပမာ- help canlender ဆိုပြီး ရိုက်လိုက်ပါမယ်)
ဆိုရင် calender သုံးဖို့ add တို့ list တို့ today တို့ သုံးဖို့ လမ်းညွှန်ပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့ က
calender list ဆိုပြီးရိုက်လိုက်ရင် သူက user name တောင်းပါလိမ့်မယ်။ အဲဒီတော့ user name ကို
ကိုယ့် gmail user name ထည့်ပေးလိုက်ပါတယ်။
CL ကတော့ Access တောင်းနေပြီးခွင့်ပြုမလား၊မပြုဘူးလားဆိုပြီးမေးပါလိမ့်မယ်။
အဲဒီမှာ grant access လုပ်ပေးရပါမယ်။ အဲဒါဆိုရင်သူ က code တစ်ခုထုတ်ပေးပါလိမ့်မယ်။ အဲဒီ code ကို
google command prompt မှာသွားထည့်ပေးရပါမယ်။ (ဟုတ်တယ်လေ...ဒီလောက်ကိုတော့ security
ထားထားရမှာပေါ့...မဟုတ်ရင်လည်းအကုန်လုံးပေါက်ကုန်မှာပေါ့) ပြီးရင်တော့သုံးလို့ ၇ပြီဖြစ်ပါတယ်။
Google Doc မှာဘယ်လိုသုံးမလဲ
ကဲ..အရင်ဆုံး upload တင်မယ်ဆိုရင်
 doc upload " ကိုယ့် တင်မယ့် file path " ပြီးရင် enter ခေါက်လိုက်ပါ။ တင်ထားတဲ့စာကို edit
လုပ်မယ်ဆိုရင်တော့
docs edit –title “your_document” –editor your_editor  ဆိုပြီးထပ်၇ိုက်ထည့်လိုက်ပါ။ မရဖို့ ကများ
ပါတယ်။ မ၇တတ်တဲ့ error ကတော့
တစ်ခုခုလိုအပ်တာရှိရင်တော့ help နှိပ်ပြီးကိုယ်လိုတာကိုပြင်နိုင်ပါတယ်။ အခြားသော google service
တွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ upload တို့ ...edit တို့ လည်း command အသုံးပြုပြီးလုပ်နိုင်ပါတယ်။
ဒါလေးကိုနည်းလမ်းတစ်ခုအနေနဲ့ သာတင်ပြခြင်းဖြစ်ပြီးတကယ်အသုံးပါလို့ မတိုက်တွန်းလိုပါဘူး။ သို့ သော်လည်း google ကနေ command နဲ့ access လုပ်နိုင်တဲ့သဘောလေးကိုသာ
တင်ပြထားခြင်းဖြစ်ပါတယ်။
မိမိတို့ သဘောနဲ့ စမ်းသပ်ပြီးမလိုလားအပ်တာတစ်ခုခုဖြစ်လာခဲ့လျှင်စာရေးသူနဲ့ မည်သို့ မျှမသက်ဆိုင်ပါ
ကြောင်းအကြံပေးသတိပြုရေးသားလိုက်ရပါတယ်။
အစမ်းအသုံးပြုချင်သူများ ဒီမှာ ဒေါင်းနိုင်ပါပြီ။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...