လူတိုင်းလည်းကြားဖူးကြမှာပါ။ အရည်အချင်းရှိအောင်ကြိုးစားကြပါဆိုပြီးတော့။အရည်အချင်းတော့ရှိပါရဲ့
တစ်ခြား လူမှုဆက်ဆံရေးအရည်အချင်းတော့ညံ့တယ်ဆိုတာမျိုး
တွေလည်းကြားဖူးကြမှာပါ။လူတွေနဲ့ ပတ်
သက်ပြီးလူမှုဆက်ဆံရေးအရည်အချင်းတွေထွန်းလင်းတောက်ပသင့်သလိုကိုယ့်အသက်မွေးဝမ်းကျောင်း
အရည်အချင်းတွေကိုလည်းအစဉ်တိုးတက်နေအောင်လုပ်ကြရပါမယ်။
ကိုယ့်အရည်အချင်းတွေကိုဘယ်လိုကောင်းအောင်လုပ်မလဲ
တကယ်ကော့ဒီအကြောင်းကိုပြောဖို့ နည်းနည်းတော့ခက်ပါတယ်။
အလုပ်တစ်ခုကို
မလုပ်နိုင်ခဲ့ရင်မနက်ဖြန်မှာဒီအလုပ်ကိုကိုယ်လုပ်နိုင်ရင်တော့ 
မနေ့ ကကိုယ့်အရည်အချင်းထက်ဒီနေ
့ကိုယ့်အရည်အချင်းကပိုသာသွားပါပြီ။မြန်မာ့ရှေး
ဆိုင်းဆရာကြီး စိန်ဗေဒါက” မနေ့ ကစိန်ဗေဒါထက်ဒီနေ
့စိန်ဗေဒါကပိုကောင်း၊ပိုသာရမယ်” လို့ ဆိုခဲ့ပါတယ်။ 
ငါသည်သာငါ့ပြိုင်ဘက်လို့ သဘောထားပြီးပေါ့ပေါ့တန်တန်မနေပဲနဲ
့ကိုယ့်အရည်အချင်းတွေကိုတိုးတက်ကြ
စေလိုပါတယ်။ သူများနဲ့ ပြိုင်တာထက်ကိုမနေ
့ကကိုယ်ထက်ကိုဒီနေ့ ကိုယ်ကပိုကောင်းအောင်
လုပ်နိုင်ဖို့ ကြိုးစားကြပါ။ 
မိဘချမ်းသာလို့ သားသမီးချမ်းသာတာဟာအထင်ကြီးစရာမဟုတ်သလိုဂုဏ်ယူစရာလည်းမဟုတ်ပါ။မိဘက
ရှင်ဘုရင်ဖြစ်လို့ သားသမီးက အိမ်ရှေ
့မင်းသားဖြစ်တာဟာ လည်းဂုဏ်ယူစရာမဟုတ်ပါ။ အင်္ဂလန်က တော်ဝင်မင်းသားတွေဟာစစ်တပ်မှာအခြားသောစစ်သားတွေနဲ
့အတူ
 နိုင်ငံ့တာဝန်ကိုအောက်ခြေကနေစပြီး တာဝန်ထမ်းဆောင်စေတာအဆင့်ဆင့်အရည်အချင်းနဲ
့
အရည်အသွေးတွေပြည့်ဝစေဖို့ ဆိုတာကိုသတိပြုစေလိုပါတယ်။ 
သားသမီးတိုင်းကိုမိဘတွေက ပညာအမွေပေးခဲ့ပြီးသားဖြစ်ပါတယ်။အဲဒီပညာအမွေဟာသားသမီးတွေ
အသက်မွေးဝမ်းကျောင်းဖို့ ဖြစ်သလိုတစ်ချို
့တစ်လေကလည်းမိမိတို့ နဲ့ သင့်တင့်ရာနှုတ်မှု၊လက်မှုပညာတွေနဲ့ အသက်
မွေးဝမ်းကျောင်းရတာကိုတွေ့ ရမှာပါ။
လူ့ ဘ၀လူ့ သက်တမ်းက တိုတောင်းလှပါတယ်။မိမိဟာ
အရည်အသွေးပြည်ဝသူ၊အရည်အချင်းရှိသူဆိုရင် ဒေါင်ကျကျပြားကျကျဘ၀ကိုဘယ်လိုပဲ
ကျွမ်းထိုးမှောက်ခုံဖြစ်ပါစေ။အဆင်ပြေအောင်နေနိုင်သွားပါတယ်။  
နောက်ပြီးတော့သူများလုပ်နေတာနဲ့ မတူတဲ့ဟာတစ်ခုနဲ
့ထိုးထွက်နိုင်အောင်ကြိုးစားဖို့ လည်းလိုအပ်ပါတယ်။
လူတိုင်းလုပ်တဲ့အလုပ်ထဲကနေလုပ်နေမယ်ဆိုရင်လူတိုင်းလုပ်သလိုပဲဖြစ်မှာပါ။
ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ကိုယ့်ရဲ 
့ကြိုးစားမှုနဲ့ လုပ်ရည်ကိုင်ရည်တွေကိုပေါ်ပေါ်တင်တင်ပြနိုင်ဖို့ 
အခွင့်အရေးတွေခဲယဉ်းသွားမှာပါ။
ဥပမာ..ပြောရင် Apple ဟာကမ္ဘာမှာ
compurer စပြီးထုတ်လုပ်တာပါ။ အ၇ည်အသွေးမြင့်ပေမယ့် လူတိုင်းမသုံးနိုင်တာရယ်၊ user
friendly မဖြစ်တာတွေရယ်ကြောင့် Microsoft ကနေပြီးသူ့ ထက်လွယ်ကူ
တဲ့ user friendly ဖြစ်တဲ့ အရည်အချင်းကိုအသုံးချနိုင်တဲ့အတွက်
Apple ဟာတာထွက်ကောင်းပေမယ့် Microsoft လောက် ပန်းဝင်မကောင်းခဲ့တာဖြစ်ပါတယ်။အဲလိုပဲ
Mark Zukerberg ဟာလည်း နဂိုရှိနေပြီးသားZorpia, person, hi5 , mysapce တို
့လို့ ကမ္ဘာကျော် Social network ကြီးတွေနဲ့ မတူညီတဲ့လမ်းသစ်တစ်ခုဖောက်နိုင်ခဲ့လို့ ခုဆိုရင်
facebook ဆိုတာ social network လောကမှာနာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဖြစ်ခဲ့ရပါတယ်။ ဒါတွေဟာမြင်သာတဲ့ဥပမာ
အနေနဲ
့ရေးလိုက်တာဖြစ်ပါတယ်။အခြားသောနယ်ပယ်တွေမှာလည်းဒီလိုမျိုးလမ်းသစ်တွေဖောက်ပြီး
ကိုယ့်အရည်အချင်းတွေပြနိုင်တဲ့
သူတွေအများကြီးပါ။ Thomas Edison တို့ လို ….Steven Hopkin တို့ လို သူတွေအများကြီးပါ။
လူတိုင်းမှာကိုယ်ပိုင်အရည်အချင်းရှိကြပါတယ်။ကိုယ့်အရည်အချင်းကိုကိုယ်တိုင်ထွန်းလင်းအောင်လုပ်ဆောင်ပါ။
ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ဒါဆိုရင်တော့သင့်အရည်အချင်းတွေဟာ
ကိုယ်ပိုင်အလင်းရောင်ပါ။ လ ရဲ့ အလင်းရောင်ကတော့တစ်ဆင့်ခံအလင်းရောင်ပါ။ တစ်ဆင့်ခံအလင်းရောင်ဆိုတာမမြဲပါဘူး။ကိုယ့်အရည်အချင်းနဲ
့ကိုယ်ထွန်းလင်းနိုင်သူများဖြစ်ကြပါစေဗျာ။
No comments:
Post a Comment