Friday, August 24, 2012
Microsoft CHAPv2 protocol hacked !!!
Microsoft ကနေ မနေ့ က VPN တွေနဲ့ wireless Network တွေမှာအသုံးပြုနေတဲ့ windows user တွေရဲ့ 
password တွေဟာ "Man-in-the-Middle" attacking အလုပ်ခံနေရပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ 
Network Security ပိုင်းဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Moxie Marlinspike က Defcon Conference မှာ ခုပြောတဲ့ security advisory ကိုကြေညာခဲ့တာဖြစ်ပါတယ်။ Marlinspike က Defcon talk မှာ Ms-CHAP
v2( Microsoft Challenge Handshake Authentication Protocol Version2 Protocol ) နဲ့ ပတ်သက်ပြီးအခုလိုပြောခဲ့ပါတယ်။ "ဟောင်းနွမ်းနေတဲ့ Protocol တွေဟာလုံခြုံရေးပိုင်းဆိုင်ရာတွေမှာ
တကယ့်စိတ်ချရမှုမရှိဆိုတာကိုပြနေသလိုပါပဲ၊ပိုပြီးသိသာတာကတော့ PPTP VPNs တွေနနဲ့ WPA2
Wireless Network တွေမှာဒီလုံခြုံရေးယိုပေါက်တွေရှိနေတာပါပဲ။" ဆိုပြီးပြောခဲ့ပါတယ်။
Marlinspike က " Chapcrack " ဆိုတဲ့ tools တစ်ခုနဲ့ PPTP MS-CHAPv2 နဲ့ encrypted လုပ်ထားတဲ့
user တွေရဲ့ encrypted datas တွေကိုဖွင့်ဖောက်ပြခဲ့ပါတယ်။
ထုတ်ပြန်ခဲ့ပါတယ်။ " attackers တွေဟာ ဒီ credentials တွေကိုအသုံးပြုပြီး user networks ထဲက
resources တွေ( files,folders, policies,.....) ကို စိတ်ကြိုက်မွှေနှောက်အသုံးပြုနိုင်စေကြောင်း " လည်း
ထပ်လောင်းပြောဆိုခဲ့ပါတယ်။
တွေမှာ built-in အနေနဲ့ ပါဝင်တာဖြစ်ပါတယ်။
Chapcrack ကိုအသုံးပြုမယ်ဆိုရင် attackers ဟာ VPN သို့ Wi-Fi ပေါ်မှာ transmitted လုပ်ထားတဲ့ VPN Packets တွေကို အရင်ဆုံး capture လုပ်ရမှာဖြစ်ပြီး Wi-Fi Hotspot တွေမှာ spoofing လုပ်ပြီး attack လုပ်ပါတယ်။ လေဆိပ်တို့ လို နေရာမျိုးက wi-fi zone တွေမှာလည်း packet sniffing လုပ်ပြီးတော့ ရလာ
တဲ့ encrypted datas တွေကို attacker ဆီမှာ store လုပ်စေပါတယ်။
Microsoft ကတော့ ဒါဟာ security updates ထုတ်စရာမလိုတဲ့ security vulnerability တစ်ခုမဟုတ်
လဲပစ်စေနိုင်တာလေးတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လို့ Microsoft ကတော့ IT Administrators တွေကို PEAP (Protected Extensible Authentication Protocol) ကို user credential လုံခြုံရေးအတွက် VPN မှာထပ်မံဖြည့်စွက်သင့်ကြောင်း
တိုက်တွန်းထားပါတယ်။ PEAP အသုံးပြုမယ့် VPN  Server နဲ့ Client တွေအတွက် လမ်းညွှန်ကို ဒီမှာ ဖတ်
ကြည့်နိုင်ပါတယ်။
Marlinspike ပြောထားတဲ့အတိုင်းပါပဲ windows old version တွေမှာတော့ ( windows 98 to windows xp အထိ) မှာတော့ dictionary based attack နည်းနဲ့ VPN တွေမှာ hacked အလုပ်ခံရဖို့ ကတော့ရာခိုင်
နှုန်းများပါတယ်။
Windows 7 ဟာ Ms-CHAPv2 ကို support လုပ်ပြီး Ms-CHAPv2 ကို Windows Vista, Windows Server 2008 နဲ့ Windows Server 2008 R2 တို့ အထိ support လုပ်ပါတယ်။
Microsoft ကတော့ Marlinspike's Chapcrack ကိုအသုံးပြုပြီးတော့ windows network တွေမှာ ရက်ရက်စက်စက် hacking အလုပ်ခံရတာတော့မရှိသေးပါဘူးလို့ ကြေညာပါတယ်။
ဒီမှာလည်း Ms-CHAPv2 ကို hack လုပ်နိုင်တဲ့ tools တစ်ခုကိုပြပေးထားပါတယ်။နာမည်ကတော့
AsLEAP 2.1 တဲ့ ။
ဒီမှာ ဖတ်ရှုနိုင်ပါတယ်။( IT Administrators များ၊ Network Security Experts များ၊ Network
Administrators များသွားရောက်ဖတ်ရှုနိုင်ပါတယ်။ )
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...