Mouse Click တစ်ချက်နှိပ်ရုံနဲ့ Proxy တွေပြောင်းပြောင်းသွားမယ်ဆိုရင်သင်ယုံမလား ? တကယ်
ကိုလုပ်လို့ ရပါတယ်။ Mozilla Firefox နဲ့ ဆို OK ဗျာ။
firefox web browser ကတော့ကျွန်တော်တို့ အတွက်ကိုတကယ့်ကိုပြည့်စုံကောင်းမွန်တဲ့ browser ဖြစ်ပါတယ်။ ရိုးရိုး user တွေသာမကပဲကျွန်တော်တို့ လို blog ရေးတဲ့သူတွေ
အတွက်လည်းတော်တော့်ကိုပြည့်စုံကောင်းမွန်တယ်လို့ ဆိုရမှာပါ။ အခြားသော web
browser တွေမကောင်းဘူးမဟုတ်ပါ။သူ့ နေရာနဲ့ သူကောင်းကြပါတယ်၊ IE ဆိုရင်လည်း
ကျွန်တော်တို့ ဂျာကြီးဘယ်အဆင့်ပဲရှိရှိ(ဟဲ..ဟဲ...IDM version ဘယ်လောက်ပဲရှိရှိ....ကို
ပြောတာပါ) ခိုင်းလိုက်ရင်ပြာနေတာပဲ၊လုပ်လည်းလုပ်ပေးပါတယ်....download ကိုပြောတာ
နောက် Chrome ဆိုရင်လည်း Browser bootup လုပ်တဲ့အချိန်က mozilla ထက်ကိုပိုမြန်
တယ်။ ဒါပေမဲ့လည်း security ပိုင်းကျပြန်တော့သိပ်အဆင်မပြေဘူးလေ။အများသိကြတဲ့အတိုင်း
chrome ကနေ cloud printing တို့ browers sync လုပ်တဲ့ features တွေပါတော့ ကိုယ့်
browser ကနေ ကိုယ်ဘာတွေလုပ်နေလဲဆိုတာ ကို Google က tracking မလုပ်ဘူးလို့ ဘယ်
သူမှလည်းအာမခံနိုင်ဘူးလေ။ထားလိုက်ပါတော့...ဘယ်ဟာမဆိုကောင်းတာဆိုးတာဆိုတာ
ရှိပါတယ်။ကျွန်တော်ကတော့ firefox လေးပဲသဘောကျတယ်ဗျာ။
ဘာလို့ လဲဆိုတော့ကျွန်တော်တို့ အတွက် zawgyi keyboard နဲ့ zawgyi fonts ဟာ firefox
မှာအဆင်အပြေဆုံး run တဲ့အနေအထားလည်းရှိတယ်ဗျာ။ Tabs များစွာနဲ့ အလုပ်လုပ်နိုင်တယ်
(ဟဲ..ဟဲ...tab အများကြီးဆိုလို့ အကုန်လျှောက်ဖွင့်မကြည့်နဲ့ အုံး..တော်ကြာ mozilla hang
သွားလိမ့်မယ်...အနည်းဆုံးတော့ ၆ ခုလောက်ဖွင့်ပြီးတစ်ပြိုင်နက်သုံးလို့ ရတယ်။) နဂို mozilla
မှာ browser startup ကြာတယ်။ လေးတယ်ဆိုတာ ရှိပါတယ်။သို့ သော်ကျွန်တော်တို့ ကအဲဒါ
ကိုမကြိုက်ဖူးပြင်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကြိုက် browser setting ကိုကိုယ်တိုင်ပြင်ပိုင်ခွင့်ရှိ
ပါတယ်။ developer mode ကိုဖွင့်ထားပေးပါတယ်။ အဲဒီမှာပြင်လို့ ရှိရင်ခုနကပြောတဲ့ browser
ဖွင့်ရင်ကြာတို့ လေးတာတို့ ကိုမရှိတော့ဘူး။ကိုယ်တိုင်ပြင်ခွင့်ရှိတဲ့ Open Source လေ...ဒီတော့
ကိုယ့်စိတ်ကြိုက် setting တွေကိုစမ်းသပ်ပြီးကလိနိုင်တယ်။ Browers crash ဖြစ်သွားရင်ကော...
ဟဲ...ဟဲ...re-install လုပ်ပြီး install ပြန်လုပ်မှာပေါ့ ..........
နောက်ထပ်တစ်ခုကတော့ Add-on တွေများစွာရနိုင်တဲ့ browser ဖြစ်လို့ ပါပဲ။ IDM မလိုပဲနဲ့ 
add-on တွေနဲ့ video site တွေက ဖွင့်ထားတဲ့ video တွေဒေါင်းလို့ ရသလို အခြားသော add-ons
တွေနဲ့ ကိုယ့် browser ကို themes တွေထည့်လိုက် plugin တွေ ကိုထည့်လိုက်နဲ့ လုပ်လို့ ရပါ
တယ်။ တစ်ခုပဲသတိထားရမှာကကိုယ်သုံးမယ့် add-ons လောက်ပဲ ကိုယ့် browser မှာထည့်ထား
ပေါ့ဗျာ။ မဟုတ်ရင်တော့ browser လေးတတ်ပါတယ်။ကဲ...ခုကျွန်တော်ပြောချင်တာကတော့
အင်းတာနက်လိုင်း နှစ်လိုင်းအသုံးပြုကြတဲ့တစ်ချို့ ရုံးတွေမှာ အင်တာနက်လိုင်းနှစ်လိုင်းကိုအလွယ်
တကူ switching လုပ်နိုင်တဲ့ add-on လေးအကြောင်းပါ။
ဒီတော့ကျွန်တော်တို့ စက်ထဲက Mozilla firefox ကိုဖွင့်လိုက်ပါ။ပြီးရင် Tools menu ထဲက Add-on
ဆိုတာနဲ့ Add-on Manager ထဲရောက်သွားပါမယ်။
ဒီနေရာမှာ ကျွန်တော်တို့ က Plugins ဆိုတာလေးကိုနှိပ်ထားရင် ကိုယ့် browser ထဲက plug-in ဆိုတာလေးပေါ်နေပါလိမ့်မယ်။ကျွန်တော်တို့ က Plugin အသစ်တွေကိုလိုချင်ရင်တော့အပေါ်ဆုံးက
Get Add-ons ဆိုတာလေးကိုနှိပ်လိုက်ရင်
ခုကျွန်တော်တို့ က အင်တာနက်လိုင်းနှစ်လိုင်းကို Proxy Switch လုပ်သုံးမှာပါ။( ဥပမာ..ကျွန်တော်တို့ ဆီ
မှာ MPT တစ်လိုင်း၊Red-link တစ်လိုင်းဆိုပါစို့ .....MPT ကို 192.168.0.100 proxy ထည့်ထားမယ်ဗျာ..
Redlink ကိုတော့ရိုးရိုး DHCP ပဲထားလိုက်မယ်( DHCP ဆိုတာက server (သို့ ) Router ကနေ ipအလို
အလျောက် ချပေးတာဖြစ်ပါတယ်။ ) အဲဒါဆိုရင် ကျွန်တော်တို့ network ထဲက setting ကိုသိပြီဆိုတော့
ထည့်ရမယ့် Add-on လေးက Elite Proxy Switcher ဆိုတာလေးဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ 
ကအပေါ်ကပုံရဲ့ ညာဘက်အပေါ်ဆုံးနားလေးမှာ search add-on ဆိုပြီးမှန်ဘီလူးလေးထဲမှာ
Elite Proxy Switcher ဆိုပြီးထည့်လိုက်ရင်သူ က install လုပ်မလားဆိုပြီး pop-up လေးနဲ့ မေးရင်
allow ပေါ့။ပြီးရင် install လုပ်သွားလိမ့်မယ။်ပြီးရင်တော့ Mozilla ကို reset ချလိုက်မယ်ဗျာ။
(ပိတ်ပြီးပြန်ဖွင့်တာပါ) ပြန်ပွင့်လာလို့ Add-on Manager မှာ
ကျွန်တော်တို့ က Extension ကိုသွားကြည့်ရင်ဒီလိုလေးပေါ်နေပါလိမ့်မယ်။ ကိုယ်ထည့်ထားတဲ့ add-on list ကိုအဲဒီမှာကြည့်လို့ ရပြီးကျွန်တော်တို့ ထည့်ထားတဲ့ Elite Proxy Switcher လေးပေါ်နေပါမယ်။ဒါဆိုရင်
ပထမအဆင့်ပြီးသွားပါပြီ။ဒါဆို နောက်တစ်ဆင့်က Mozilla ရဲ့ network setting ကိုသွားပါမယ်။ Tools menu ထဲက Option ကနေ networking setting ထဲကိုဝင်ပါ။ပုံလေးကိုကြည့်ပြီးဝင်ရင်အဲလိုဝင်လို့ ရပါ
မယ်။
အဲဒီက Network configuration setting ထဲမှာ manual proxy configuration မှာ ကျွန်တော်တို့ က
Proxy ခံသုံးထားတဲ့ 192.168.0.100 (mpt) ကိုထည့်ထားပါတယ်။ခုရွေးထားတာက no proxy (red
link) ဖြစ်ပါတယ်။ ဆိုလိုတာက default ကို red-link ရွေးထားတဲ့သဘောပေါ့ဗျာ။ပြီးရင် Add-on ထဲက
Elite Proxy Switcher လေးကိုနှိပ်လိုက်ရင် ဒီလို ပေါ်နေလိမ့်မယ်။
ကဲ...ကျွန်တော်တို့ Firefox နဲ့ အင်တာနက်သုံးပါပြီ။ ကျွန်တော်တို့ web page တစ်ခုကိုဖွင့်ထားရင် webpage ရဲ့ ညာဘက်အောက်ဆုံးနားလေးမှာ ဒီလိုလေးပေါ်နေပါမယ်။
ဒါကတော့ကျွန်တော်တို့ red link line နဲ့ သုံးနေတာဖြစ်ပါတယ်။ သူက DHCP -No Proxy ဆိုတော့ Direct Connection ဆိုပြီးပေါ်မှာပါ။ ကဲ..သုံးနေတဲ့ red link ကလိုင်းကျသွားရင် ကျွန်တော်တို့ ကပုံ
ထဲမှမြှားပြထားတဲ့နေရာလေးကို click လုပ်လိုက်ရင် ဒီလိုလေးဖြစ်သွားမှာပါ။
ကျွန်တော်တို့ network မှာ MPT ကို proxy အနေနဲ့ သုံးထားတာဖြစ်တဲ့အတွက်အထက်ကလိုမျိုး ကိုယ့်
proxy server ip နဲ့ အင်တာနက်ကိုသုံးနိုင်ပြီဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Proxy ပြောင်းသုံးတာကို
click လေးတစ်ချက်နှိပ်ပြီးအလွယ်တကူပြောင်းနိုင်သုံးနိုင်ပြီဖြစ်ပါတယ်။ ကဲ...ဘယ်လောက်ဟန်ကျသလဲ
ဗျာ။.
လိုအပ်ချက်များ
အင်တာနက်လိုင်း နှစ်လိုင်း ရှိသော network ဖြစ်ရပါမယ်။
Mozilla Firefox 14.1 နှင့်အထက်( ခုဆိုရင် version 15 တောင်ထွက်ပါပြီ) ဆိုရင်အကောင်းဆုံး performance ရပါမည်။ old versions တွေနဲ့ လည်းသုံးလို့ ရပါတယ်။
တကယ်လို့ Proxy နဲ့ ပတ်သက်ပြီးထည့်လို့ အဆင်မပြေရင်တော့ရုံးက IT တစ်ယောက်ယောက်နဲ့ 
ပူးပေါင်းလုပ်ဆောင်ရင်ပိုအဆင်ပြေပါလိမ့်မယ်။
နောက်တစ်ခုက...ကျွန်တော်ကဒီလိုလုပ်လို့ ၇တယ်ဆိုတဲ့နည်းလမ်းလေးတစ်ခုကိုတင်ပေးလိုက်တာ
သာဖြစ်ပါတယ်။ ဘယ်အရာမဆိုကောင်းတာရှိသလို အားနည်းချက်ဆိုတာလည်းရှိမှာပါ။ ဒီဟာလေး
ကို proxy change တာမြန်မြန်လုပ်နိုင်စေဖို့ အတွက်ရည်ရွယ်ပြီးရေးလိုက်တာဖြစ်ပါတယ်။သို့ သော်
လည်းလိုင်းကျနေလို့ တစ်နေတည်းမှာအခေါက်ပေါင်းများစွာ switch လုပ်ပြီး browser ကြောင်သွား
တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့်အသိသတိနဲ့ ယှဉ်ပြီးစမ်းသပ်အသုံးပြုစေလိုပါကြောင့်
ရေးသားလိုက်ရပါတယ်။
ကဲ....စမ်းသပ်ပြီးအဆင်ပြေနိုင်ပါစေဗျာ။အားလုံးပဲ IT ဗဟုသုတတွေတိုးပွားနိုင်ဖို့ အတွက်ကျွန်တော်သိတာ
လေးကို ပြန် share လိုက်ပါတယ်ဗျာ။

![]() |
| ဒါက Add-on Manager ပေါ်လာပုံ |
ဒီနေရာမှာ ကျွန်တော်တို့ က Plugins ဆိုတာလေးကိုနှိပ်ထားရင် ကိုယ့် browser ထဲက plug-in ဆိုတာလေးပေါ်နေပါလိမ့်မယ်။ကျွန်တော်တို့ က Plugin အသစ်တွေကိုလိုချင်ရင်တော့အပေါ်ဆုံးက
Get Add-ons ဆိုတာလေးကိုနှိပ်လိုက်ရင်
![]() |
| ဒါကတော့ Get-Add-on ပါ.. |
ခုကျွန်တော်တို့ က အင်တာနက်လိုင်းနှစ်လိုင်းကို Proxy Switch လုပ်သုံးမှာပါ။( ဥပမာ..ကျွန်တော်တို့ ဆီ
မှာ MPT တစ်လိုင်း၊Red-link တစ်လိုင်းဆိုပါစို့ .....MPT ကို 192.168.0.100 proxy ထည့်ထားမယ်ဗျာ..
Redlink ကိုတော့ရိုးရိုး DHCP ပဲထားလိုက်မယ်( DHCP ဆိုတာက server (သို့ ) Router ကနေ ipအလို
အလျောက် ချပေးတာဖြစ်ပါတယ်။ ) အဲဒါဆိုရင် ကျွန်တော်တို့ network ထဲက setting ကိုသိပြီဆိုတော့
ထည့်ရမယ့် Add-on လေးက Elite Proxy Switcher ဆိုတာလေးဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ 
ကအပေါ်ကပုံရဲ့ ညာဘက်အပေါ်ဆုံးနားလေးမှာ search add-on ဆိုပြီးမှန်ဘီလူးလေးထဲမှာ
Elite Proxy Switcher ဆိုပြီးထည့်လိုက်ရင်သူ က install လုပ်မလားဆိုပြီး pop-up လေးနဲ့ မေးရင်
allow ပေါ့။ပြီးရင် install လုပ်သွားလိမ့်မယ။်ပြီးရင်တော့ Mozilla ကို reset ချလိုက်မယ်ဗျာ။
(ပိတ်ပြီးပြန်ဖွင့်တာပါ) ပြန်ပွင့်လာလို့ Add-on Manager မှာ
ကျွန်တော်တို့ က Extension ကိုသွားကြည့်ရင်ဒီလိုလေးပေါ်နေပါလိမ့်မယ်။ ကိုယ်ထည့်ထားတဲ့ add-on list ကိုအဲဒီမှာကြည့်လို့ ရပြီးကျွန်တော်တို့ ထည့်ထားတဲ့ Elite Proxy Switcher လေးပေါ်နေပါမယ်။ဒါဆိုရင်
ပထမအဆင့်ပြီးသွားပါပြီ။ဒါဆို နောက်တစ်ဆင့်က Mozilla ရဲ့ network setting ကိုသွားပါမယ်။ Tools menu ထဲက Option ကနေ networking setting ထဲကိုဝင်ပါ။ပုံလေးကိုကြည့်ပြီးဝင်ရင်အဲလိုဝင်လို့ ရပါ
မယ်။
အဲဒီက Network configuration setting ထဲမှာ manual proxy configuration မှာ ကျွန်တော်တို့ က
Proxy ခံသုံးထားတဲ့ 192.168.0.100 (mpt) ကိုထည့်ထားပါတယ်။ခုရွေးထားတာက no proxy (red
link) ဖြစ်ပါတယ်။ ဆိုလိုတာက default ကို red-link ရွေးထားတဲ့သဘောပေါ့ဗျာ။ပြီးရင် Add-on ထဲက
Elite Proxy Switcher လေးကိုနှိပ်လိုက်ရင် ဒီလို ပေါ်နေလိမ့်မယ်။
![]() |
| အဲဒီမှာ ဒီလိုလေးပေါ်နေရင် setting မှန်နေပါပြီ။ |
ကဲ...ကျွန်တော်တို့ Firefox နဲ့ အင်တာနက်သုံးပါပြီ။ ကျွန်တော်တို့ web page တစ်ခုကိုဖွင့်ထားရင် webpage ရဲ့ ညာဘက်အောက်ဆုံးနားလေးမှာ ဒီလိုလေးပေါ်နေပါမယ်။
![]() |
| ဒါကတော့ Red link လိုင်းနဲ့ သုံးနေတာဖြစ်ပါတယ် |
ဒါကတော့ကျွန်တော်တို့ red link line နဲ့ သုံးနေတာဖြစ်ပါတယ်။ သူက DHCP -No Proxy ဆိုတော့ Direct Connection ဆိုပြီးပေါ်မှာပါ။ ကဲ..သုံးနေတဲ့ red link ကလိုင်းကျသွားရင် ကျွန်တော်တို့ ကပုံ
ထဲမှမြှားပြထားတဲ့နေရာလေးကို click လုပ်လိုက်ရင် ဒီလိုလေးဖြစ်သွားမှာပါ။
ကျွန်တော်တို့ network မှာ MPT ကို proxy အနေနဲ့ သုံးထားတာဖြစ်တဲ့အတွက်အထက်ကလိုမျိုး ကိုယ့်
proxy server ip နဲ့ အင်တာနက်ကိုသုံးနိုင်ပြီဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Proxy ပြောင်းသုံးတာကို
click လေးတစ်ချက်နှိပ်ပြီးအလွယ်တကူပြောင်းနိုင်သုံးနိုင်ပြီဖြစ်ပါတယ်။ ကဲ...ဘယ်လောက်ဟန်ကျသလဲ
ဗျာ။.
လိုအပ်ချက်များ
အင်တာနက်လိုင်း နှစ်လိုင်း ရှိသော network ဖြစ်ရပါမယ်။
Mozilla Firefox 14.1 နှင့်အထက်( ခုဆိုရင် version 15 တောင်ထွက်ပါပြီ) ဆိုရင်အကောင်းဆုံး performance ရပါမည်။ old versions တွေနဲ့ လည်းသုံးလို့ ရပါတယ်။
တကယ်လို့ Proxy နဲ့ ပတ်သက်ပြီးထည့်လို့ အဆင်မပြေရင်တော့ရုံးက IT တစ်ယောက်ယောက်နဲ့ 
ပူးပေါင်းလုပ်ဆောင်ရင်ပိုအဆင်ပြေပါလိမ့်မယ်။
နောက်တစ်ခုက...ကျွန်တော်ကဒီလိုလုပ်လို့ ၇တယ်ဆိုတဲ့နည်းလမ်းလေးတစ်ခုကိုတင်ပေးလိုက်တာ
သာဖြစ်ပါတယ်။ ဘယ်အရာမဆိုကောင်းတာရှိသလို အားနည်းချက်ဆိုတာလည်းရှိမှာပါ။ ဒီဟာလေး
ကို proxy change တာမြန်မြန်လုပ်နိုင်စေဖို့ အတွက်ရည်ရွယ်ပြီးရေးလိုက်တာဖြစ်ပါတယ်။သို့ သော်
လည်းလိုင်းကျနေလို့ တစ်နေတည်းမှာအခေါက်ပေါင်းများစွာ switch လုပ်ပြီး browser ကြောင်သွား
တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့်အသိသတိနဲ့ ယှဉ်ပြီးစမ်းသပ်အသုံးပြုစေလိုပါကြောင့်
ရေးသားလိုက်ရပါတယ်။
ကဲ....စမ်းသပ်ပြီးအဆင်ပြေနိုင်ပါစေဗျာ။အားလုံးပဲ IT ဗဟုသုတတွေတိုးပွားနိုင်ဖို့ အတွက်ကျွန်တော်သိတာ
လေးကို ပြန် share လိုက်ပါတယ်ဗျာ။

No comments:
Post a Comment