Friday, August 31, 2012
Android apk တွေကို PC ပေါ်မှာ run နိုင်ဖို့ .....
ခုခေတ်မှာတော့ Android Device တော်တော်များများကိုလူတွေသုံးလာကြပါပြီ။အဲလိုပဲ Android Application တွေဟာလည်းလွယ်လွယ်ကူကူနဲ့ ရယူလာနိုင်ပြီဖြစ်ပါတယ်။ Android မှာ *.apk
( application package ) ဖိုင်တွေဟာ installer file တွေဖြစ်ပါတယ်။ Software & Apps တွေကို
*.apk နဲ့  Software Supplier တွေကထုတ်လုပ်သလို အဲဒီ apk file တွေဟာလည်း Android
Platform Devices တွေမှာ run ပါတယ်။
ကျွန်တော်တို့ က android application - apk တွေကို Computer နဲ့ Internet ကနေ download
လုပ်ကြရပါတယ်။ download လုပ်ပြီးသား file တွေကို ကိုယ့်စက်ထဲမှာ စမ်းပြီး run ချင်တယ်ဗျာ။
test run သုံးကြည့်ပြီးအဆင်ပြေမှ ကိုယ့် ဖုန်း ထဲထည့်မယ်။ဒါပေမယ့် computer က apk file
တယ်။ သိတဲ့အတိုင်းပဲ Android phone တွေမှာက screen size ကအကြီးဆုံးမှ ၄ လက်မကျော်
ကျော်နဲ့ tablet pc ဆိုရင်လည်း ၁၀ လက်မသာသာလောက်နဲ့ အထက်ဆိုတော့ဗျာ......screen
ဒီထက်ပိုကြီးကြီးကြည့်ပြီးကစားချင်ရင်.......ကျွန်တော်တို့ ခုစမ်းသပ်မယ့် Bluestacks ကအဆင်ပြေစေ
မှာပါ။
software ကို ဒီမှာ download ရယူပါ။ ပြီးလို့ installation လုပ်မယ်ဆိုရင်တော့ သူက online နဲ့ ချိတ်
ပြီး app store နဲ့ notifiy တွေကို install လုပ်ပါမယ်။အချိန်ကတော့နည်းနည်းကြာမှာဖြစ်သလို
connection ကောင်းရင်တော့မြန်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ တွေသုံးလို့ ရပါပြီ။ တကယ်လို့ 
ကျွန်တော်တို့ အသုံးပြုချင်တဲ့ Application apk တွေက စက်ထဲမှာ ရှိပြီးသားဆိုရင်အဲဒီ apk ကို
double click လုပ်ပြီးတော့ bluestack ထဲထည့်ပြီးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
အဲဒီထဲမှာ menus လေးတွေရှိပြီး games ဆိုရင်တော့ installed လုပ်ထားတဲ့ games တွေကိုတွေ့ ရပါလိမ့်
မယ်။ အဲဒီထဲကနေ Angry Bird ကိုစမ်းကြည့်မယ်ဆိုရင်ဒီလိုလေးပေါ်လာပြီးကစားလို့ ရပါလိမ့်မယ်။
Angry Brid Game loading
ကဲ...ဘော်ဒါတို့ တွေလည်းစမ်းကြည့်ကြပါအုံး။
သတိပြုရမှာကတော့
သလို Memory ဆိုရင်အနည်းဆုံး DDR2 2 GB, (သို့ ) DDR 3 2 GB လောက်ပေါ့။နောက်အရေးကြီးတာ
တစ်ခုကတော့ Internet line ကောင်းဖို့ တော့လိုတာပေါ့ဗျာ...မဟုတ်ရင်လည်း beta version နဲ့ စမ်းကြည့်လို့ ပါသေးတယ်။ Beta ကနည်းနည်းပေါ့ပေါ့ပါးပါးနဲ့ စမ်းကြည့်လို့ ကောင်းပါလိမ့်မယ်။
beta ကိုလိုချင်ရင်တော့ ဒီမှာ ဒေါင်းနိုင်ပါတယ်။ 
IT ဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။
2 comments:
Unknown said...
ဟဲဟဲ လိုချင်နေတာနဲ့  အတော်ပဲ.
ိကျေးဇူးပါဗျာ.
Chikara Hikaru said...
Bluestacks ကြမ်းတာ 9 လောက်ရှိတယ်။ အနည်းဆုံး memory 2GB လောက်ရှိရတယ်။ ကျွှန်တော့် i3, Mem 2GB, Graphic 512MB မှာတောင်ထစ်ချင်ချင်ဖြစ်နေတယ်။
ဒါပေမယ့်မဆိုးပါဘူး။ မိုက်တယ်။ :D
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...