ခုနောက်ပိုင်း touch phone လေးတွေအသုံးများလာတဲ့အမျှဒါလေးက ဘော်ဒါတို့ အတွက်အသုံးဝင်နိုင်မယ်
ထင်လို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ တွေ touch ဖုန်းတွေဝယ်ရင် touch screen အပေါ်ကနေ
cover လေးတွေကပ်ထားလေ့ရှိပါတယ်။ touch ဖုန်းဆိုတာကလည်းလက်နဲ့ ထိပြီးအသုံးပြုရတဲ့အတွက်
ကြာလာရင် အဲဒီ cover လေးပေါ်မှာအညှိလေးတွေ။အစင်းကြောင်းလေးတွေနဲ့ တစ်ချို့ ဆိုရင် cover ပေါ်
ကချေးညှော်လေးတွေပါကပ်လာလေ့ရှိပါတယ်။
လက်နဲ့ ဖယ်ထုတ်ရင်ရပေမယ့်အကုန်အစင်ပြောင်လက်မသွားပါဖူး။ ဒီတော့ဒါလေးကိုဖြေရှင်းချင်တယ်ဆို
ရင်တော့ မျက်မှန်တွေသုတ်ရင်သုံးတဲ့အ၀တ်စနုနုလေးရယ်နဲ့ အရက်ပြန်(သို့ )ပေါင်းခံထားတဲ့ရေအနည်း
ငယ်လိုပါတယ်။ ဒါထက် Monitor Cleaning Kit ဆိုရင်ပိုအဆင်ပြေပါတယ်၊(ဆိပ်ကမ်းသာလမ်းမှာဝယ်
လို့ ရပါတယ်။) ကဲ....အဲဒီလေးတွေရပြီဆိုရင်လုပ်ငန်းစကြစို့ ဗျာ....
![]()  | 
| အပြာနုရောင်ပုံစံအ၀တ်စနုနုလေး(မျက်မှန်အိမ်(သို့ )LCD cleaning kit မှာပါတတ်ပါတယ်။ | 
အ၀တ်စမှာစိုရုံစွတ်ပါ။ LCD cleaning kit နဲ့ ဆိုရင်တော့ ဘူးထဲကအရည်ကို သာ အ၀တ်စမှာစွတ်ပေးပါ။
(တစ်ခုသတိထားရမှာက အ၀တ်မှာရေစွတ်ရုံလောက်သာစွတ်ပေးပါ။ )
ပြီးရင်တော့ ဖုန်းရဲ့ touch screen ကိုသန့် စင်အောင်ပွတ်သပ်ပြီးအညှိလေးတွေကိုဖယ်ရှားပေးပါ။
ကဲ...မျက်နှာပြင်အနှံ့ ကိုပွတ်လိုက်ပါ။ ပြီး၇င်ကိုယ့်ဖုန်းလေးကပြောင်ပြောင်လက်လက်နဲ့ အရောင်ထွက်
လာတာကိုတွေ့ ရပါမယ်။ ဒီနည်းလမ်းက touch ဖုန်းတွေသာမက၊ LCD Monitor တွေ၊ Laptop Screen
တွေကိုလည်းလုပ်ဆောင်နိုင်ပါတယ်။အကောင်းဆုံးကတော့ LCD cleaning kit နဲ့ ပြုလုပ်တာအကောင်း
ဆုံးဖြစ်မှာပါ။ တကယ်လို့ ဝယ်လို့ အဆင်မပြေရင်လည်း ပေါင်းခံရေ( သို့ )အရက်ပြန်အနည်းငယ်ကိုအစား
ထိုးအသုံးပြုနိုင်ပါတယ်။ အဲလို screen cleaning လုပ်နေချိန်အတွင်းမှာတော့ Power ကိုပိတ်ထားဖို့ လည်း
မမေ့ပါနဲ့ နော်။
ကဲ...အားလုံးပဲအဆင်ပြေကြပါစေဗျာ။




No comments:
Post a Comment