ကြုံတွေ့ ရတဲ့ဟာသလေးဖြစ်ပါတယ်။......
ကျွန်တော်နှင့် MMDC
ကျွန်တော်တို့ ရုံးက လမ်း ၅၀ နားမှာဖြစ်ပါတယ်။တစ်ရက်တော့အဲဒီနားမှာအင်္ကျီအပြာနဲ့ 
မိန်းကလေးတစ်ယောက်...ရင်ဘတ်မှာ MMDC ဆိုတဲ့တံဆိပ်အ၀ိုင်းလေးနဲ့ ဆိုတော့
MRTV-4 က Myanmar Media Development Center (MMDC) ဆိုတာကိုသွားမြင်
ရော....ဒါပေမဲ့သူ့ ပုံကြည့်ရတာလည်း ခပ်နွမ်းနွမ်းပါးပါးနဲ့ ဆိုတော့မသင်္ကာဖြစ်လာကော....
ဒါနဲ့ သူ့ အင်္ကျီနောက်ကျောမှာ MMDC ကိုဖွင့်ဆိုထားတာကတော့
Myaung Mya Daw Cho (MMDC ) ပါတဲ့...ခင်ဗျား......ကိုယ်ကတွေးလိုက်တာဟိုလို....
နောက်တော့ဒီလိုဖြစ်သွားတာကိုး.........
( မှတ်ချက်။ ။ လမ်း၅၀ အပေါ်လမ်းကားမှတ်တိုင်အနီး ဟိန္ဒူဘုရားကျောင်းအနီးလမ်း
ထဲတွင် MMDC ရှိပါသည်။မယုံသူများသွားရောက်လေ့လာကြပါကုန်၊ )
ကျွန်တော်နှင့် ဓာတ်လှေကား connection
ကျွန်တော်တို့ ရုံးက ၈ လွှာမှာဖြစ်ပါတယ်။ ဓာတ်လှေကားနဲ့ အတက်အဆင်းပြုရပါတယ်။တစ်ရက်တော့
ရုံးက၀န်ထမ်းတစ်ယောက်နဲ့ ကျွန်တော်နဲ့ ဓာတ်လှေကားအတူဆင်းကြရော။ဓာတ်လှေကားထဲရောက်တော့
ဘာရယ်မဟုတ်ပါဖူး။ကျွန်တော့်ဖုန်းကိုကြည့်လိုက်တော့ ကျွန်တော့်ဖုန်းက signal တစ်တုံးကျသွားတာနဲ့ ..
"ဟာ...signal တစ်တုံးကျသွားတယ်" လည်းပြောလိုက်တော့သူကလည်းသူ့ ဖုန်းကိုကြည့်လိုက်တယ်....
"အစ်ကိုကသာ signal တစ်တုံးပဲကျတာ..ကျွန်တော်ကဘာမှမရတော့ဘူးတဲ့" သူ့ ဖုန်းက HTC အမျိုးအစား
ဖြစ်ပါတယ်။ကျွန်တော်က Huawei C8650 ဖြစ်ပါတယ်။
(မယုံသူများလာရောက်လေ့လာနိုင်ပါကြောင်း......)

No comments:
Post a Comment