စက်တင်ဘာ ၁၂ ရက်နေ့ ထွက်မယ်လို့ သတင်းထောက်တွေကိုကြေညာလိုက်ပြီဖြစ်ပါတယ်။ San
Fransisco က Yerba Buena Center မှာပဲ မနက် ၁၀ နာရီမှာ Product launch လုပ်မယ့်အကြောင်း
ကို သတင်းထောက်တွေကိုဖိတ်ကြားခဲ့ပါတယ်။
july 30 တုန်းက imore ကခန့် မှန်းထားတဲ့ Apple ရဲ့ six-generation ဖြစ်တဲ့ iphone 5 ကို စက်တင်
ဘာ ၁၂ ရက်နေ့ မှာ ပွဲထုတ်မယ်လို့ Apple ကအတည်ပြုလိုက်ပါပြီ။ အဲလိုပဲ Verizon wireless ကလည်း
အဲဒီနေ့ မှာထုတ်မယ်လို့  ဟောကိန်းထုတ်ထားခဲ့ပါသေးတယ်။ ဆိုင်တွေကနေဖြန့် မယ့်နေ့ ကတော့
ကိုးရက်လောက်ခွာပြီး စက်တင်ဘာ ၂၁ ရက်နေ့ မှာဖြန့် မှာပါ။
အဲဒီနေ့  မှာဖြန့် မယ် iphone 5 ရဲ့ product innovation ဒီဇိုင်းကိုက 12 မှာ 5 shadow ခံထားတဲ့ပုံနဲ့ 
ဖြစ်ပြီးအဲဒီပုံကိုလည်း ဖော်ပြလိုက်ပါတယ်။
ကဲ.....တရားဝင်ထွက်တော့မယ့် iphone 5 အကြောင်းလေးကို နည်းနည်းဖောက်သည်ချလိုက်ပါတယ်။
iphone ချစ်သူတွေလည်း iphone 5 မှာဘယ်လို function အသစ်တွေပါမလဲဆိုတာသိပ်မဝေးတော့တဲ့
အချိန်တစ်ခုအတွင်းမှာတစ်ကယ်သိရတော့မှာပါ။ စိတ်ကူးနဲ့ မှန်းပြီးပုံဖော်နေကြသူတွေအတွက်လည်း
တကယ်ထွက်လာတဲ့ iphone 5 ရဲ့ features တွေနဲ့ ကိုယ်မှန်းဆထားတဲ့ပုံနဲ့ features တွေကိုအဖြေ
မှန်ထုတ်ဖို့ သိပ်မလိုတော့ပါဘူး။ဒီတစ်ခါတော့ဘယ်လိုအံ့သြအောင်လုပ်မလဲဆိုတာတော့စောင့်ကြည့်
ကြပါအုံးစို့ ဗျာ။
No comments:
Post a Comment