ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Oracle က java update ကိုထုတ်ပေးခဲ့ပေမယ့်ခုအခါမှာတော့ Microsoft နဲ့ 
Amazon ကနေ email တွေပို့ သယောင်ယောင်နဲ့ ထပ်မံ hacking လုပ်နိုင်တဲ့နည်းတွေရှိသေးကြောင်း
သိရပါတယ်။ the SANS Institute's Internal Storm Center (ICS) and security
ကသုတေသီတွေဟာ ဒါကို ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ ရှိခဲ့တာဖြစ်ပါတယ်။
ICS က "Important Changes to Microsoft Services Agreement and Communication Preferences" ဆိုတဲ့အကြောင်းအရာနဲ့ Microsoft အယောင်ဆောင်ပြီး mail တွေပို့ ခဲ့ကြောင်း
ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီ mail တွေထဲမှာ virus ပါတဲ့ Hyerlink တွေထည့်ထားကြောင်းလည်း
သိရပါတယ်။အဲဒါကိုမူရင်းဖတ်ချင်ရင်တော့ ဒီမှာ ပါ။
တစ်ချိန်တည်းမှာပဲ hacker တွေဟာ နာမည်ကြီး online store တစ်ခုဖြစ်တဲ့ Amazon ယောင်
ဆောင်ပြီးတော့ Amazon Order mail အတုတွေနဲ့ user တွေဆီကို personal data တွေ၊
financial data တွေရယူဖို့ ရည်ရွယ်တဲ့ malicious link တွေပါတဲ့ email အတုတွေပို့ ခဲ့ပါတယ်။
mail subject မှာ "You Order With Amazon.com," လို့ ဖော်ပြထားပြီး email ထဲမှာပါတဲ့
link တွေကိုနှိပ်ဖို့ တိုက်တွန်းထားပြီးအဲဒီ link တွေကိုဖွင့်မိရင်တော့ hacker တွေထောင်ထားတဲ့
Blackhole exploit kit hacking tool ဆီကိုရောက်စေဖို့ လုပ်ထားပါတယ်။Amazon အယောင်
ဆောင် Email အကြောင်းရှင်းပြထားတဲ့မူရင်းကိုဖတ်ချင်ရင် ဒီမှာ ပါ။
Oracle ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်အတွင်းက security update ကိုထုတ်ခဲ့ပေမယ့်လည်း အဲဒီ
update ဟာ security hole ကိုအပြည့်အ၀မကာကွယ်နိုင်သေးပါဘူး။ ပိုလန်က firm Security Explorations အဖွဲ့ ကတော့ အဲဒီ security update မှာ bug တွေပါဝင်ပြီး Hacker တွေကို
ကျော်ခွပြီး exploit လုပ်နိုင်စေတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ ဟာ Oracle ကို ဒီအကြောင်းတွေ
report လုပ်ခဲ့ပါတယ်။
Oracle ရဲ့ လေးလတစ်ကြိမ် update လုပ်တဲ့ work flow အရ ခုလာမယ့် အောက်တိုဘာ ၁၆ ရက်
လောက်မှာတော့ update အသစ်ထပ်မံထွက်ပေါ်လာဖွယ်ရှိပါတယ်။ PCmag website ကတော့
အရင်က security သုတေသီတွေအကြံပေးထားတဲ့အတိုင်း java plug-in တွေကို disable လုပ်ထား
ပါလို့ ထပ်မံတိုက်တွန်းထားပါတယ်။
ဒီနှစ်အစောပိုင်းက Flashback Trojan တစ်မျိုးဟာ Mac Computer ပေါင်း ၅ သိန်း၅သောင်းနီးပါးကို
တိုက်ခိုက်ခဲ့ပြီး java ရဲ့ security hole ကနေတစ်ဆင့်အဲဒီ trojan ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ
Trojan ဟာ hidden download အနေနဲ့ Mac Computer တွေမှာဝင်ပြီး system ပိုင်းကိုအနှောင့်
အယှက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

No comments:
Post a Comment