Thursday, September 13, 2012
Huawei C8650 က Gingerbread (Android 2.3.3) upgrade !!!!!!
ကျွန်တော့်ဖုန်းက CDMA 800 ဖြစ်ပြီး handset ကတော့ Huawei C8650 ဖြစ်ပါတယ်။ ဖုန်းအသုံးပြုရတာ
ထဲမှာတော့ Android 2.3 ( Gingerbread ) ဖြစ်ပါတယ်။ version ကတော့ C8650V100R001C92B8
60 ဖြစ်ပါတယ်။ကျွန်တော်ကတော့အင်တာနက်ကနေ update ရှာကြည့်တာ C8650V100R001C92B8
79 ကိုတွေ့ လို့ update လုပ်လိုက်ပါတယ်။ ဖုန်းလည်း Boot တက်လာကော...The smurf's village တို့ 
where is my water တို့ ကစားလို့ ရသွားကော.......
ကျွန်တော်ကလည်း ကြားဖူးထားတာက C8650 ကို root လုပ်ရင် Display Driver Error တက်ပြီးအဖြူ
ကွက်ကြီးပဲပေါ်တယ်ဆိုတာကြားဖူးထားတော့ root ကိုမစမ်းရဲသေးဘူး။ ဒါပေမဲ့ကျွန်တော့်အတွက်ဒီနည်း
နဲ့ ကျွန်တော်အသုံးပြုချင်တဲ့ apps တွေသုံးလို့ ရနိုင်တယ်ဆိုတာကို phone tips & tricks တစ်ခုအနေနဲ့ 
တင်လိုက်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးရေးထားတာပါ။
ကျွန်တော်ရေးထားကတော့ C8650 ( ChinaTelecom ) နဲ့ လာတဲ့ Huawei ဖုန်းများအတွက်ဖြစ်ပါတယ်။
အခြားသော unofficial ROM များဖြင့်စမ်းလို့ ဖုန်းမှာတစ်စုံတစ်ခု ဖြစ်ရင်တော့ မိမိတာဝန်သာဖြစ်ပါတယ်။
ကျွန်တော်ကတော့ကျွန်တော်စမ်းထားတဲ့ stable ဖြစ်ပြီးထူးခြားတဲ့ features လေးတွေအသုံးပြုလို့ ၇တာ
ကိုတင်ပြခြင်းဖြစ်ပါတယ်။
Update ပြုလုပ်နည်း
မိမိဖုန်းထဲက Android Firmware Version ( Built-Number) ကိုအရင်စစ်ပါ။ ပြီးရင်ကိုယ့်ဖုန်းထဲက Data
တွေကိုအရင်ဆုံး Backup လုပ်ထားပါ။
ပြီးရင် Firmware update file ကို ဒီမှာ ယူပါ။ ပြီးရင် memory card ထဲကူးထည့်ပါ။zip file ကိုဖြည်လည်း
ရပါတယ်။မဖြည်လည်းရပါတယ်။
ရှိပါမယ်။အဲဒါကိုနှိပ်လိုက်ရင် SD card update ဆိုတာရှိပါမယ်။ အဲဒါကိုထပ်နှိပ်ပါ။ ဒီနေရာမှာ လည်း
ကျွန်တော်တို့ ဖုန်းထဲက data တွေကို backup လုပ်ပါ။ ပြီးရင် next လုပ်ပြီးအဆင့်ဆင့် လုပ်လိုက်ပါ။
အားလုံးပြီးသွားရင် ဖုန်း restart ကျသွားပါမယ်။ ပြန်တက်လာရင် တရုတ်စာတွေတက်လာပြီး အဆင့်ဆင့်
လုပ်ဆောင်လိုက်လို့ ရှိရင်ဖုန်းထဲရောက်ပါပြီ။ ဟဲ..ဟဲ..ကျွန်တော်တို့ ကတရုတ်စာမတက်လို့ language
ကိုသွားချိန်းပါမယ်။ ပြီးရင်ဖုန်းထဲက About ထဲက Firmware ကိုသွားကြည့်လိုက်ရင် ကျွန်တော်တို့ update
လုပ်ထားတဲ့ C8650V100R001C92B879 ဖြစ်နေပါလိမ့်မယ်။
မှရမယ်နော်။
ပိုင်းလောက်တော့ကြာတတ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။
2 comments:
izna_nadi.blog.com said...
ကျေးဇူတင်လိုက်တာဗျာ။ မသိသူတွေအတွက် ဖေ့ဘုတ်ထဲက အလှူလုပ်လိုက်ပါတယ်။ သာဓုခေါ်ပါနော်။
izna_nadi.blog.com said...
ကျေးဇူတင်လိုက်တာဗျာ။ မသိသူတွေအတွက် ဖေ့ဘုတ်ထဲက အလှူလုပ်လိုက်ပါတယ်။ သာဓုခေါ်ပါနော်။
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...