လာရောက်ဖတ်ရှုကြတဲ့သူအပေါင်းကိုကျေးဇူးတင်ပါတယ်..ဗျာ။ခုလည်းနောက်ဆက်တွဲအနေနဲ့ ကျွန်တော်
တို့ windows 7 မှာလုပ်နိုင်တဲ့ တစ်ချို့ သော hidden features လေးတွေကို ထပ်ရေးလိုက်ပါတယ်။အဟဲ.
ကျွန်တော်အနေနဲ့ ကိုယ်သုံးနေတဲ့ windows 7 မှာဒါလေးတွေကိုလည်းလုပ်လို့ ရပါလားဆိုတဲ့စေတနာနဲ့ 
ခု ဒီ windows 7 tips & tricks လေးကိုရေးသားလိုက်ရခြင်းဖြစ်ကြောင်း။
(၁) Make your Own Desktop themes
မယုံဘူးလား....ဟဲ...ဟဲ.တကယ်လုပ်လို့ ရတယ်ဗျ။ ဒီတော့ကျွန်တော်တို့ က ကိုယ်ကြိုက်တဲ့ပုံလေးတွေနဲ့ 
desktop background slide လေးတစ်ခုကိုလုပ်လိုက်ပါတယ်။ ကျွန်တော်ကတော့ပုံလေးတစ်ပုံနဲ့ ပဲလုပ်
ထားလိုက်ပါတယ်။နာမည်လေးကိုတော့ကိုယ်ကြိုက်တာပေးလို့ ရတယ်..ကျွန်တော်က pstm ဆိုပြီးပေး
လိုက်တယ်။
Desktop မှာ Right-Cick ထောက်ပြီးအောက်ဆုံးက Personalization နှိပ်လိုက်ရင်ကျွန်တော်သတ်မှတ်
ထားတဲ့ themes လေးကိုသူကဒီလိုပြနေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ က themes လေးကိုကိုယ်ပိုင်လုပ်
ချင်တာမို့ လို့ My Themes အောက်က pstm ဆိုတာလေးကို select ပြီး right click ထောက်လိုက်ရင်သူ ကဒီလိုပုံလေးမျိုးပြပါလိမ့်မယ်။
အဲဒီမှာ save them ဆိုတာလေးကတော့ကိုယ့်လုပ်ထားတဲ့ဟာလေးကိုသိမ်းတာပါ။ကျွန်တော်တို့ က တစ်ခြား windows 7 စက်တွေမှာလည်းကိုယ်တိုင်လုပ်ထားတဲ့ themes pack လေးကို run ချင်တာဆိုတော့ဒုတိယ save theme for sharing ဆိုတာလေးကိုနှိပ်ရပါမယ်။အဲဒါဆိုရင်တော့
ဒီလိုလေးနှိပ်လိုက်ရင် သိမ်းမည့်နေရာနဲ့ ကိုယ်သိမ်းချင်တဲ့ နံမည်တောင်းရင် ထည့်လိုက်လို့ ရပါပြီ။ save as type မှာ Theme Pack လေးပဲထားပါ။ပြီးရင်ကိုယ်သိမ်းထားတဲ့ theme file လေးကိုကိုယ်တိုင် run နိုင်သလိုသူများ windows 7 စက်တွေမှာလည်းထည့်လို့ ရပါပြီ။
ဒါကရိုးရိုး ပုံလေးတွေနဲ့ themes လေးဖြစ်ပါတယ်။ဒါပေမဲ့ ကိုယ်က အသံတွေထည့်ချင်တယ်။ ကိုယ့် themes ရဲ့ screen saver ကိုကိုယ်စိတ်ကြိုက်လုပ်ချင်တယ်။နောက်ပုံလေးတွေကိုပြင်ချင်တယ်ဆိုရင်တော့
အောက်ကပုံလေးထဲမှာပြထားတဲ့နေရာလေးတွေမှာသွားပြင်ပြီး (ကိုယ်ကြိုက်ရာအမည်).themepack နဲ့ 
modified လုပ်ပြီးလည်းကိုယ့်စိတ်ကြိုက် windows 7 theme file ကိုတည်ဆောက်လို့ ရပါတယ်။
ကဲ...ဒါဆိုရင် windows 7 themes လေးတွေကိုကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပြီဆိုတာလက်တွေ့ စမ်းကြည့်
နိုင်ပြီနော်။
(၂) Parallel Defrags
ဟဲ...ဟဲ...ဒါကိုလည်းစိတ်ဝင်စားလိမ့်မယ်ထင်ပါတယ်။ အရင် windows တွေတုန်းကတော့ cmd ကနေ
defrag C: (သို့ ) D: တစ်ခုတည်းကိုသာ စစ်လို့ ၇တာလေ။ခုကတော့ command prompt ကနေ ရှိသမျှ
Drive တွေ( C:, D: ) တို့ အားလုံးကိုတစ်ပြိုင်နက်တည်းစစ်လို့ ရပြီဗျာ။ ပြီးတော့ background process
အနေနဲ့ လည်း စစ်ခိုင်းထားလို့ ရတယ်ဗျာ။ ကဲ...နည်းနည်းစမ်းကြည့်ကြစို့ ......
windows key + R = Run ကနေ cmd ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Command Prompt Box ကျလာပါမယ်။အဲဒီမှာ defrag /c /m ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်သူ က
ကဲ...ကျွန်တော်က defrag နောက်က parameter /c တို့ /m တို့ ခံပြီး၇ိုက်ထားပါတယ်။အဲဒီ parameter တွေအကြောင်းသိချင်ရင်တော့ defrag /? ဆိုပြီးရိုက်ကြည့်လိုက်နော်။
:P
(၃) Jump List
windows Products တွေဟာ ထုတ်ကတည်းကိုက user တွေအတွက်အဆင်ပြေမယ့် user friendly ဆိုတာကိုဦးစားပေးပြီးစဉ်းစားခဲ့ပါတယ်။ကဲ..အခုသက်သေအနေနဲ့ တစ်ခုလောက်ကြည့်ကြရအောင်...
jump list ဆိုတာ ကိုယ် run နေတဲ့ program တစ်ခုခုကို ချုံ့ လိုက်တယ်။ စာလိုပြောရင်တော့ minimize
လုပ်လိုက်တယ်ဆိုရင် အဲဒီချုံထားတဲ့ program ပေါ်မှာ right click ထောက်လိုက်ရင် အဲဒီ program ထဲ
ကိုအလွယ်တကူပြန်ဝင်နိုင်စေဖို့ အတွက်ထပ်ထည့်ထားတဲ့ features ဖြစ်ပါတယ်။ ဥပမာ..ကျွန်တော်က
ကျွန်တော့်စက်က run နေတဲ့ program တွေအားလုံးကိုချုံထားပါတယ်။
ကျွန်တော်က ပုံထဲကလို taskbar က cmd icon ကို right click ထောက်လိုက်တာနဲ့ အဲလိုပေါ်လာတယ်။
အပေါ်ဆုံးမှာ command prompt ထဲကိုသွားမလား...ဒုတိယက cmd ကို taskbar မှာ pin လုပ်ပြီးတွဲထား
မလား။...တတိယက ပိတ်မလားဆိုပြီးပေါ်လာတယ်။ကိုယ်က ၀င်ချင်ရင်တော့ cmd ကို click နှိပ်လိုက်တာ
နဲ့ ပဲအလွယ်တကူဝင်နိုင်ပါတယ်။ pin လုပ်ရင်တော့ task bar မှာ Quick Access icon လေးအနေနဲ့ ရှိနေ
မှာဖြစ်ပါတယ်။
(၄) Create your Customized jump list
ကျွန်တော်ဖတ်နေတဲ့ စာအုပ်က pdf ပါ။အဲဒီ pdf ကိုခုနကလို ဖွင့်ပြီး pin လုပ်လိုက်တယ်ဗျာ။ နောက်ပိတ်
လိုက်တယ်။ နောက် computer ကိုပါပိတ်လိုက်တယ်။ နောက်နေ့ စက်ဖွင့်တော့ စက်ဖွင့်ပြီးချင်းကျွန်တော့်
မှာအဲဒီစာအုပ်ကိုအမြန်ဖွင့်ဖို့ လိုလာတယ်။သိတဲ့အတိုင်းပဲဗျာ။ စက်ပွင့်တာနဲ့ အမြန်ဆုံးဖွင့်ချင်တော့
ကျွန်တော်က Pin လုပ်ထားတဲ့ pdf icon လေးကို right click ထောက်လိုက်တယ်။
ပုံလေးထဲမှာ ကျွတော် pin လုပ်ထားတဲ့စာအုပ်လေးကိုအပေါ်ဆုံးမှာတွေ့ ၇ပါမယ်။အောက် က recent
မှာတော့ ကျွန်တော်အရင်က ဖွင့်ထားတဲ့ recent book လေးတွေကိုတွေ့ ရပါမယ်။ကဲ..အမြန်ဆုံးဝင်ချင်
ရင် pin ထဲကစာအုပ်လေးကိုနှိပ်လိုက်ရင်အမြန်ဆုံးပွင့်ပါပြီ။
(၅) Extend Battery Power Life ( For Laptop Computer )
လူတော်တော်များများလည်းသိကြမှာပါ။ Laptop Battery မှာ Media file တွေဖွင့်ရင် battery စားတာ
ပိုမြန်တယ်ဆိုတာ။ကျွန်တော်တို့ အနေနဲ့ windows 7 Laptop တွေမှာဒါကို reduce လုပ်နိုင်ပါတယ်။
start ထဲကနေ power option ကိုရိုက်ပြီး enter လုပ်လိုက်ပါ။ အဲဒီမှာ ညာဘက် က Change Plan Setting နှိပ်လိုက်ပါ။ အဲဒါဆိုရင် box တစ်ခုကျလာရင်ပုံမှာပြထားတဲ့အတိုင်းပြင်လိုက်ရင် Media file
( videos,music,online TV) တွေကြောင့် Laptop battery စားတာကိုသက်သာစေပါလိမ့်မယ်။
(၆) Window Aero Slide Transition
ကိုယ့်ဖွင့်ထားတဲ့ program တွေကို Alt + tab နဲ့ မဟုတ်ပဲ slide အနေနဲ့ ကြည့်ချင်ရင်တော့ windows key + tab နှိပ်လိုက်ရင်ဒီလိုပုံလေးပေါ်လာမယ်။
 
ကိုယ်သုံးမယ့် program ရောက်ရင် လွှတ်ချလိုက်....အဲဒါဆိုရင် ကိုယ်သုံးမယ့် program ထဲတစ်ခါတည်း
ရောက်ရောဗျာ။
:P
ကဲ...ခုတစ်ခေါက်တော့ဒီလောက်ပါပဲ။ကျွန်တော်လည်းစာမေးပွဲအတွက်နပန်းလုံးနေရလို့ ဒီလောက်လေးပဲ
တင်လိုက်တာပါ...တကယ့် tips & tricks တွေလည်းအများကြီးကျန်ပါသေးတယ်။ နောက်အလျဉ်းသင့်
သလိုတင်ပေးသွားမှာပါ။ တကယ်လို့ ဒါလေးတွေကိုစိတ်ဝင်စားပြီးတော့ Windows 7 ကို Master ဖြစ်ချင်
ရင်တော့ Microsoft ကစစ်တဲ့ Windows 7 စာမေးပွဲကိုဝင်ဖြေဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။အဲဒီစာ
မေးပွဲအောင်မြင်သွားရင်တော့ Microsoft ကအသိအမှတ်ပြုတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါပြီ။ ဖတ်ရှုတဲ့
အတွက်ကျေးဇူးတင်ပါတယ်...ခင်ဗျာ။

1 comment:
ီဒီနေ့မှ ဝင်ကြည့်မိတာဗျ။ မသိတာတွေသိရလို့ ကျေးဇူးတင်ပါတယ်..
Post a Comment