cyber ဒုစရိုက်သမားတွေဟာ အင်တာနက်ချိတ်ဆက်အသုံးပြုလို့ ၇တဲ့ 3G ဖုန်းတွေရယ်။ tablet PC တွေ ကို cyber attacking လုပ်စရာ zone တစ်ခုအဖြစ်ပစ်မှတ်ထားလာကြပြီဖြစ်ပါတယ်။
Symantec ကထုတ်တဲ့ Annual Norton Cybercrime Report အရ ကမ္ဘာတစ်လွှား မှာ social network
တွေနဲ့ mobile devices တွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေမနှစ်ကထက်ပိုမိုတိုးပွားလာပြီးအရင်နှစ်က
ထက် ဒေါ်လာ ၁၁၀ ဘီလီယံ လောက်ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
" Cyber ဒုစရိုက်သမားတွေဟာ ခုနောက်ပိုင်းအလျင်အမြန်ကြီးထွားလာတဲ့ social network နဲ့ Mobile devices တွေဘက်ကိုပစ်မှတ်ထားလာခဲ့ပါပြီ။ ဘာလို့ လဲဆိုတော့ user တွေက အဲဒီ ဘက်တွေက security ပိုင်း တွေကိုသိပ်အလေးအနက်မထားတဲ့အတွက်သူတို့ အတွက် ပစ်မှတ်ကောင်းကောင်းဖြစ်နေတာပါ။ " လို့ Norton ရဲ့  Internet Security သုတေသီတစ်ဦးဖြစ်တဲ့ Marian Merritt ကပြောကြားပါတယ်။
Cyber ဒုစရိုက်သမားတွေဟာ mobile phone တွေမှာ run နိုင်တဲ့ malware တစ်မျိုးကိုဖန်တီးပြီးတော့
ကမ္ဘာတစ်လွှားက mobile phone တွေဆီကနေ ဒေါ်လာ million နဲ့ ချီပြီးခိုးယူခဲ့ပါတယ်။ မနှစ်ကပေါ်ခဲ့တဲ့ အဲဒီ Malware ဟာ toll fraud" virus tools တစ်မျိုးလည်းဖြစ်ပါတယ်။
အဲဒီ virus ဟာ smart phone အသုံးပြုသူတွေထံကို telephone service provider တွေကနေ သင့်ဖုန်း
ထဲကို extra services အတွက်ငွေတောင်းတဲ့ message တွေပို့ ပါတယ်။စစ်ဆေးမှုမရှိပဲ အဲဒီ Message ကို
ပြန်ပို့ လိုက်မိရင်တော့ သင့် credit card နံပါတ်ထဲက ငွေတွေဟာ Cyber ဒုစရိုက်သမားတွေဆီကိုရောက်
သွားတော့တာပါပဲ။
online မှာ smart phone တွေအတွက် malware ပေါင်းများစွာရှိပြီးတော့ Toll fraud malware ကတော့
အထင်ရှားဆုံးဖြစ်ပါတယ်။ smart phone အသုံးပြုသူတွေရဲ့ အားနည်းချက်အပေါ်အခွင့်ကောင်းယူထား
တဲ့ အဆိုပါ malware ဟာ ၂၅ Million လောက်အချက်အလက်တွေခိုးယူထားခဲ့ပါတယ်။
ကျွန်တော်တို့ ဟာ smart phone ကနေ Online အသုံးပြုမယ်ဆိုရင် အရာအားလုံးကိုယုံကြည်စိတ်ချလို့ 
မဖြစ်နိုင်ပါဘူး။ App တစ်ခုကို download ဆွဲတယ်။နောက် payment option တွေကိုကလိမိတယ်ဆိုရင်
ကျွန်တော်တို့ phone တွေမှာ cyber attacking ရဲ့ သားကောင်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့
ဒီလို malware တွေရှိနေကြောင်းကျွန်တော်တို့ သိထားဖို့ လိုပါမယ်လို့  Network Security သုတေသီတွေ
ကဆိုပါတယ်။

No comments:
Post a Comment