စာအုပ်ကတော့ Exam Cream 70-640 နဲ့ Windows Server 2008 စာအုပ်တွေကိုဖတ်နေတာပါ။
ခုမှစာပြန်ဖတ်တာဆိုတော့စာသွားဖို့ လည်းမနည်းဖတ်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ တိုးတက်လာ
တဲ့ Microsoft ရဲ့ ထုတ်ကုန်တွေအနေနဲ့ မကင်းနိုင်ကြပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ Apple ကမြန်မာ
ပြည်ကိုအရင်ရောက်ပေမယ့် ....အသုံးတွင်ကျယ်မှုနဲ့ user friendly တွေမှာ တော့ microsoft ကို
မယှဉ်နိုင်ပဲနဲ့  နောက်ဆယ်စုနှစ်တော်တော်ကြာတော့မှ iphone တို့ ipad တို့ နဲ့ ပြန်ဝင်လာနိုင်ခဲ့တာ
ပါ။
Microsoft အနေနဲ့ နဂိုရှိပြီးသား user friendly ဆိုတဲ့အချက်ပေါ်မှာ ကျွမ်းကျင်မှုတွေ ဆင့်လို့ Microsoft
Platform Network ပညာရှင်တွေကိုလည်းအရည်အတွက်သာမကအရည်အချင်းနဲ့ ပါမွေးထုတ်နိုင်ခဲ့
တယ်ဆိုတာ ဒီနေ့ လုပ်ငန်းခွင်တော်တော်များမှာ အလုပ်ခေါ်စာခေါ်ရင် ကျွမ်းကျင်လက်မှတ်အနေနဲ့ ပါ....
သတ်မှတ်ပြီးခေါ်ယူတဲ့အထိအဆင့်တစ်ခုရှိပါတယ်။ နောက်ပြီးတော့ Server based Network တွေကို
အကောင်းဆုံး operate လုပ်နိုင်ဖို့ ..efficiency ဖြစ်ဖြစ် control လုပ်နိုင်ဖို့ Microsoft သမားတွေပိုမို
လိုအပ်ပါတယ်။ နောက်ပြီးတော့ Microsoft ကတစ်သမှတ်တည်းသွားနေတဲ့ လမ်းကြောင်းမဟုတ်ပဲ အသစ်
အသစ်သောနည်းပညာတွေနဲ့  စဉ်ဆက်မပြတ်လေ့လာနေရအောင်လုပ်ထားတဲ့အတွက်လည်း Microsoft
သမားတွေအနေနဲ့ ကိုယ့်လက်ထဲက လက်မှတ်တွေနဲ့ အတူကိုယ့်အသိပညာတွေကိုလည်း အမြဲတမ်း
upgrade လုပ်ဖို့ အမြဲ alert ပေးနေသလိုပါပဲ။
Microsoft ကထုတ်တဲ့ Server Products တွေမျိုးစုံရှိပါတယ်။( Microsoft SQL, Microsoft ISA, Microsoft Sharpoint, Microsoft Exchange,....) အစရှိသည်အားဖြင့် Microsoft Server Family
ရယ်လို့ အမည်တပ်လို့ ရအောင်ပဲအများကြီးရှိပါတယ်။ Update တွေလည်းထွက်ထွက်လာပြီးအရင်
Server version တွေမှာမပါတဲ့ roles တွေ ( role ဆိုတာကတော့ server တွေမှာထပ်မံလုပ်ဆောင်
နိုင်တဲ့ သီးသန့်  function တွေဖြစ်ပါတယ်။) နောက် featues အသစ်တွေလည်းပါဝင်လာပါတယ်။
ခုပြောမှာကတော့ windows server 2008 ဖြစ်ပါတယ်။ windows server 2003 တုန်းကထက်ပိုမိုတဲ့
roles တွေ features တွေပါဝင်တဲ့အပြင်ကို ပိုပြီး ကောင်းမွန်လာတာကိုတွေ့ ရပါမယ်။ အရင်တုန်းက
ထုတ်တဲ့ server တွေကတော့ hirerchical directory databse အသုံးပြုထားပြီး X.500 နဲ့ AD LADP
ပေါ်မှာအခြေခံထားတဲ့ windows server 2000 အုပ်စုတွေဟာ server ရဲ့ အခြေခံအကျဆုံး infrastructure တွေနဲ့ တည်ဆောက်ထားတဲ့ server တွေဖြစ်ပါတယ။်နောက်ပိုင်းပေါ်လာတဲ့ windows
server 2003 ကတော့ Active Directory ကိုပိုပြီး Mature ဖြစ်လာစေခဲ့ပါတယ်။ ခု server 2008 က
တော့သူထက်ကိုပိုပြီးသာလွန်ကောင်းမွန်တဲ့ features တွေ functions တွေနဲ့  user friendly control
ပိုင်းတွေကိုသာလွန်အောင် လုပ်ထားတာလေးတစ်ချို့ ကိုလေ့လာကြည့်ကြစို့ ဗျာ။.............
1. Self-Healing NTFS
အရင် server version တွေတုန်းကတော့ harddisk မှာ error တက်လို့ directory corrupt error ဖြစ်
ရင်ကျွန်တော်တို့ က check disk (chkdsk ) စစ်ဆေးကြရပါတယ်။တစ်ချို့  files error တွေဆိုရင် စက်ကို
harddisk unmount ဖြစ်မှစစ်လို့ ရမှာမို့ လို့ စက်ကို reset ချပြီး စက်ပြန်တက်တော့ မှ full screen နဲ့ 
စစ်တာဗျ။ ခု server 2008 ကတော့တကယ်လို့ အဲလို error မျိုးဖြစ်နေလည်း background process အနေနဲ့ စစ်ပေးတယ်ဗျ။
2. Hot Swappable Hardwares
ဒါကတော့ Server run နေရင်းနဲ့ memory ကြောင်သွားတာတို့ ....card ကြောင်သွားတာတို့ ဖြစ်ရင်အရင်
server တွေတုန်းက server ကိုဒေါင်းပြီးမှ ဖြုတ်ခြင်း၊တပ်ခြင်းလုပ်လို့ ရပါတယ်။ခု windows server 2008
မှတော့ server ကိုဒေါင်းစရာမလိုပဲနဲ့ ဖြုတ်နိုင်တပ်နိုင်တယ်လို့ ရေးထားပါတယ်။ ( စာတွေ့ အရသာဖြစ်
ပါတယ်...လက်တွေ့ တော့မစမ်းသပ်စေလိုပါ။...ထူးခြားချက်တစ်ခုအနေနဲ့ သာမှတ်သားစေချင်တာပါ...)
3. Server Message Block (SMB ) 2.0
Server Message Block ဆိုတာကတော့ file transmisssion ( or) read/wirte (copy ) လုပ်တာမှာအလုပ်လုပ်ပေးတဲ့ serviceတစ်မျိုးဖြစ်ပါတယ်။အရင် windows server 2003 တုန်းက file တွေကို copy ကူးမယ်ဆိုရင်သူ က file တစ် file ချင်းစီကို read လုပ်ပါတယ်။ပြီးမှ copyပေါ့။
logic က read ,copy ပြီးရင်နောက်တစ်ဖိုင်...read ,copy လုပ်တာပါ။ ပြောရရင်တော့တစ်ဖိုင်ချင်းစီကို serial ဖတ်ပြီးကူးတဲ့သဘောပေါ့။ ခု windows server 2008 ကတော့ရှင်းတယ်။ကူးမယ်ဆိုရင်ဘယ်နှဖိုင်ကူးမှာလဲ....အရင်ဆုံး read လုပ်ပစ်လိုက်တယ်...ဘယ်
နှဖိုင်ရှိရှိပေါ့....ပြီးမှအကုန်လုံးကိုကူးတာ...သူက read,read ,copy ,copy အဲလိုပုံစံမျိုးနဲ့ အလုပ်လုပ်တယ်။
ဒါကို ကျွန်တော်တို့ file copy လုပ်ရင် ( windows vista, windows 7 နဲ့ windows server 2008 ) တို့ မှာ file copy လုပ်ရင် calculating remaing times ဆိုပြီး copy box မှာစစချင်းပေါ်လာတာပေါ့။
သူက ၁၀ ကနေ ၃၀ ဆ လောက်ပိုမြန်မြန်ကူးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက Server က Windows Server 2008 ဖြစ်ပြီး windows client ကတော့ windows vista (သို့ ) windows 7 ဖြစ်ရပါမယ်။ အဲဒါမှပဲ
SMB 2.0 features ကိုအပြည့်အစုံသိရမှာဖြစ်ပါတယ်။ Server ကတော့ windows server 2008 တော့
ဖြစ်ပါရဲ့ ...client ကတော့ windows xp ပဲဆိုရင်တော့ SMB 1.0 နဲ့ သာအလုပ်လုပ်မှာဖြစ်တဲ့အတွက်
မထူးခြားနိုင်ပါ။
4. Parallel Processing
windows server 2003 တုန်းက serial file transmission ( read, copy) တွေကိုသာ လုပ်နိုင်သလို
remote ကနေလှမ်းဝင်မယ်ဆိုရင်လည်း serial ဖြစ်တဲ့အတွက် session တစ်ခုပြီးတော့မှတစ်ခုသာ
ချိတ်ဆက်နိုင်ပါတယ်။ အခု server 2008 ကတော့ parallel processing ဖြစ်တဲ့အတွက်ကြောင့် တစ်ပြိုင်
နက်တည်း multi remote session တွေကို support လုပ်နိုင်သလို ....\\server ဆိုပြီး user တွေက
server request ပေါင်းများစွာကိုတစ်ပြိုင်နက်တည်း processing လုပ်နိုင်စွမ်းရှိပါတယ်။
5. Clean user Data when Logoff
ဒါကတော့ server ပေါ်ကို Logon ၀င်ထားတဲ့ user data တွေကို log off လုပ်တာနဲ့ server မှာ cache
မသိမ်းထားတာဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် server မှာမလိုအပ်တဲ့ cache traffic တွေနည်းသွား
စေတာပေါ့.....
6. Hyper V-support
ဒါကတော့ Server ပေါ်ကနေ virtual network environments တွေဖန်တီးပြီးလိုသလိုထိန်းချုပ်နိုင်တာ
ဖြစ်ပါတယ်။
ကဲ...ကျွန်တော်ဖတ်ပြီးသလောက်ပြန်ပြီး share လုပ်နိုင်ပါတယ်။ အားလုံးပဲဗဟုသုတကြွယ်ဝတိုးတက်
ကြပါစေ။နောက်ထပ်လည်းဖတ်ပြီးသလောက်လေးတွေထပ်တင်ပေးသွားပါအုံးမယ်။
ဒါလေးကကျွန်တော်ဖတ်ပြီးသလောက်လေး ( Introduction to Windows Server 2008) ရဲ့ windows
server 2008 မှာအသစ်ပါတဲ့ features လေးတွေမျှသာဖြစ်ပါတယ်။ဒီထက်ပိုပြီးပြည့်ပြည့်စုံစုံသိချင်ရင်
တော့ Windows Server 2008 ရဲ့ Unleashed ebooks လေးရှိပါတယ်။ဆရာကိုဇော်လင်းလည်းဘာ
သာပြန်ထားပါတယ်။ ရှာဖွေဖတ်ရှုပြီး IT knowledges တွေပိုမိုတိုးတက်ပွားများနိုင်ကြပါစေဗျာ။