အခုဆိုရင်ကျွန်တော်တို့ ပြည်တွင်းမှာ MPU စနစ်တွေအကောင်အထည်ပေါ်လာတော့မှာဖြစ်သလို Mobile
banking တွေလည်းသိပ်မကြာခင်ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ဒီတော့ ဖုန်းတွေကိုအသုံးပြုနိုင်တဲ့
user တွေတိုးတက်လာမှာဖြစ်သလို software developers များ၊ web developer များလည်းလိုအပ်လာ
တော့မှာဖြစ်ပါတယ်။ Mobile Application တွေကလည်း (အဓိကအားဖြင့်တော့ Andriod တွေပေါ့...
နောက် iphone တွေပါ) တစ်ဖြည်းဖြည်းနဲ့ ထွန်းကားလာတာကိုအားရဖွယ်တွေ့ မြင်နိုင်ပါတယ်။ ခုဆိုရင်
KBZ ကဖုန်းထဲမှာပဲ သူတို့ ဘဏ်နဲ့ ချိတ်ဆက်နိုင်တဲ့ ဖုန်းနံပါတ်တွေ၊ ဘဏ်တည်ရှိရာနေရာတွေနဲ့ ငွေလွှဲ
လုပ်နိုင်မယ့်အချိန်ဇယားတွေနဲ့ သူတို့ ရဲ့ Application ကို Launch လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Etrade Myanmar ကနေလည်း ရွှေဈေး၊ပဲဈေးနဲ့ ကုန်ဈေးနှုန်းသတင်းတွေနောက် ဘောလုံးပွဲသတင်းတွေ
ကိုဖုန်းထဲကို SMS ပို့ ပေးနိုင်ရုံသာမကခုဆိုရင် Call Center ကနေလည်းပဲ အထက်ပါဝန်ဆောင်မှုတွေ
အပြင်အခြားသောဝန်ဆောင်မှုများကိုလည်းလုပ်ဆောင်သွားမယ်လို့ လည်းသတင်းရပါတယ်။
အဲလိုပဲဆေးခန်းနဲ့ ဆရာဝန်ကြီးတွေဆေးခန်းထိုင်မယ့်အချိန်ဇယားကိုသိနိုင်မယ့် apps တွေလည်းထွက်ရှိ
လာသလို TV မှာကြော်ငြာနေတဲ့ Yangon လမ်းညွန်ကြော်ငြာဆိုရင်လည်းဖုန်းထဲမှာပါ Yangon လမ်းညွှန်
ကိုရနိုင်နေပြီဖြစ်ပါတယ်။ အရင်တုန်းက တော့ကျွန်တော်တို့ ဆီမှာ software သမားတွေအ၇မ်းကိုမျက်နှာ
ငယ်ခဲ့ရပါတယ်။ပြီးတော့ဒီလောက်လည်းပြည်တွင်းမှာအလုပ်မဖြစ်ကြပါ။ Integra, Ace , MBC ,
Mr.Accounting တို့ လို software House ကြီးတွေကသာနေရာယူလာနိုင်တာဖြစ်ပေမယ့်ခုလိုပြောင်းလဲ
လာတဲ့ခေတ်ရေစီးမှာတော့သူတို့ တွေတွင်သာမက freelance developer တွေအတွက်ပါ အခွင့်အလမ်း
တွေဖြစ်ထွန်းနိုင်ချေရှိပါတယ်။
အရင်ကပြည်ပကနေ ၀ယ်ယူအသုံးပြုခဲ့ရတဲ့ software တွေအပြင်ကိုယခုခေတ် mobile phone user
တွေအတွက်အသုံးဝင်မယ့် software ရေးသားမှုဆိုင်ရာ IT နည်းပညာတစ်ခုလည်း လမ်းစပွင့်လာနေ
ပြီဖြစ်ပါတယ်။ နောက်မြန်မာ software developer တွေကိုယ်တိုင်စိတ်ကြိုက်ဖန်တီးနိုင်မယ့် softwares
တွေ games တွေလည်း အများအပြားပေါ်ထွက်လာပြီဖြစ်ပါတယ်။(ဥပမာ- Ornagi လိုမျိုးလေးတွေလည်း
ထွက်လာပြီဖြစ်ပါတယ်။)
နောက်ပြီးတော့ Mobile ကနေ Internet Access ရနိုင်လာပြီဖြစ်တဲ့အတွက်နောက်ပိုင်းမှာ Web
Development တွေလည်းပိုမိုလိုအပ်လာမှာဖြစ်သလို web တွေရဲ့ security ပိုင်းဆိုင်ရာ Network
Security သမားတွေလည်းလိုအပ်လာပါလိမ့်မယ်။ ကောင်းမွန်သောတိုးတက်ခြင်းနဲ့ အပြောင်းအလဲများ
ကြောင့်ယခင်ခေတ်က software သမားတွေ လည်းအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာနိုင်ဖွယ်
ရှိကြောင်း TRC ကနေသုံးသပ်ရေးသားလိုက်ရပါတယ်။ကိုယ့်ပြည်တွင်းမှာရှိတဲ့ software house တွေနဲ့ 
software တွေကိုအသုံးပြုလာနိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံ software လောကပိုမိုတိုးတက်လာပါစေလို့ 
ဆုတောင်းရင်းနဲ့ သုံးသပ်ချက်တစ်ခုအနေနဲ့ ရေးသားလိုက်ရပါတယ်။
 
No comments:
Post a Comment