Monday, September 3, 2012

Java malware ရန်ကကာကွယ်နိုင်စေဖို့ .....

Network Security သုတေသီတွေက latest Java zero-day vulnerability  ကို Metasploit tool and Blackhole exploit kit တွေအဖြစ် user တွေသုံးနေတဲ့ computer တွေနဲ့ Devices တွေမှာတွေ့ ရှိခဲ့ရ
တယ်လို့ ဆိုပါတယ်။






အဲဒီ security vulnerability ကတော့ hacker တွေဟာ system ( Computers (သို့ ) Devices  ) တွေကိုသူတို့ ဖန်တီးထားတဲ့ web page ကို force download လုပ်ခိုင်းပြီးတော့
 Java မှာမပါတဲ့ malware တစ်မျိုးကို background process အနေနဲ့ run စေပါတယ်။ 

Fire eye ဆိုတဲ့ Security Company တစ်ခုကနေအဲဒီ တိုက်ခိုက်မှုဟာနေရာအနှံ့ အပြားမှာဖြစ်ပွား
နေကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။


Java Run-time Environment (JRE) 1.7 ကနေ အဲလိုတိုက်ခိုက်နိုင်ကြောင်းဒီ blog မှာထုတ်ဖော်
ထားတာကို Fire Eye ကစစ်ဆေးအတည်ပြုအပြီးမှာပြောခဲ့တာဖြစ်ပါတယ်။

Deep End Research ကနေထုတ်ပြန်ခဲ့တာကတော့ အဲဒီတိုက်ခိုက်မှုဟာအချိန်နဲ့ အမျှတိုးပွားနေပြီး
တော့ email link တွေကနေရာ..remote ကနေပါတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော် Norton Antivirus ထုတ်တဲ့ Symantec ကတော့ သူတို့ အနေနဲ့ ဒီတိုက်ခိုက်မှုကိုလုပ်တဲ့
website နှစ်ခုကိုခြေရာခံနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒီ attacking ကို April 2012 ကတည်းကစတင်သိရှိခဲ့တာဖြစ်ပြီး Deep End Research ကသုတေသီ
တွေကတော့ update patch မထွက်မချင်း ကိုယ့် web browser တွေကို java Plug-in disable လုပ်
ထားဖို့ အကြံပေးထားပါတယ်။ နောက်ပြီး java downgrade ( Old version သို့ အဆင့်နှိမ့်ခြင်း) ကို
တားမြစ်ထားပြီးအဲလိုလုပ်ခြင်းအားဖြင့်အခြားသော security ပိုင်းဆိုင်ရာ ယိုပေါက်တွေပွင့်လာနိုင်တယ်
လို့ ဆိုပါတယ်။ Microsoft ကတော့ ကိုယ့်စက်မှာသုံးထားတဲ့ java ကို update ဖြစ်မဖြစ်စစ်ဆေးဖို့ 
update ကို update လုပ်ထားဖို့ သူတို့ blog မှာအကြံပြုထားပါတယ်။

အဲ...ကျွန်တော်တို့ သုံးနေတဲ့ firefox မှာတော့ ဒီနေရာမှာ java plug-in ကို ဖွင့်ပိတ်လုပ်နိုင်ပါတယ်။



ဒါပေမဲ့တစ်ခုရှိတာကဒီကောင့် ကိုပိတ်ထားရင်တော့ တစ်ချို့ plug-in တွေဖြစ်တဲ့ facebook chat တို့ နဲ့ 
တစ်ချို့ site တွေမှာပုံမှန်မလည်ပတ်နိုင်တော့တဲ့ disadvantage တစ်ခုတော့ရှိတယ်နော်.....


No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...