Saturday, September 15, 2012
Visitors များအားအသိပေးကျေးဇူးတင်လွှာ..
နဲ့ တစ်ချို့ သော social site တွေကိုပိတ်ထားတာတွေလည်းပါတာပေါ့) ခု ၂၀၁၂ ကျမှကျွန်တော်တို့ ပြန်
လုပ်ခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ blog လေးဟာ reborn ပြန်ဖြစ်တာ ၃ လလောက်ပဲရှိသေးပြီး
visitor ပေါင်းတစ်သောင်းကျော်ကို IT နည်းပညာနဲ့ ပတ်သက်ပြီးအသိပညာဗဟုသုတမျှဝေဖြန့် ဝေခွင့်
ရတဲ့ အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။
အခုလို 3 လအတွင်းမှာ visitor ပေါင်း ၁ သောင်းကျော် ရဖို့ အတွက် ကို Facebook မှာ share link တွေ
တင်ခွင့်ပေးတဲ့ သူငယ်ချင်းများ၊ facebook groups များ ( Myanmar IT Organization, Information
technology Network , MMN,MMUG,....) အစရှိတဲ့ groups များ နဲ့ Group Administrators များ...
နဲ့ facebook link မှတစ်ဆင့်လာရောက်ကြည့်ရှုသူ visitors များ၊အခြားနည်းများဖြင့်လည်းသိပြီးလာ
ရောက်ကြည့်ရှုကြတဲ့ visitors အပေါင်းကိုလည်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောကြားလိုပါ
တယ်။
အနေနဲ့ IT အသိပညာဗဟုသုတများနဲ့ အခြားသောဗဟုသုတများကို visitor များအတွက် ရည်ရွယ်ပြီး
ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်တို့ အနေနဲ့  IT Knowledges sharing အတွက် IT ဗဟုသုတများကိုအဓိကထားတင်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့
technical background နဲ့ ကျွန်တော်တို့ TRC အနေနဲ့ လည်း Network Services,
Hardware & Mobiles Services များကိုသင့်တင့်မျှတသောဈေးနှုန်း တို့ ဖြင့် Professional
 အနေဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီ Activities လေးတွေကိုလည်း blog မှာတင်သွားပါမည်။
 visitors တို့ သိလိုတဲ့ IT ပိုင်းဆိုင်ရာအခက်အခဲများနဲ့  နည်းပညာဝန်ဆောင်မှုများအတွက်လည်း
 ကျွန်ုပ်တို့ TRC Tech Group ထံဆက်သွယ်နိုင်ပါတယ်။
 ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...ခင်ဗျာ။
TRC Tech Group 
therightchoice.service@gmail.com
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...