Cut the Rope Game လေးကိုတော်တော်များများလည်းဆော့ဖူးကြမယ်ထင်ပါတယ်။ ဒီ Game လေးဟာ Educational Game အမျိုးအစားတစ်ခုဖြစ်တယ်ဆိုရင်သင်လက်ခံမလား၊တကယ်တော့ ဒီ ဂိမ်းလေးဟာ
သင်္ချာနဲ့ ရူပဗေဒအတွေးအခေါ်တွေပေါင်းစပ်ထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ လွှဲခွင်နဲ့ အကွာအဝေးမှာ အား
သက်ရောက်မှု ပေါ်မူတည်ပြီး candy လေးကိုဖြတ်ချရတာဖြစ်ပါတယ်။ ဒီတော့အကွားအဝေးနဲ့ အား ကို
ချိန်ညှိတတ်ဖို့ လည်းလိုပြီး amplitude ကိုလည်း ချိန်ညှိတတ်ဖို့ လိုပါတယ်။
Physics ရဲ့ Theory Concept လေးတစ်ချို့ ကိုအရင်ကြည့်ရအောင်
ဒီပုံမှာ အားတစ်ခု က ချိန်သီးအပေါ်ကိုသက်ရောက်တဲ့အခါ ( လွှဲလိုက်တဲ့အခါ) မှာ object ရဲ့ velocity နဲ့  acceleration တွေဟာ Object ကိုဘယ်လိုရွေ့ လျားစေလဲဆိုတာကိုပြသထားခြင်းဖြစ်ပါတယ်။
ဒါလေးကတော့ Equation လေးပါ။ T= Simple one Pendulum Cycle (ချိန်သီးတစ်ပတ်ပြည့်လည်ချိန်-လို့ ဆိုရမယ်ထင်တယ်)။ L=Length of Pendulum(ချိန်သီးအလျား) ဖြစ်ပြီး G= Gravity (ကမ္ဘာ့ဆွဲအားဖြစ်ပါတယ်။
ချိန်သီးလွှဲနေတာကို circle ပုံလေးနဲ့ ပြသထားပြီး အဲဒီမှာတွက်ချက်မှုတွေကိုလည်းလုပ်နိုင်ပါတယ်။ဒါပေမဲ့
ဒီနေရာမှာတွက်ချက်မှုတွေကို မဖော်ပြလိုတော့ပါဘူး။ Physics သမားတွေ သိနိုင်လိမ့်မယ်ထင်ပါတယ်။
ဒါပေမယ့် ဒီချိန်သီး (pendulum ) ဟာဘယ်လိုအသုံးဝင်ခဲ့လဲဆိုတာ သိချင်မှာပေါ့။ဟိုးအရင်တုန်းက ချိန်သီးနာရီဆိုတာရှိခဲ့ပါတယ်။ pendulum ရွေ့ လျားမှုနဲ့ နာရီစက်ကိုလည်စေတာပါ။ ပုံကတော့
![]()  | 
| ချိန်သီးနာရီပုံ...(မြန်မာနိုင်ငံရဲ့ တစ်ချို့ နေရာတွေမှာရှိပါသေးတယ်) | 
ကဲ....cut the rope game လေးရဲ့ ပုံလေးတစ်ချို့ ကိုကြည့်ကြစို့ ဗျာ.....
![]()  | 
| Cut The Rope ,အခန်း(၁) | 
ဟဲ...ဟဲ...ပထမဆုံးအခန်းကတော့ရိုးရိုးရှင်းရှင်းလေးပါ။နောက်ပိုင်းအခန်းတွေမှာတော့ခုနကပြောခဲ့တဲ့
pendulum concept တွေပါတယ်ဆိုတာသိနိုင်ပါလိမ့်မယ်။ ဒီတော့ Cut the Rope လေးကိုစမ်းချင်တယ်
ဆိုရင် ဒီမှာ ရယူပြီးစမ်းကြည့်ကြပါစို့ ဗျာ။
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ.....





No comments:
Post a Comment