Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
Monday, October 15, 2012
hal.dll file ပျောက်ရခြင်းအကြောင်းရင်း ....?????
တစ်ခါတစ်လေ....computer စဖွင့်လို့ ရှိရင် hal.dll file ပျက်တာတို့ ပျောက်တာတို့ ဆိုရင် computer က windows မတက်တော့ပါဘူး။တစ်ခါတစ်လေ...system recovery mode တောင်ဝင်လို့ မရတဲ့အထိဖြစ် တတ်ပါတယ်။ အဲဒီတော့ ဒီ hal.dll ဆိုတဲ့ file လေးကအရေးကြီးပါတယ်။ ဒီ file လေးရဲ့ အလုပ်လုပ်ပုံက တော့
computer system မှာ dynamic link library လို့ ခေါ်တဲ့ dll file လေးတွေရှိပါတယ်။သူတို့ က windows OS နဲ့ hardware တွေတွဲဖက်ညီညီအလုပ်လုပ်နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ file လေးတွေဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် dll file လေးတွေ error တက်သွားရင် windows OS ပေါ်မှာ run နေတဲ့ Program ( ဥပမာ- Audio Services တို့ Network Services တို့ လိုမျိုး) မှာ error တက်တက်ပါတယ်။
တစ်နည်းအားဖြင့် ဒီ error မျိုးက Minor အနေနဲ့ ဖြစ်လေ့ရှိပြီးခုနကပြောတဲ့ hal.dll လို့ ခေါ်တဲ့ Hardware Abstraction Layer လို့ ခေါ်တဲ့ dll file က error တက်သွားရင်တော့ windows system ကြီးကိုလုံးဝ အလုပ်မလုပ်စေတော့ပါဘူး။ hal.dll file က တစ်နည်းအားဖြင့် boot.ini လို့ ခေါ်တဲ့ system file နဲ့ system hardware service တွေကိုစစ်ဆေးပြီးချိတ်ဆက်ပေးတဲ့အတွက် ဒီ file လေး မရှိရင် windows မတက်ရခြင်းဖြစ်ပါတယ်။
ဒါကတော့ windows XP နဲ့ Windows 2000 Platform မှာဖြစ်ပါတယ်။ ဒီတော့ဗျာ.....တကယ်လို့ ကျွန်တော်တို့ မှာ ဒီလိုမျိုး error တက်လာခဲ့ရင် ကျွန်တော်တို့ အနေနဲ့  error solve နှစ်မျိုးရှိပါတယ်။
ပထမနည်းကတော့ hal.dll file ကို copy ကူးခြင်းနည်းဖြစ်ပါတယ်။
ဒီနည်းလမ်းကတော့နည်းနည်းခက်ပါတယ်။ပြီးတော့ reliable လည်းသိပ်မရှိတဲ့အတွက်အရေးပေါ်အခြေအနေကလွဲရင် မသုံးစေချင်ပါ။ ပြီးတော့ virus ကြောင့် hal.dll file ပျက်သွားတဲ့ computer မှာ file ပြန်ထည့်ပြီးကူးလည်း အသုံးဝင်မှာမဟုတ်ပါဘူး။
ဒုတိယနည်း ကတော့ windows ပြန်တင်လိုက်တာပဲဖြစ်ပါတယ်။
့Hal.dll file ပျက်ရခြင်း၊ပျောက်ရခြင်းအကြောင်းရင်းများကတော့ virus ကိုက်တာ။ windows OS နဲ့ လိုက်ဖက်ညီမှုမရှိတဲ့ hardwaresနှင့် services များအသုံးပြုစေခြင်း၊ third-party pirated software များမှ Computer system အား harmful ဖြစ်စေခြင်း၊ Computer hijacking အလုပ်ခံရခြင်းနဲ့ hacker များမှ စမ်းသပ်ထားတဲ့ remote malware (hal.dll ကိုဖျက်တဲ့ ) တွေကြောင့်စတဲ့အကြောင်းများကြောင့် ပဲဖြစ်ပါတယ်။ ဒီလိုမျိုးအကြောင်းတရားတွေရှိနိုင်တဲ့အတွက် windows ပြန်တင်တာကိုတော့ recommand
လုပ်ပါတယ်။ဘာလို့ လဲဆိုတော့ hal.dll file ပျက်တာရဲ့ နောက်ကွယ်မှာ computer system အတွက်
လုံခြုံရေးပိုင်းကိုထိခိုက်စေနိုင်တဲ့ဟာတွေကို format လုပ်ပြီး windows အသစ်ပြန် install လုပ်ခြင်းဟာ
စိတ်ချရပါကြောင်း ....TRC Tech ရဲ့ နည်းပညာမှတ်စုလေးအနေနဲ့ ရေးသားလိုက်ရပါတယ်...ခင်ဗျာ။
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
- 
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
 - 
AI နည်းပညာတွေတဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ Antivirus ဆိုတာသည် ဟိုးအရင်တုန်းကလို virus မျိုးကွဲတွေကိုပဲ scan & remove သာလုပ် နိ...
 - 
Public ကို access ပေးထားတဲ့ Web Site ရဲ ့ front end ဘက်အခြမ်းကိုလုံခြုံစိတ်ချရဖို့ဆိုတာ Web Developer တွေ...Web Security Admin တွေအတွက်အမြဲ...
 

1 comment:
TRC Tech Group ရဲ့ မှတ်စုလေးကိုရှယ်သွားပြီဗျာ . . . ကျနော်ဆိုဒ်လေးကိုလဲအကြံပေးပါအုံးနော်
http://ubagyun.blogspot.com/
Post a Comment