ဒီနေ့ ရုံးရောက်တော့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်သူ့ ဖုန်းမှာတရုတ်စာတွေ ဖျက်လိုက်မိလို့ 
ဖုန်းက system stable မဖြစ်တော့ပါဘူး။ အသုံးပြုရတာလည်းအဆင်မပြေဖြစ်နေတယ်။သူ့ ဖုန်းက
huawei U8818 GSM handset လေးပါ။ အဲဒါနဲ့ ကျွန်တော်ကသူ့ ကိုပြောလိုက်တယ်....data တွေကို
backup ယူထားလိုက်ပါလို့ ။ပြီးရင်ကျွန်တော်လုပ်ပေးမယ်လို့ ..ပြောလိုက်ပါတယ်။ သူလည်း backup
ယူပြီးတော့ကျွန်တော်လည်း firmware ပြန်ထည့်ပေးလိုက်ပါတယ်။
အဲဒါလည်းလုပ်လည်းပြီးရော ဖုန်းက boot တက်လာပါတယ်၊ သူ့ ဆီက backup ထဲက data တွေ
ပြန်ထည့်လိုက်ပြီးသွားတဲ့အခါမှာတော့သူ့ ဖုန်းလေးကနဂိုအတိုင်းအလုပ်လုပ်သွားပါပြီ။ သူက ဖုန်းဆိုင်
( သူဝယ်ထားတဲ့ဖုန်းဆိုင်ကိုသွားတော့ ပညာကြေး ပေးရမယ်လို့ သူ့ ကိုပြောပြီးဖုန်းကိုထားခဲ့
ရမယ်ဆိုလို့ အဆင်မပြေတာနဲ့ သူလည်းပြန်ယူလာခဲ့တာလို့ သိရပါတယ်)
ကျွန်တော်တို့ TRC Tech Group အနေနဲ့ mobile phone နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုကိုဒီနေ့ 
10-2-2012 နေ့ လည် 11 နာရီမှာ နာရီပိုင်းအတွင်းအပြီးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း
စက်ပြင်မှတ်တမ်းအနေနဲ့ မှတ်တမ်းတင်လိုက်ရပါတယ်...ခင်ဗျာ။

No comments:
Post a Comment