Tuesday, October 2, 2012
Windows XP Service Pack ဆိုတာ......
ကမ ၻာမွာ Windows OS နဲ ့Product တစ်ခုအသစ်ထွက်ပြီးတိုင်း microsoft အနေနဲ့ လုပ်လေ့ရှိတာ
တစ်ခုကတော့ Services Pack တွေထုတ်ပေးလေ့ရှိပါတယ်။ Official Release တစ်ခုထုတ်ပြီးတိုင်း
ချက်တွေကိုတွေ့ ရပြီဆိုရင်အဲဒါတွေကိုပြင်ဆင်ပေးနိုင်တဲ့ Services Pack တွေ Security Patch လေးတွေ
သူထုတ်ပေးလေ့ရှိသလို Oracle ကလည်းသူ့ ရဲ့ java product တွေအတွက်ကိုထုတ်ပေးလေ့ရှိပါတယ်။
အခြားသော company တွေလည်းဒီလိုမျိုး Update လေးတွေထုတ်ပေးလေ့ရှိပါတယ်။
ကဲ..ထားတော့ကျွန်တော်တို့ အနေနဲ့ windows product တွေအခြေခံပြီးပြောမှာမို့ လို့ windows Product တွေအကြောင်းနဲ့ ပဲလေ့လာကြပါစို့ ဗျာ။ကဲ..ကျွန်တော်တို့  windows xp ကနေစပြီးလေ့လာ
ကြရအောင်။ windows xp ကို 2001 ခုနှစ်၊ August လ 24 ရက်နေ့ ကတရားဝင်ထုတ်ပြီးဖြန့် ချိခဲ့ပါတယ်။
XP ဆိုတာကတော့ eXPerience ကို အတိုကောက်ခေါ်ထားတာဖြစ်ပြီး user experience လို့ ရည်ညွှန်းခဲ့
တာဖြစ်ပါတယ်။
ပေါ်ကာစတော့အများသိကြတဲ့အတိုင်း လူကြိုက်များတာပေါ့ဗျာ။ Interface လေးကလည်းလှတယ်။ အရင်
ပေါ်ခဲ့တဲ့ windows 98, windows me, windows 2000 တို့ ထက်ကို GUI ပိုလှပြီး user friendly ဖြစ်တဲ့
အတွက် လူတွေပိုပြီးလည်းစိတ်ဝင်စားပြီးအကြိုက်လည်းတွေ့ စေခဲ့ပါတယ်။ဒါပေမဲ့လို့ ထုတ်ပြီးသိပ်မကြာခင်
မှာကမ္ဘာတစ်ဝှမ်းက security experts တွေ၊ Programmers တွေနဲ့ အခြားသော IT ပညာရှင်တွေဟာ
လုံးကိုပြန်သိမ်းဖို့ ကလည်းမဖြစ်နိုင်။ ဒီတော့ microsoft website ကနေအဲဒီ ချို့ ယွင်းအားနည်းချက်တွေ
ကိုပြင်ဆင်တဲ့ Windows Service Packs တွေကိုထုတ်ပြီးတော့ သုံးနေတဲ့ windows XP တွေမှာ upgrade
လုပ်စေခဲ့ပါတယ်။သူထုတ်တဲ့ Product တွေကလည်း Windows XP media Edition နဲ့ Windows XP
Professional Edition နှစ်မျိုးကိုအဓိကထုတ်လုပ်ထားပြီး 32-bits( x-86 ) နဲ့ 64-bits Hardwares တွေ
နဲ့ လိုက်ဖက်ညီမယ့် 32-bits ကော...64-bits ကောပါထုတ်လုပ်ထားပါတယ်။
 Service Pack 1
2002 ခုနှစ် စက်တင်ဘာလ 9 ရက်နေ့ မှာ Windows XP Service Pack 1 ကိုထုတ်ပေးခဲ့ပါတယ်။ RTM
hot-fixes တွေ အချို့ သော software တွေနဲ့ compactable မဖြစ်တဲ့ errors တွေ .Net framework
support မလုပ်တဲ့ဟာတွေကိုပြင်ဆင်တဲ့ service pack ဖြစ်ပါတယ်။ အဲဒီ service pack မှာ windows
messanger ကို version 4.7 အထိမြှင့်တင်ပေးခဲ့ပြီး USB 2.0 ကို support လုပ်စေခဲ့ပါတယ်။ 
Service Pack 2 
Service Pack 2 ကိုတော့ 2004 ခုနှစ် August 25 ရက်နေ့ မှာထုတ်ခဲ့ပါတယ်။ SP2 လို့ ကျွန်တော်တို့ 
အတိုကောက်ခေါ်ကြတဲ့ ဒီ service pack မှာတော့ Windows XP ကို Laptop တွေမှာသုံးတဲ့ အခါ
Wi-Fi security အတွက်ကို WPA ကိုထည့်သွင်းပေးခဲ့ပါတယ်။ IE 6 မှာ Pop-up blocker နဲ့ Bluetooth
support ကိုထည့်သွင်းပေးထားပါတယ်။ windows update ကိုအဆင့်မြှင့်ခဲ့ပြီး windows firewall function လည်းပါဝင်လာခဲ့ပါတယ်။Data Execution Prevention ကိုလည်းထည့်သွင်းထားခဲ့ပါတယ်။
အခြားသော Third-party Antivirus တွေကိုလည်း install လုပ်ဖို့ support ခဲ့ပါတယ်။
Service Pack 3 
Service pack 3 ကိုတော့ 2008 April 21 နဲ့ july 10 ရက်တွေမှာ ထုတ်ပြီးတော့ IE 7,8 တို့ ကို installed လုပ်စေနိုင်ပါတယ်။ 
အထောက်အကူဖြစ်စေလဲဆိုတာကိုသိစေအောင်လို့ ပါ။အခြားသော Detail ကျတဲ့ fixed တွေကိုတော့
ချန်လှပ်ထားခဲ့ပြီး visitor တို့ အတွက်အဓိကကျတဲ့ function upgrade လုပ်တာကို တင်ပြချင်တာဖြစ်ပါ
တယ်။ဒါကြောင့်မို့ လို့ ကျွန်တော်တို့ အနေနဲ့ visitor တွေအသုံးပြုနေတဲ့ computer ဟာ windows xp
ဖြစ်ခဲ့မယ်ဆိုရင် Service Pack 2 (သို့ ) 3 ဖြစ်အောင် မြှင့်ပြီးအသုံးပြုပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။
My computer မှာ right click ထောက်ပြီး Properties ရွေးလိုက်ပါ။
ဒါဆိုရင် ပုံထဲကလို ကိုယ့် windows service pack ကိုမြင်နိုင်မှာဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါတယ်
ဗျာ။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...