Thursday, October 25, 2012

Matrix Rain လေးလုပ်ကြမယ်.......

ကဲ...ခုတစ်ခေါက်တော့ Tips & Tricks အနေနဲ့ matrix rain လေးလုပ်ကြမယ်ဗျာ။ ဂဏာန်းလေးတွေ
တန်းစီပြီးမိုးရွာသလိုမျိုးကျလာမယ့် tricks လေးပေါ့ဗျာ။






ဒါလေးကိုလုပ်နိုင်ဖို့ အတွက်ကျွန်တော်တို့ က notepad ကိုဖွင့်ပါ။ ပြီးရင် အောက်က
 code လေးတွေထည့်ပါ။

@echo off
color 02
:start
echo %random% %random% %random% %random% %random% %random% %random% %random% %random% %random%
goto start


ဒါမှမဟုတ် အပေါ်က code တွေကို copy ကူးပြီး file name ကို (ကိုယ်ကြိုက်ရာနာမည်).bat နဲ့ သိမ်းလိုက်
ပါ။




ဒါကတော့သိမ်းရမယ့်ပုံစံပါ။ကျွန်တော်ကတော့ matrix.bat လို့ ပဲပေးလိုက်ပါတယ်။ Matrix နေရာမှာကိုယ်
ကြိုက်ရာအမည်ပေးလို့ ရပါတယ်။ ပြီတော့ အဲဒီ file ကို double-click နှိပ်ပြီး run လိုက်ရင် command prompt နဲ့ ဂဏာန်းတွေတန်းစီပြီး မိုးရွာသလိုကျလာလိမ့်မယ်။ စမ်းကြည့်လိုက်ဦးနော်။


batch file tutorial အဖြစ်ဒါလေးကိုတင်လိုက်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတင်လိုက်
တာဖြစ်ပါတယ်။ windows ထဲမှာ default ပါပြီးသားဖြစ်တဲ့ batch file တွေဟာ Computer တစ်ခုလုံးက Services တွေကိုထိန်းချုပ်နိုင်တဲ့အထိလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒါလေးကတော့ Tips & Tricks အနေနဲ့ တင်ပေးလိုက်ခြင်းပါတယ်။ အားလုံးပဲအဆင်ပြေပြီး ဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။
 



No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...