Thursday, October 25, 2012

Online ပေါ်မှာတင်Router Configuration လေးလုပ်ကြစို့ 

IT နဲ့ နည်းပညာများ ကိုစိတ်ဝင်စားကြတဲ့ချစ်ကြတဲ့ကျွန်တော့် blog visitor များအတွက်ခုတစ်ခါမှာတော့ ကျွန်တော်က Router Configuration လေးကိုဘယ်လိုလုပ်ရမလဲဆိုတာကို online မှာတင်အစမ်း
ကျင့်နိုင်တဲ့ Emulators လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖတ်ရှုသူတွေအနေနဲ့ လည်း ဒီ Emulators လေးနဲ့ စမ်းသပ်ပြီး Real Device တွေမှာအခက်အခဲမရှိပဲအလွယ်တကူမိမိစိတ်ကြိုက် configure လုပ်နိုင်ပါလိမ့်မယ်။ တစ်ချို့ သော function တွေ ( Save, Reboot,....) ကတော့ Emulators ဖြစ်တဲ့အတွက် တော့မရနိုင်ပါဘူး။အဲဒီ function လေးတွေကတော့ တကယ့် real device တွေမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ....IT ကိုစိတ်ဝင်စားတဲ့သူတွေ
နောက်ပြီးတော့ Wireless Networking အကြောင်းကိုလေ့လာနေတဲ့သူတွေအတွက်တစ်နည်းတစ်ဖုံ
အထောက်အပံ့ဖြစ်စေတယ်ဆိုရင်ပဲကျေနပ်လှပါပြီ။




ကျွန်တော့်ကို Router Configuration လုပ်နည်းနဲ့ Router Maintenance လုပ်ပုံလုပ်နည်းတွေကို
သင်ကြားပေးခဲ့တဲ့ ကိုငြိမ်းချမ်းမိုး ( Service Manager - Lucky Bird Co.,Ltd) နဲ့ ကျွန်တော်ကို့ ယုံ
ယုံကြည်ကြည်နဲ့ Oncall Networking Services တွေကို Senior Service Technician ရာထူးနဲ့ 
တာဝန်ထမ်းဆောင်စေခဲ့တဲ့ Lucky Bird Co.,Ltd ကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
ကျွန်တော့်အနေနဲ့ ဘ၀တိုးတက်ရာတိုးတက်ကြောင်းရှာဖွေခဲ့ပေမယ့်ကျွန်တော့်ကို IT ပညာတွေသင်
ကြားပေးခဲ့ပြီးယုံယုံကြည်ကြည်နဲ့ အလုပ်တာဝန်တွေလုပ်စေခဲ့တဲ့ IGE Co.,Ltd , Lucky Bird Co.,Ltd,Gemini Computer Co.,Ltd , Zora Internet Cafe နဲ့ သင်ကြားပေးခဲ့တဲ့ဆရာသမား
(သင်ဆရာ၊မြင်ဆရာ)အားလုံးကိုကျေးဇူးတင်ကြောင်းဒီနေရာကနေပြောလိုပါတယ်...ခင်ဗျာ။


ကိုငြိမ်းချမ်းမိုးသင်ပေးတုန်းကတော့ ကျွန်တော်က တကယ့် real Device တွေနဲ့ လုပ်ခဲ့ရတာပါ။အခက်
အခဲတွေ၊အတွေ့ အကြုံတွေလည်းအများကြီးရခဲ့ပါတယ်။ခုကျွန်တော်ပြောမယ့် Emulator လေးကတော့
တကယ့် Real Device ပေါ်မှာမဟုတ်တဲ့အတွက်ကြောင့် error ဖြစ်ရင် တစ်ရုံးလုံး နဲ့ ကိုယ့် network ကို
ထိခိုက်စေမှာမဟုတ်ပါဘူး။အစမ်းသဘောလေ့ကျင်တဲ့သဘောအနေဲ့ ဒါလေးကိုလေ့ကျင့်ပါ။ပြီးတော့မှ
Real Device တွေကိုလုပ်နိုင်စေမှာဖြစ်ပါတယ်။


ကဲ..ဟုတ်ပြီ...ကျွန်တော်တို့ စမ်းမယ့်ဟာက TP Link brand ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်မယ့် Emulator လေးရှိတဲ့နေရာကိုသွားဖို့ Mozilla Firefox (သို့ ) အခြား web browser တစ်ခုခုကိုဖွင့်မယ်။
အင်တာနက်ရှိရပါမယ်။ပြီးရင် address bar မှာ ဒါလေး  ကိုဖွင့်လိုက်ပါ။ အဲဒါဆိုရင်


ဒီလိုပုံလေးပေါ်လာပါမယ်။ ညာဘက်မှာ Wireless တို့ ဘာတို့ ညာတို့ ရှိပါမယ်။ Scroll ဆင်းလိုက်ပါ။



 အဲဒါဆိုရင်ခုပုံလေးထဲကလို သူ့ Model နံပါတ်တစ်ခုချင်းစီနဲ့ Device တွေကိုတွေ့ ရပါလိမ့်မယ်။ ကိုယ်
စမ်းချင်တဲ့ ဟာတစ်ခုခုကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဒီလိုလေးပေါ်လာပါမယ်။


ကဲ...ဒါဆိုရင် Router Configure interface ထဲရောက်သွားပါပြီ။ သူကဘယ်က item တစ်ခုချင်းစီကိုနှိပ်
လိုက်မှသာ အလယ်မှာပြပေးတဲ့ပုံစံနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။ ကဲ...စမ်းကြည့်လိုက်ကြပါဦးနော်။


အားလုံးပဲအဆင်ပြေပြီး ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။





No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...