Monday, October 15, 2012

msi installer package လေးအကြောင်း .....!!!!!

ကျွန်တော်တို့ တွေ windows မှာ installation လုပ်လို့ ရှိရင် file extension လေးတွေကစိတ်ဝင်စားစရာ ဗျ။ ရိုးရိုး installer file တွေအတွက်ကို *.exe ( executable ) တွေများပါတယ်။ ဒါပေမဲ့လည်း *.msi လို့ 
ခေါ်တဲ့ installer file လေးတွေလည်းရှိလေတော့ အဲဒါကဘာကိုဆိုလိုတာလဲ ? ဆိုတာကိုသိချင်ကြလိမ့် မယ်ထင်ပါတယ်။




msi ဆိုတာက Microsoft installer ကိုအတိုကောက်ခေါ်ဝေါ်တဲ့ installer package file တစ်မျိုးဖြစ်ပါတယ်။ msi file တွေကို installation, storage & remove program တွေလုပ်ဖို့ အတွက်
အသုံးပြုပါတယ်။ msi ဟာ package file ဖြစ်တာကြောင့် package ထဲမှာ file ပေါင်းများစွာပါဝင်ပါတယ်။
တစ်နည်းအားဖြင့်တော့ သူကလည်း compress/decompress လုပ်နိုင်စွမ်းလည်းရှိပါတယ်။ (ဥပမာ...ကျွန်တော်တို့ ဟာ Windows XP ကို service Pack 2 နဲ့ အသုံးပြုနေတယ်။ဒါပေမဲ့ Service Pack 3 ( ရိုးရိုး service pack ပဲ) ထပ်မြှင့်ရင် ဒီ compress ကိုမြင်တွေ့ နိုင်ပါတယ်။ )

ပြီးရင်သူ့ ထဲမှာပါတဲ့  *.exe နဲ့ run ပြီး installation လုပ်နိုင်ပါတယ်။ msi file တွေကို တစ်နည်းအားဖြင့် cabinet file လို့ လည်းခေါ်ကြတယ်ဗျ။ အခေါ်အဝေါ်အားဖြင့်တော့ထားပါတော့ဗျာ။ဒီလောက်ဆိုရင် msi file ဆိုတာ package installer ဖြစ်ပြီး package ထဲမှာ*.exe အပါအ၀င် file ပေါင်းများစွာနဲ့ ဖွဲ့ စည်းထားပြီး ဒီ extension နဲ့ ဆိုရင် ကြိုက်တဲ့ microsoft platform devices တွေမှာအသုံးပြုနိုင်တယ်။ rollback, extract တွေကိုလည်းလုပ်နိုင်ပြီးကိုယ်စိတ်ကြိုက် msi file လေးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် installer file တွေကိုပိုပြီးကျစ်ကျစ်လစ်လစ်တည်ဆောက်နိုင်မှာဖြစ်ကြောင်း
 TRC မှ post activity အဖြစ်ရေးသားတင်ပြလိုက်ရပါတယ်။


Msi installer file ကိုကိုယ်တိုင်စမ်းသပ်တည်ဆောက်လိုသူများ ဒီမှာ ဒေါင်းပါ..ခင်ဗျာ။

No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...