post အသစ်တစ်ပုဒ်တင်နိုင်ဖို့ အတွက်ကျွန်တော်လည်းရသမျှအချိန်လေးထဲနေကြိုးစားပြီးတင်ပေးလိုက်   ပါပြီ။ အားလုံးကိုပြောကြားထားတဲ့အတိုင်းပါပဲ...ကျွန်တော့်ကျေးဇူးရှင်ဦးလေးဆေးရုံတက်ရလောက်တဲ့   ကျန်းမာရေးကိစ္စကြောင့်ကျွန်တော့်အနေနဲ့ ယခုရက်ပိုင်းအတွင်းမှာအလုပ်လည်းများပါတယ်။ ဒါပေမဲ့ခုလို   စိတ်ရှည်ရှည်နဲ့ လာရောက်ဖတ်ရှုကြတဲ့ visitor များအတွက် post အသစ်လေးတွေတင်ပေးလိုက်ပါတယ်။
ခုတစ်လောမြင့်မားလာတဲ့နည်းပညာနဲ့ အရည်အသွေးပြိုင်ဆိုင်မှုတွေထဲမှာ နာမည်ကျော် Graphic Card ကုပ္မဏီကြီးနှစ်ခုဖြစ်တဲ့ Nvidia နဲ့ ATI တို့ ရဲ့ နည်းပညာအရည်အသွေးပြိုင်ဆိုင်မှုကိုနှိုင်းယှဉ်ဖော်ပြချက် အနေနဲ့ ရေးသားလိုပါတယ်။ Nvidia ကတော့ 3 way SLI နည်းပညာဖြစ်ပြီး ATI ကတော့ Cross fire နည်းပညာ တွေအကြောင်းကိုအဓိကထားရေးသားလိုပါတယ်။
SLI
SLI နဲ့ ပတ်သက်ပြီးကျွန်တော်တို့ လေ့လာမိသလောက်ကတော့ SLI ကို ၁၉၉၈ ကထုတ်တဲ့ Voodoo 2 Card မှာ 3dfx ဆိုတဲ့အမည်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက SLI ဆိုတာရှိခဲ့တာဖြစ်ပြီး SLI = Scan Line Interleaving ကိုအတိုကောက်ခေါ်ဝေါ်ခဲ့တာဖြစ်ပြီးသူ့ ရဲ့  အလုပ်လုပ်ပုံကတော့ GPU (Graphic Processing Unit .....Graphic Card တိုင်းမှာ GPU လို့ ခေါ်တဲ့အဓိ က Operate လုပ်ပေးတဲ့ chip လေးရှိပါတယ်။) က Graphic Works ကို Group of Lines တစ်ခုစီအနေနဲ့ ခွဲခြမ်း စိတ်ဖြာ အလုပ်လုပ်စေပါတယ်။ ( သဘောကတော့ Graphic နဲ့ ပတ်သက်လို့ processing လုပ်ရမယ့် data တွေကို စုံ၊မ ခွဲလိုက်ပြီး စုံတွေကိုသပ်သပ်တစ်လိုင်းနဲ့ အလုပ်လုပ်စေတယ်။မတွေကိုသပ်သပ်တစ်လိုင်း နဲ့ စုပြီးအလုပ်လုပ်စေတာမျိုးဖြစ်ပါတယ်။ ) Nvidia က 3dfx နည်းပညာကို ၂၀၀၁ ခုနှစ်, April လ -19 မှာဝယ်ယူခဲ့ပြီးတော့ update အနည်းငယ်ပြုလုပ်ခဲ့ပြီးတော့ သူတို့ ရဲ့ june 2004 မှာထုတ်တဲ့ Graphic Card မှာဒီနည်းပညာအကြောင်းကိုမိတ်ဆက်ခဲ့ပါတယ်။ SLI အမည်ကိုလည်း Salable Link Interface ဆိုပြီး definition ပြောင်းခဲ့ပါတယ်။
ကဲ...ဒါကတော့ SLI နည်းပညာအကြောင်းနဲ့ Nvidia ကဘယ်လိုရယူခဲ့လဲဆိုတဲ့သမိုင်းကြောင်းဖြစ်ပါတယ်။ ခုကတော့ SLI ရဲ့ အလုပ်လုပ်ပုံအသေးစိတ်ကိုပြောခဲ့ပြီးပါပြီ။ဒီထက်နည်းနည်းအသေးစိတ်ထပ်လေ့လာကြ ရအောင်......
SLI ကတော့အောက်ပါအဆင့်ဆင့်အတိုင်းအလုပ်လုပ်ဆောင်တာဖြစ်ပါတယ်။
(1) SFR ( Split Frame Rendering) - Graphic frame တစ်ခုကိုအစိတ်အပိုင်းနှစ်ခု
အဖြစ်ခွဲထုတ်ပြီးတော့ မတူညီတဲ့ GPU နှစ်ခုစီပို့ ပါတယ်။ SLI ကို သုံးဖို့ Graphic Card နှစ်ကဒ်လိုပါတယ်။ ဒါမှသာ SLI mode ကိုသုံးနိုင်မှာဖြစ်ပါတယ်။
(2) AFR ( Alternate Frame Rendering) - GPU တစ်ခုက frame တစ်ခုလုံး processing လုပ်နိုင်ပါတယ်။ GPU တစ်ခုက current frame တစ်ခုကို processing လုပ်နေသလို နောက် GPU တစ်ခုကလည်း frame တစ်ခုကို render လုပ်ပြီး Process လုပ်နိုင်ဖို့ အသင့်ပြင်ထားပါတယ်။ တကယ်လို့  ပထဆုံး frame ကို processing လုပ်ပြီးတာနဲ့  ဒုတိယ frame ဟာလည်း rendering လုပ်ပြီး Processing လုပ်ဖို့ အသင့်ဖြစ်နေပါပြီ။အဲသလိုပဲ..တတိယ frame ၀င်လာရင်လည်း render ကိုတစ်ခါတည်းလုပ်ဖို့ အ သင့်ဖြစ်စေပြီး GPU အားတာနဲ့ processing လုပ်နိုင်စေပါတယ်။ဒါကို 3-ways SLI လို့ ခေါ်တာဖြစ်ပါတယ်။
AFR of SFR - ဒါကတော့ SLI ကို Quad လုပ်ပြီးသုံးတဲ့ system ဖြစ်ပါတယ်။ တကယ်လို့ GPU နှစ်ခုက SFR mode အနေနဲ့ Frame တစ်ခုကို Process လုပ်နေချိန်မှာ အခြားသော GPU နှစ်ခုကလည်း နောက်ထပ် frame တစ်ခုကို SFR Mode နဲ့ ပဲ Processing လုပ်နေပြီဖြစ်ပါတယ်။
(3) SLI AA ( Anti-Aliasing ) ဒါကတော့ game performance ကိုထက်ကို image quality ကိုပိုကောင်း စေတာပါ။ ဒီ mode နဲ့ run မယ်ဆိုရင်တော့ game ကိုနှေးကွေးစေနိုင်ပြီး ပုံထွက်တော့ အလွန်ကောင်းမွန် စေပါတယ်။ ရိုးရိုး Graphic Card တစ်ကဒ်မှာဆိုရင်တော့ 4x (or) 8 x Anti-Aliasing mode ရနိုင်ပေ မယ့် SLI သုံးထားတဲ့ ကတ်တွေမှာတော့ 8x,16x (or) 32 x နဲ့ ကိုယ့်စိတ်ကြိုက်ရနိုင်စေပါတယ်။ windows Vista မှာတော့ ဒီ mode ကိုမရနိုင်ပါ။
SLI ကို PCI Card အနေနဲ့ ရနိုင်တာဖြစ်ပြီး x16 PCI slots အနည်းဆုံးသုံးခုလောက်ပါဝင်ပြီး Nvidia 3-ways SLI ကို support လုပ်နိုင်တဲ့ motherboard နဲ့ အသုံးပြုမှာသာအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။
ဟုတ်ပြီဗျာ။ကတ်တွေကိုစိုက်ပြီးပါပြီ။ ဘယ်လိုအချိတ်အဆက်လုပ်မလဲဆိုတော့ Private Connector (သို့ ) SLI Bridge တစ်ခုတော့လိုမှာပေါ။ ကတ်တွေစိုက်ပြီး SLI Bridge နဲ့ ချိတ်ပေးရပါမယ်။ တစ်ခု၇ှိတာက အဲဒီ device က PCI Bus speed ကို အသုံးမပြုတဲ့အတွက် mothberboard ပေါ်က PCI slot က x8 ဖြစ်နေ လည်းကိစ္စတော့မရှိပါ။ ခြွင်းချက်အနေနဲ့ Nvidia Geforce 66000, 7100 နဲ့ 7300 series တွေကတော့ SLI bridge မလိုပါ။
Graphic Card တွေကို SLI သုံးမယ်ဆိုရင် GPU တူရမယ်၊ Manufacturer တူရမယ်၊ Graphic BIOS တူ  ရပါမယ်။ Geforce 6600 ကတော့ SLI ကို support လုပ်ပါတယ်။ Geforce 8800 GTX, Geforce 8800 Ultra, Geforce GTX 260 နဲ့ Geforce GTX 280 ကတ်တွေ ကတော့ 3-ways  SLI ကို အပြည့်အ၀ support လုပ်ပါတယ်။ ဒီ ကတ်တွေကသုံးတဲ့ mode မှာတော့ SLI connector တစ်ခုထပ်မံပါဝင်တဲ့ SLI Bridged ( စုစုပေါင်းနှစ်ခု) နဲ့ သုံးရတာဖြစ်ပါတယ်။ပုံလေးကိုကြည့်လိုက်ပါ။
Quad SLI အတွက်ဆိုရင်တော့ graphic card 4 ခုအထိသုံးစရာမလိုပါဘူး။ Geforce 7950GX2 နှစ်ကတ် (သို့ ) Geforce 9800GX2 နှစ်ကတ်ကို parallel installed လုပ်ထားရုံနဲ့ ရနိုင်ပြီဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့အဲဒီအမျိုးအစား graphic card တစ်ခုစီမှာ GPU နှစ်ခုစီပါဝင်တာဖြစ်ပြီး နှစ်ကတ်ပေါင်း (စုစုပေါင်း) GPU 4 ခုဖြစ်သွားလို့ ပါပဲ။
problem ရယ်လို့ ပြောရမယ့်အချက်တစ်ခုတော့ရှိတယ်ဗျ။သူက multi display တော့မရဘူး။ monitor တစ်လုံး(သို့ ) output device တစ်ခုနဲ့ ပဲ SLI ကိုအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။
Theory အရပြောရမယ်ဆိုရင်တော့ Game performance ကိုနှစ်ဆပိုမြန်စေမယ်လို့ ဆိုထားပေမယ့် practical မှာတော့ ထူးထူးခြားခြားဖြစ်စေတာတော့မတွေ့ ရပါဘူး။ တစ်ချို့ သော Games တွေမှာတော့ performance ပိုကောင်းလာတာကိုတွေ့ ရပြီး 100% လောက် performance တက်လာမျိုးမရှိပါဘူး။
Hybrid SLI - ဒါကတော့ Geforce Boost နဲ့ Hybrid power နည်းပညာနှစ်ခု ကိုပေါင်းထား တဲ့နည်းပညာ တစ်ခုဖြစ်ပါတယ်။
Geforce Boost နည်းပညာကတော့ Motherboard မှာပါတဲ့ on board video ကို 3D performace ပို ကောင်းစေအောင်မြှင့်ပေးတဲ့ feature ဖြစ်ပါတယ်။ ဒီနည်းပညာကို support လုပ်တဲ့ motherboard တွေကတော့အခြေခံအားဖြင့် Nvidia chipset နဲ့ လာတာဖြစ်ပြီး (သို့ ) Nvidia နဲ့ partner jointed တွေဖြစ်ပြီးတော့ အဲဒီ Motherboard တွေမှာ တကယ့် Graphic Card အစစ်ကို install လုပ်ပြီးစက်ဖွင့် လိုက်ရင် on-board + graphic card တို့ ဟာ parallel SLI အဖြစ်အလုပ်တွဲဖက်လုပ်စေပြီး 3D performance ကို ကောင်းမွန်စွာလုပ်ဆောင်စေပါတယ်။
ဒီလိုတွဲဖက်လုပ်ဆောင်တာမျိုးကို Geforce 8400 GS နဲ့ 8500 GT ကတ်တွေမှာတွေ့ နိုင်ပါတယ်။
Hybrid power ဆိုတာကတော့ သင်ကတကယ်လို့ Game တို့ Graphical Software တွေမ run ဘူးဆိုရင်
Graphic card ကိုပိတ်ထားပြီး energy saving လုပ်ပေးတဲ့အဆင့်မြင့် features တစ်မျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင်တော့ motherboard မှာပါတဲ့ video supported chipset ကသာ ပုံမှန် video တွေအတွက် operate လုပ်ပေးတာဖြစ်ပါတယ်။ ဒီ Hybrid power သုံးဖို့ အကိုက်ညီဆုံး graphic card တွေကတော့ Geforce 9800GTX နဲ့  Geforce 9800GX2 အမျိုးအစားကတ်တွေပဲဖြစ်ပါတယ်။ အဲဒီ အမျိုးအစားကတ်တွေမဟုတ်ဘူးဆိုရင်တော့သင်ဟာဒီနည်းပညာကိုသုံးလို့ ရနိုင်မှာမဟုတ်ပါဘူး။
ဒီ Hybrid SLI နည်းပညာကအထက်ကပြောထားတဲ့ Geforce Boost နဲ့ Hybrid Power နည်းပညာနှစ်ခု ကိုပေါင်းစပ်ထားတာဖြစ်ပြီး တော့ windows vista မတိုင်ခင်က OS တွေ( Windows 200,XP ) တို့ နဲ့ အလိုက်ဖက်ဆုံးအသုံးပြုနိုင်စေပါတယ်။ ဒါကတော့ Nvidia ရဲ့ SLI နဲ့ 3-ways SLI နည်းပညာတွေအ ကြောင်းဖြစ်ပါတယ်။ ကဲ..ဒါဆို Cross Fire အကြောင်းဆက်ကြစို့ ဗျာ။
Cross Fire
Nvidia ကတစ်ဖက်မှာသူ့ ရဲ့ graphic နည်းပညာနဲ့ အရည်အသွေးကိုမြှင့်ပြီး Graphic Card လောကကို စိန်ခေါ်ပြိုင်ဆိုင်လာချိန်မှာ AMD ကလည်းသူ့ ရဲ့ ATI chipset သုံးတဲ့ Graphic Card တွေအတွက်ခြေ လှမ်းတွေနောက်မကျခဲ့ပါဘူး။ NVIDIA ရဲ့ SLI နည်းပညာ ထက်ကို ATI ရဲ့  Crossfire ကသာသွားတဲ့ အဓိကအချက်ကတော့ Graphic Card တွေရဲ့ GPU တွေတူစရာမလိုပါဘူး ....တစ်ချို့ သော setting လေး တွေ adjust လုပ်ရုံကလွဲပြီး GPU မတူတဲ့ Graphic Card တွေအချင်းချင်းချိတ်ဆက်ပြီးသုံးနိုင်စေပါတယ်။
Cross Fire နည်းပညာက အောက်ပါအဆင့်တွေကို image render လုပ်တဲ့နေရာမှာသုံးပါတယ်။
(1).Scissors: ဒါကတော့ SLI ရဲ့ SFR ( Split frame Rendering) နဲ့ လုပ်ဆောင်ပုံသဘောတရား
ချင်းဆင်ပါတယ်။ ဒါပေမဲ့အတိအကျတော့မတူပါဘူး။ Graphic Card နှစ်ကတ်ကို Cross Fire သုံးထားရင် Graphic Card နှစ်ကတ်အနက် GPU ပိုမြင့်တဲ့ Graphic Card က Processing လုပ်မယ့် Screen ရဲ့ တစ် ၀က်ကို ယူပြီး render လုပ်လိုက်ပါတယ်။ ပြီးတော့နောက်တစ်ကတ်ကလုပ်နေတဲ့ ကျန်ပုံရိပ်တစ်ဝက် render လုပ်နေတာကိုစိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့နောက် frame တစ်ခုအတွက်ကိုအသင့်ဖြစ်စေပါ တယ်။ မြန်တဲ့ ကတ်ကော နှေးတဲ့ကတ် ကော speed အတူတူနဲ့ အလုပ်လုပ်စေတယ်ဆိုရင် တော့ Performace ထိခိုက်စေပါလိမ့်မယ်။ဒီတော့ ဒါကိုဖြေရှင်းဖို့ Cross fire မှာ Dynamic Load Balancing ဆို တဲ့ features တစ်ခုပါဝင်လာပါတယ်။ ဒီ featues ကတော့ ပုံရိပ်ရဲ့ တစ်ဝက်စီကိုခွဲပြီး GPU နှစ်ခုဆီကိုပို့ တာ မဟုတ်ပါဘူး။ ပိုမြန်တဲ့ GPU ဆီကို ပုံရိပ်ရဲ့ ၎ ပုံ၃ ပုံ(သို့ ) သင့်လျော်သလိုပိုကြီးတဲ့အရွယ်အစားတစ်ခု နဲ့ render လုပ်စေပါတယ်။တစ်ချိန်နက်တည်းအခြား GPU ဆီကိုကျန်တဲ့ ၄ ပုံတစ်ပုံကိုပို့ ပြီးတစ်ချိန်တည်း render process လုပ်စေပါတယ်။ GPU နှစ်ခုလုံး တစ်ပြိုင်နက်တည်း render & process ကိုတစ်ချိန် တည်းအပြီးလုပ်ဆောင်စေတဲ့ feature ဖြစ်ပါတယ်။ ( GPU ရဲ့ speed တွေကိုလိုက်ပြီး လုပ်နိုင်မယ့်အတိုင်း အတာကို သတ်မှတ်ပြီး processing တစ်ပြိုင်နက်တည်းလုပ်စေတာပါ)
(2) Super Tiling - ဒီအဆင့်မှာတော့ Screen ကိုပိုမိုသေးငယ်တဲ့ Squre Portion ( tiles ) အဖြစ်ကို ခွဲခြမ်းတဲ့အဆင့်ဖြစ်ပါတယ်။ tile တစ်ခုစီမှာ 32 X 32 pixels စီရှိပြီးတော့ Graphics Cards ဒီ tiles လေး တွေကို Handle လုပ်ပေးပါတယ်။ တကယ်လို့ GPU speed မတူညီတဲ့ Graphic Card နှစ်ခုကို cross fire လုပ်သုံးထားရင် GPU ပိုမြန်တဲ့ Graphic Card ကအခြား GPU ရှိတဲ့ Graphic Card ထက်ကို tiles အများအပြားကိုဆွဲယူပြီး render လုပ်နိုင်စေပါတယ်။
(3) Alternate Frame Rendering (AFR) - AFR ကတော့ SLI AFR နဲ့ လုပ်ဆောင်ပုံချင်းတူတူပါပဲ။ တစ်ကတ်က video frame render လုပ်နေချိန်မှာကျန်တစ်ကတ်က နောက် frame ကို render လုပ်နေ တဲ့ လုပ်ဆောင်ချက်ကိုဆိုလိုတာပါ။
(4) Super AA - SLI AA နဲ့ တူတူပါပဲ။ Super AA ( Anti-Aliasing) က Game performance ထက် image quality ကိုပိုကောင်းအောင်စွမ်းဆောင်တာပါ။ ဒီအဆင့်မှာတော့ Super AA ကို x14 အထိမြှင့်သုံး နိုင်ပါတယ်။
ှSLI လိုပါပဲ ....PCI Express Card (x16) တွေနဲ့ လာတာဖြစ်ပြီး motherboard ကလည်း x16 PCI Slot တွေဖြစ်ဖို့ လိုပါတယ်။ Motherboard တွေက AMD/ATI (သို့ ) Intel Chipset တွေဖြစ်ဖို့ လိုပြီး PCI x16 slot နှစ်ခု (သို့ ) လေးခုလောက်ထိပါဖို့ လိုပါတယ်။( Cross Fire သုံးဖို့ အတွက်)။ Crossfire သုံးထားရင်
အဲဒီ PCI 16x Slot တွေက x8 နဲ့ သာအလုပ်လုပ်ပါတယ်။ (မှတ်ချက်အနေနဲ့ သတိပြုနိုင်အောင်ပါ)
Crossfire ကလည်း single Display ( monitor တစ်ခု (သို့ ) output တစ်ခု) ပဲအသုံးပြုလို့ ရပါတယ်။ Multi Dispaly ( monitor အများကြီးချိတ်ကြည့်တာတို့ ဘာတို့ ) မရပါ။
CrossFire မှာ မျိုးဆက် ( ၃ ) မျိုးရှိပါတယ်။
1.CrossFire - ပထမဆုံးပေါ်တဲ့ မျိုးဆက်ဖြစ်ပြီး problem နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Crossfire Edition လို့ ခေါ်တဲ့ master card ကိုလိုအပ်တာဖြစ်ပါတယ်။ ကတ်နှစ်ကတ်စိုက်ပြီး CrossFire လုပ်တော့မယ်ဆိုရင် တစ်ကတ်က CrossFire Edition( ဥပမာ..တစ်ကတ်က Radeon X850 Cross Fire Editon ) ဖြစ်ရမှာဖြစ်ပြီးနောက်တစ်ကတ်ကတော့ ရိုးရိုးသာ မန်ကတ်( Radeon X850 XT) ဖြစ်ရပါမယ်။ နှစ်ကတ်လုံးကတော့ Radeon X850 XT ဖြစ်လို့ မရပါဘူး။
ဒုတိယတစ်ခုကတော့ နှစ်ကတ်လုံးနဲ့ ချိတ်ဆက်ရမယ့် ကြိုးလိုတာဖြစ်ပါတယ်။ ဒုတိယကတ်က DMS-59 နဲ့ 
ပထမကတ် ( CrossFire Edition ကတ်) က VHDCI ( Very High Density Cable Interconnect) နဲ့ ချိတ်ဆက်ရမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
ဒီအမျိုးအစား Cross Fire က Resolution ကို 2560 X 1600 အထိမြှင့်နိုင်စွမ်းရှိပါတယ်။
အစောကပြောခဲ့သလိုပါပဲ ....Cross Fire လုပ်မယ့် ကတ်တွေက GPU တူဖို့ မလိုပါဘူး။ဒါပေမဲ့ သူနဲ့ လိုက်ဖက်တဲ့ Series တွေဖြစ်ဖို့ တော့လိုပါတယ်။
(2)Native Cross Fire - ဒုတိယမျိုးဆက် Cross Fire ဖြစ်ပြီး သူလည်း problem နှစ်မျိုးတော့ရှိတယ် ဗျ။ ပထမတစ်ခုကတော့ master card နဲ့  cable ဟာ bridge interface ( SLI bridged ) လိုမျိုး သုံးရတာ ဖြစ်ပါတယ်။ အမြင့်ဆုံး resolution က 2560 X 2048 ဖြစ်ပါတယ်။
(3) Corss Fire X - တတိယမျိုးဆက် Crossfire ဖြစ်ပြီးတော့AMD/ATI Chip သုံး Graphic Card လေးကတ်တစ်ပြိုင်နက် တည်းစိုက်ပြီး Native Cross Fire သုံးနိုင်တဲ့ Cross Fire အမျိုးအစားဖြစ်ပါတယ်။ ချိတ်ဆက်ရတဲ့ connector နဲ့ Bridge တွေဟာ Native နဲ့ အတူတူပဲဖြစ်ပြီး ကွာခြားချက်ကိုတော့ပုံကို ကြည့်လိုက်ပါ။ Radeon HD 3870 နဲ့  Radeon HD 3850 တို့ ဟာ Cross Fire X ကို support လုပ်ပါ တယ်။ Cross Fire X က AMD spider Gaming Platform ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ Cross Fire X ကိုသုံးမယ်ဆိုရင်တော့ motherboard မှာ ကတ်လေးကတ်စိုက်နိုင်တဲ့ support လုပ်နိုင်တဲ့ motherboard ကို essential အနေနဲ့ လိုအပ်မှာဖြစ်ပါတယ်။
Hybrid CorssFire X
ဒါကလည်း Nvidia ရဲ့ Hybrid နဲ့ အတူတူပဲဖြစ်ပါတယ်။ on board ပေါ်က video performance ကို တကယ့် real graphic card စိုက်လိုက်တာနဲ့ parallel crossfire အနေနဲ့ လုပ်ဆောင်ပြီး Game performance ကိုပိုပြီးကောင်းမွန်လာစေပါတယ်။
ဒါပေမဲ့ Hybrid Cross Fire X ကိုအသုံးပြုမယ်ဆိုရင်တော့ Graphinc Card ရဲ့ Cross Fire နဲ့ လိုက်ဖက် မယ့် Chipset support လုပ်တဲ့ motherboard ကိုသုံးဖို့ လိုပါလိမ့်မယ်။
ကဲ...ဒီလောက်ဆိုရင် Nvidia ရဲ့ SLI နည်းပညာနဲ့ AMD ရဲ့ Cross Fire နည်းပညာတွေအကြောင်းအ ကြမ်းဖျင်းနားလည်မယ်လို့ ထင်ပါတယ်။ အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။
ခုတစ်လောမြင့်မားလာတဲ့နည်းပညာနဲ့ အရည်အသွေးပြိုင်ဆိုင်မှုတွေထဲမှာ နာမည်ကျော် Graphic Card ကုပ္မဏီကြီးနှစ်ခုဖြစ်တဲ့ Nvidia နဲ့ ATI တို့ ရဲ့ နည်းပညာအရည်အသွေးပြိုင်ဆိုင်မှုကိုနှိုင်းယှဉ်ဖော်ပြချက် အနေနဲ့ ရေးသားလိုပါတယ်။ Nvidia ကတော့ 3 way SLI နည်းပညာဖြစ်ပြီး ATI ကတော့ Cross fire နည်းပညာ တွေအကြောင်းကိုအဓိကထားရေးသားလိုပါတယ်။
SLI
SLI နဲ့ ပတ်သက်ပြီးကျွန်တော်တို့ လေ့လာမိသလောက်ကတော့ SLI ကို ၁၉၉၈ ကထုတ်တဲ့ Voodoo 2 Card မှာ 3dfx ဆိုတဲ့အမည်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက SLI ဆိုတာရှိခဲ့တာဖြစ်ပြီး SLI = Scan Line Interleaving ကိုအတိုကောက်ခေါ်ဝေါ်ခဲ့တာဖြစ်ပြီးသူ့ ရဲ့  အလုပ်လုပ်ပုံကတော့ GPU (Graphic Processing Unit .....Graphic Card တိုင်းမှာ GPU လို့ ခေါ်တဲ့အဓိ က Operate လုပ်ပေးတဲ့ chip လေးရှိပါတယ်။) က Graphic Works ကို Group of Lines တစ်ခုစီအနေနဲ့ ခွဲခြမ်း စိတ်ဖြာ အလုပ်လုပ်စေပါတယ်။ ( သဘောကတော့ Graphic နဲ့ ပတ်သက်လို့ processing လုပ်ရမယ့် data တွေကို စုံ၊မ ခွဲလိုက်ပြီး စုံတွေကိုသပ်သပ်တစ်လိုင်းနဲ့ အလုပ်လုပ်စေတယ်။မတွေကိုသပ်သပ်တစ်လိုင်း နဲ့ စုပြီးအလုပ်လုပ်စေတာမျိုးဖြစ်ပါတယ်။ ) Nvidia က 3dfx နည်းပညာကို ၂၀၀၁ ခုနှစ်, April လ -19 မှာဝယ်ယူခဲ့ပြီးတော့ update အနည်းငယ်ပြုလုပ်ခဲ့ပြီးတော့ သူတို့ ရဲ့ june 2004 မှာထုတ်တဲ့ Graphic Card မှာဒီနည်းပညာအကြောင်းကိုမိတ်ဆက်ခဲ့ပါတယ်။ SLI အမည်ကိုလည်း Salable Link Interface ဆိုပြီး definition ပြောင်းခဲ့ပါတယ်။
ကဲ...ဒါကတော့ SLI နည်းပညာအကြောင်းနဲ့ Nvidia ကဘယ်လိုရယူခဲ့လဲဆိုတဲ့သမိုင်းကြောင်းဖြစ်ပါတယ်။ ခုကတော့ SLI ရဲ့ အလုပ်လုပ်ပုံအသေးစိတ်ကိုပြောခဲ့ပြီးပါပြီ။ဒီထက်နည်းနည်းအသေးစိတ်ထပ်လေ့လာကြ ရအောင်......
SLI ကတော့အောက်ပါအဆင့်ဆင့်အတိုင်းအလုပ်လုပ်ဆောင်တာဖြစ်ပါတယ်။
(1) SFR ( Split Frame Rendering) - Graphic frame တစ်ခုကိုအစိတ်အပိုင်းနှစ်ခု
အဖြစ်ခွဲထုတ်ပြီးတော့ မတူညီတဲ့ GPU နှစ်ခုစီပို့ ပါတယ်။ SLI ကို သုံးဖို့ Graphic Card နှစ်ကဒ်လိုပါတယ်။ ဒါမှသာ SLI mode ကိုသုံးနိုင်မှာဖြစ်ပါတယ်။
![]()  | 
| ဒါကတော့ SFR အဆင့်ဖြစ်ပါတယ်။ အဲဒီမှာပြထားသလိုမျိုး Graphic Card နှစ်ခုက GPU နှစ်ခုစီကို အပိုင်းနှစ်ခုခွဲပြီးပို့ ပါတယ်။ | 
(2) AFR ( Alternate Frame Rendering) - GPU တစ်ခုက frame တစ်ခုလုံး processing လုပ်နိုင်ပါတယ်။ GPU တစ်ခုက current frame တစ်ခုကို processing လုပ်နေသလို နောက် GPU တစ်ခုကလည်း frame တစ်ခုကို render လုပ်ပြီး Process လုပ်နိုင်ဖို့ အသင့်ပြင်ထားပါတယ်။ တကယ်လို့  ပထဆုံး frame ကို processing လုပ်ပြီးတာနဲ့  ဒုတိယ frame ဟာလည်း rendering လုပ်ပြီး Processing လုပ်ဖို့ အသင့်ဖြစ်နေပါပြီ။အဲသလိုပဲ..တတိယ frame ၀င်လာရင်လည်း render ကိုတစ်ခါတည်းလုပ်ဖို့ အ သင့်ဖြစ်စေပြီး GPU အားတာနဲ့ processing လုပ်နိုင်စေပါတယ်။ဒါကို 3-ways SLI လို့ ခေါ်တာဖြစ်ပါတယ်။
![]()  | 
| AFR 3-ways SLI tech | 
AFR of SFR - ဒါကတော့ SLI ကို Quad လုပ်ပြီးသုံးတဲ့ system ဖြစ်ပါတယ်။ တကယ်လို့ GPU နှစ်ခုက SFR mode အနေနဲ့ Frame တစ်ခုကို Process လုပ်နေချိန်မှာ အခြားသော GPU နှစ်ခုကလည်း နောက်ထပ် frame တစ်ခုကို SFR Mode နဲ့ ပဲ Processing လုပ်နေပြီဖြစ်ပါတယ်။
![]()  | 
| ဟဲ..ဟဲ...GPU တွေကလည်း CPU တွေလိုပဲ Dual Core တို့ ...Core 2 တို့ မျိုး လုပ်နိုင်တယ်နော် | 
(3) SLI AA ( Anti-Aliasing ) ဒါကတော့ game performance ကိုထက်ကို image quality ကိုပိုကောင်း စေတာပါ။ ဒီ mode နဲ့ run မယ်ဆိုရင်တော့ game ကိုနှေးကွေးစေနိုင်ပြီး ပုံထွက်တော့ အလွန်ကောင်းမွန် စေပါတယ်။ ရိုးရိုး Graphic Card တစ်ကဒ်မှာဆိုရင်တော့ 4x (or) 8 x Anti-Aliasing mode ရနိုင်ပေ မယ့် SLI သုံးထားတဲ့ ကတ်တွေမှာတော့ 8x,16x (or) 32 x နဲ့ ကိုယ့်စိတ်ကြိုက်ရနိုင်စေပါတယ်။ windows Vista မှာတော့ ဒီ mode ကိုမရနိုင်ပါ။
SLI ကို PCI Card အနေနဲ့ ရနိုင်တာဖြစ်ပြီး x16 PCI slots အနည်းဆုံးသုံးခုလောက်ပါဝင်ပြီး Nvidia 3-ways SLI ကို support လုပ်နိုင်တဲ့ motherboard နဲ့ အသုံးပြုမှာသာအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။
![]()  | 
| SLI သုံး မယ့် Nvidia PCI x16 card အားတွေ့ ရစဉ် | 
ဟုတ်ပြီဗျာ။ကတ်တွေကိုစိုက်ပြီးပါပြီ။ ဘယ်လိုအချိတ်အဆက်လုပ်မလဲဆိုတော့ Private Connector (သို့ ) SLI Bridge တစ်ခုတော့လိုမှာပေါ။ ကတ်တွေစိုက်ပြီး SLI Bridge နဲ့ ချိတ်ပေးရပါမယ်။ တစ်ခု၇ှိတာက အဲဒီ device က PCI Bus speed ကို အသုံးမပြုတဲ့အတွက် mothberboard ပေါ်က PCI slot က x8 ဖြစ်နေ လည်းကိစ္စတော့မရှိပါ။ ခြွင်းချက်အနေနဲ့ Nvidia Geforce 66000, 7100 နဲ့ 7300 series တွေကတော့ SLI bridge မလိုပါ။
![]()  | 
| SLI Bridge အားတွေ့ ရပုံ | 
![]()  | 
| 3-way SLI Bridge | 
problem ရယ်လို့ ပြောရမယ့်အချက်တစ်ခုတော့ရှိတယ်ဗျ။သူက multi display တော့မရဘူး။ monitor တစ်လုံး(သို့ ) output device တစ်ခုနဲ့ ပဲ SLI ကိုအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။
Theory အရပြောရမယ်ဆိုရင်တော့ Game performance ကိုနှစ်ဆပိုမြန်စေမယ်လို့ ဆိုထားပေမယ့် practical မှာတော့ ထူးထူးခြားခြားဖြစ်စေတာတော့မတွေ့ ရပါဘူး။ တစ်ချို့ သော Games တွေမှာတော့ performance ပိုကောင်းလာတာကိုတွေ့ ရပြီး 100% လောက် performance တက်လာမျိုးမရှိပါဘူး။
Hybrid SLI - ဒါကတော့ Geforce Boost နဲ့ Hybrid power နည်းပညာနှစ်ခု ကိုပေါင်းထား တဲ့နည်းပညာ တစ်ခုဖြစ်ပါတယ်။
Geforce Boost နည်းပညာကတော့ Motherboard မှာပါတဲ့ on board video ကို 3D performace ပို ကောင်းစေအောင်မြှင့်ပေးတဲ့ feature ဖြစ်ပါတယ်။ ဒီနည်းပညာကို support လုပ်တဲ့ motherboard တွေကတော့အခြေခံအားဖြင့် Nvidia chipset နဲ့ လာတာဖြစ်ပြီး (သို့ ) Nvidia နဲ့ partner jointed တွေဖြစ်ပြီးတော့ အဲဒီ Motherboard တွေမှာ တကယ့် Graphic Card အစစ်ကို install လုပ်ပြီးစက်ဖွင့် လိုက်ရင် on-board + graphic card တို့ ဟာ parallel SLI အဖြစ်အလုပ်တွဲဖက်လုပ်စေပြီး 3D performance ကို ကောင်းမွန်စွာလုပ်ဆောင်စေပါတယ်။
ဒီလိုတွဲဖက်လုပ်ဆောင်တာမျိုးကို Geforce 8400 GS နဲ့ 8500 GT ကတ်တွေမှာတွေ့ နိုင်ပါတယ်။
Hybrid power ဆိုတာကတော့ သင်ကတကယ်လို့ Game တို့ Graphical Software တွေမ run ဘူးဆိုရင်
Graphic card ကိုပိတ်ထားပြီး energy saving လုပ်ပေးတဲ့အဆင့်မြင့် features တစ်မျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင်တော့ motherboard မှာပါတဲ့ video supported chipset ကသာ ပုံမှန် video တွေအတွက် operate လုပ်ပေးတာဖြစ်ပါတယ်။ ဒီ Hybrid power သုံးဖို့ အကိုက်ညီဆုံး graphic card တွေကတော့ Geforce 9800GTX နဲ့  Geforce 9800GX2 အမျိုးအစားကတ်တွေပဲဖြစ်ပါတယ်။ အဲဒီ အမျိုးအစားကတ်တွေမဟုတ်ဘူးဆိုရင်တော့သင်ဟာဒီနည်းပညာကိုသုံးလို့ ရနိုင်မှာမဟုတ်ပါဘူး။
ဒီ Hybrid SLI နည်းပညာကအထက်ကပြောထားတဲ့ Geforce Boost နဲ့ Hybrid Power နည်းပညာနှစ်ခု ကိုပေါင်းစပ်ထားတာဖြစ်ပြီး တော့ windows vista မတိုင်ခင်က OS တွေ( Windows 200,XP ) တို့ နဲ့ အလိုက်ဖက်ဆုံးအသုံးပြုနိုင်စေပါတယ်။ ဒါကတော့ Nvidia ရဲ့ SLI နဲ့ 3-ways SLI နည်းပညာတွေအ ကြောင်းဖြစ်ပါတယ်။ ကဲ..ဒါဆို Cross Fire အကြောင်းဆက်ကြစို့ ဗျာ။
Cross Fire
Nvidia ကတစ်ဖက်မှာသူ့ ရဲ့ graphic နည်းပညာနဲ့ အရည်အသွေးကိုမြှင့်ပြီး Graphic Card လောကကို စိန်ခေါ်ပြိုင်ဆိုင်လာချိန်မှာ AMD ကလည်းသူ့ ရဲ့ ATI chipset သုံးတဲ့ Graphic Card တွေအတွက်ခြေ လှမ်းတွေနောက်မကျခဲ့ပါဘူး။ NVIDIA ရဲ့ SLI နည်းပညာ ထက်ကို ATI ရဲ့  Crossfire ကသာသွားတဲ့ အဓိကအချက်ကတော့ Graphic Card တွေရဲ့ GPU တွေတူစရာမလိုပါဘူး ....တစ်ချို့ သော setting လေး တွေ adjust လုပ်ရုံကလွဲပြီး GPU မတူတဲ့ Graphic Card တွေအချင်းချင်းချိတ်ဆက်ပြီးသုံးနိုင်စေပါတယ်။
Cross Fire နည်းပညာက အောက်ပါအဆင့်တွေကို image render လုပ်တဲ့နေရာမှာသုံးပါတယ်။
(1).Scissors: ဒါကတော့ SLI ရဲ့ SFR ( Split frame Rendering) နဲ့ လုပ်ဆောင်ပုံသဘောတရား
ချင်းဆင်ပါတယ်။ ဒါပေမဲ့အတိအကျတော့မတူပါဘူး။ Graphic Card နှစ်ကတ်ကို Cross Fire သုံးထားရင် Graphic Card နှစ်ကတ်အနက် GPU ပိုမြင့်တဲ့ Graphic Card က Processing လုပ်မယ့် Screen ရဲ့ တစ် ၀က်ကို ယူပြီး render လုပ်လိုက်ပါတယ်။ ပြီးတော့နောက်တစ်ကတ်ကလုပ်နေတဲ့ ကျန်ပုံရိပ်တစ်ဝက် render လုပ်နေတာကိုစိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့နောက် frame တစ်ခုအတွက်ကိုအသင့်ဖြစ်စေပါ တယ်။ မြန်တဲ့ ကတ်ကော နှေးတဲ့ကတ် ကော speed အတူတူနဲ့ အလုပ်လုပ်စေတယ်ဆိုရင် တော့ Performace ထိခိုက်စေပါလိမ့်မယ်။ဒီတော့ ဒါကိုဖြေရှင်းဖို့ Cross fire မှာ Dynamic Load Balancing ဆို တဲ့ features တစ်ခုပါဝင်လာပါတယ်။ ဒီ featues ကတော့ ပုံရိပ်ရဲ့ တစ်ဝက်စီကိုခွဲပြီး GPU နှစ်ခုဆီကိုပို့ တာ မဟုတ်ပါဘူး။ ပိုမြန်တဲ့ GPU ဆီကို ပုံရိပ်ရဲ့ ၎ ပုံ၃ ပုံ(သို့ ) သင့်လျော်သလိုပိုကြီးတဲ့အရွယ်အစားတစ်ခု နဲ့ render လုပ်စေပါတယ်။တစ်ချိန်နက်တည်းအခြား GPU ဆီကိုကျန်တဲ့ ၄ ပုံတစ်ပုံကိုပို့ ပြီးတစ်ချိန်တည်း render process လုပ်စေပါတယ်။ GPU နှစ်ခုလုံး တစ်ပြိုင်နက်တည်း render & process ကိုတစ်ချိန် တည်းအပြီးလုပ်ဆောင်စေတဲ့ feature ဖြစ်ပါတယ်။ ( GPU ရဲ့ speed တွေကိုလိုက်ပြီး လုပ်နိုင်မယ့်အတိုင်း အတာကို သတ်မှတ်ပြီး processing တစ်ပြိုင်နက်တည်းလုပ်စေတာပါ)
(2) Super Tiling - ဒီအဆင့်မှာတော့ Screen ကိုပိုမိုသေးငယ်တဲ့ Squre Portion ( tiles ) အဖြစ်ကို ခွဲခြမ်းတဲ့အဆင့်ဖြစ်ပါတယ်။ tile တစ်ခုစီမှာ 32 X 32 pixels စီရှိပြီးတော့ Graphics Cards ဒီ tiles လေး တွေကို Handle လုပ်ပေးပါတယ်။ တကယ်လို့ GPU speed မတူညီတဲ့ Graphic Card နှစ်ခုကို cross fire လုပ်သုံးထားရင် GPU ပိုမြန်တဲ့ Graphic Card ကအခြား GPU ရှိတဲ့ Graphic Card ထက်ကို tiles အများအပြားကိုဆွဲယူပြီး render လုပ်နိုင်စေပါတယ်။
(3) Alternate Frame Rendering (AFR) - AFR ကတော့ SLI AFR နဲ့ လုပ်ဆောင်ပုံချင်းတူတူပါပဲ။ တစ်ကတ်က video frame render လုပ်နေချိန်မှာကျန်တစ်ကတ်က နောက် frame ကို render လုပ်နေ တဲ့ လုပ်ဆောင်ချက်ကိုဆိုလိုတာပါ။
(4) Super AA - SLI AA နဲ့ တူတူပါပဲ။ Super AA ( Anti-Aliasing) က Game performance ထက် image quality ကိုပိုကောင်းအောင်စွမ်းဆောင်တာပါ။ ဒီအဆင့်မှာတော့ Super AA ကို x14 အထိမြှင့်သုံး နိုင်ပါတယ်။
ှSLI လိုပါပဲ ....PCI Express Card (x16) တွေနဲ့ လာတာဖြစ်ပြီး motherboard ကလည်း x16 PCI Slot တွေဖြစ်ဖို့ လိုပါတယ်။ Motherboard တွေက AMD/ATI (သို့ ) Intel Chipset တွေဖြစ်ဖို့ လိုပြီး PCI x16 slot နှစ်ခု (သို့ ) လေးခုလောက်ထိပါဖို့ လိုပါတယ်။( Cross Fire သုံးဖို့ အတွက်)။ Crossfire သုံးထားရင်
အဲဒီ PCI 16x Slot တွေက x8 နဲ့ သာအလုပ်လုပ်ပါတယ်။ (မှတ်ချက်အနေနဲ့ သတိပြုနိုင်အောင်ပါ)
Crossfire ကလည်း single Display ( monitor တစ်ခု (သို့ ) output တစ်ခု) ပဲအသုံးပြုလို့ ရပါတယ်။ Multi Dispaly ( monitor အများကြီးချိတ်ကြည့်တာတို့ ဘာတို့ ) မရပါ။
CrossFire မှာ မျိုးဆက် ( ၃ ) မျိုးရှိပါတယ်။
- CorssFire
 - Native CrossFire
 - CrossFireX
 
1.CrossFire - ပထမဆုံးပေါ်တဲ့ မျိုးဆက်ဖြစ်ပြီး problem နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Crossfire Edition လို့ ခေါ်တဲ့ master card ကိုလိုအပ်တာဖြစ်ပါတယ်။ ကတ်နှစ်ကတ်စိုက်ပြီး CrossFire လုပ်တော့မယ်ဆိုရင် တစ်ကတ်က CrossFire Edition( ဥပမာ..တစ်ကတ်က Radeon X850 Cross Fire Editon ) ဖြစ်ရမှာဖြစ်ပြီးနောက်တစ်ကတ်ကတော့ ရိုးရိုးသာ မန်ကတ်( Radeon X850 XT) ဖြစ်ရပါမယ်။ နှစ်ကတ်လုံးကတော့ Radeon X850 XT ဖြစ်လို့ မရပါဘူး။
ဒုတိယတစ်ခုကတော့ နှစ်ကတ်လုံးနဲ့ ချိတ်ဆက်ရမယ့် ကြိုးလိုတာဖြစ်ပါတယ်။ ဒုတိယကတ်က DMS-59 နဲ့ 
ပထမကတ် ( CrossFire Edition ကတ်) က VHDCI ( Very High Density Cable Interconnect) နဲ့ ချိတ်ဆက်ရမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
ဒီအမျိုးအစား Cross Fire က Resolution ကို 2560 X 1600 အထိမြှင့်နိုင်စွမ်းရှိပါတယ်။
![]()  | 
| 1st Gen Cross Fire | 
![]()  | 
| ဘယ်ဘက်က DMS-59 ဖြစ်ပြီး ညာဘက်က VHDCI ( Cross Fire Editon ကတ်က ) port interface တွေဖြစ်ပါတယ်။ | 
အစောကပြောခဲ့သလိုပါပဲ ....Cross Fire လုပ်မယ့် ကတ်တွေက GPU တူဖို့ မလိုပါဘူး။ဒါပေမဲ့ သူနဲ့ လိုက်ဖက်တဲ့ Series တွေဖြစ်ဖို့ တော့လိုပါတယ်။
(2)Native Cross Fire - ဒုတိယမျိုးဆက် Cross Fire ဖြစ်ပြီး သူလည်း problem နှစ်မျိုးတော့ရှိတယ် ဗျ။ ပထမတစ်ခုကတော့ master card နဲ့  cable ဟာ bridge interface ( SLI bridged ) လိုမျိုး သုံးရတာ ဖြစ်ပါတယ်။ အမြင့်ဆုံး resolution က 2560 X 2048 ဖြစ်ပါတယ်။
![]()  | 
| Native Cross fire X ရဲ့ ကတ် | 
![]()  | 
| Native Cross Fire ရဲ့ Bridged Adapter | 
(3) Corss Fire X - တတိယမျိုးဆက် Crossfire ဖြစ်ပြီးတော့AMD/ATI Chip သုံး Graphic Card လေးကတ်တစ်ပြိုင်နက် တည်းစိုက်ပြီး Native Cross Fire သုံးနိုင်တဲ့ Cross Fire အမျိုးအစားဖြစ်ပါတယ်။ ချိတ်ဆက်ရတဲ့ connector နဲ့ Bridge တွေဟာ Native နဲ့ အတူတူပဲဖြစ်ပြီး ကွာခြားချက်ကိုတော့ပုံကို ကြည့်လိုက်ပါ။ Radeon HD 3870 နဲ့  Radeon HD 3850 တို့ ဟာ Cross Fire X ကို support လုပ်ပါ တယ်။ Cross Fire X က AMD spider Gaming Platform ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ Cross Fire X ကိုသုံးမယ်ဆိုရင်တော့ motherboard မှာ ကတ်လေးကတ်စိုက်နိုင်တဲ့ support လုပ်နိုင်တဲ့ motherboard ကို essential အနေနဲ့ လိုအပ်မှာဖြစ်ပါတယ်။
![]()  | 
| 3rd Gen Cross Fire X | 
Hybrid CorssFire X
ဒါကလည်း Nvidia ရဲ့ Hybrid နဲ့ အတူတူပဲဖြစ်ပါတယ်။ on board ပေါ်က video performance ကို တကယ့် real graphic card စိုက်လိုက်တာနဲ့ parallel crossfire အနေနဲ့ လုပ်ဆောင်ပြီး Game performance ကိုပိုပြီးကောင်းမွန်လာစေပါတယ်။
ဒါပေမဲ့ Hybrid Cross Fire X ကိုအသုံးပြုမယ်ဆိုရင်တော့ Graphinc Card ရဲ့ Cross Fire နဲ့ လိုက်ဖက် မယ့် Chipset support လုပ်တဲ့ motherboard ကိုသုံးဖို့ လိုပါလိမ့်မယ်။
ကဲ...ဒီလောက်ဆိုရင် Nvidia ရဲ့ SLI နည်းပညာနဲ့ AMD ရဲ့ Cross Fire နည်းပညာတွေအကြောင်းအ ကြမ်းဖျင်းနားလည်မယ်လို့ ထင်ပါတယ်။ အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။
.jpg)










No comments:
Post a Comment