Monday, October 1, 2012
Windows Desktop icon တွေကိုမြန်မာလိုမြင်နိုင်၊ ရေးနိုင်ဖို့ ......
အမှန်တော့ဒါလေးကိုရေးဖို့ စဉ်းစားနေတာကြာပါပြီ။ ဒါပေမဲ့လည်းမရေးဖြစ်မရေးဖြစ်နေတာနဲ့ ခုတော့ ရေး
လိုက်ပါပြီ။ ဒီလိုဗျ...ကျွန်တော်တို့ Desktop မှာ icon လေးကို ကျွန်တော်တို့ သုံးနေတဲ့ Zawgyi လေးနဲ့ ( Ctrl + Shift ) နဲ့ ရိုက်ပြီးမြန်မာလိုပေါ်စေချင်တယ်ဆိုပါစို့ ။ ဒါပေမဲ့ဗျာ...ဒီလိုမျိုးလေးအတုံးအတုံးလေးတွေ
နဲ့ ပေါ်ပေါ်နေတယ်ဗျာ။
မြန်မာစာတွေက လေးထောင့်တုံးလေးတွေပေါ်နေပုံ
အဲဒါဆိုရင်ကျွန်တော်တို့ အနေနဲ့ ပြင်လို့ ရပါတယ်ဗျာ။ခုပြောမှာက windows 7 မှာလုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ရမယ့်သဘောတရားကတော့ windows xp မှာလည်းလုပ်လို့ ရသလို windows server 2008 မှာလည်းလုပ်လို့ ရမှာဖြစ်ပါတယ်။သဘောတ၇ားခြင်းအတူတူဖြစ်ပါတယ်။
ဒါဆို၇င်ဒီလိုပုံလေးပေါ်လာပါမယ်။
ပုံမှာဝိုင်းပြထားတဲ့ windows color ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင်
ပုံမှာဝိုင်းပြထားတဲ့ Advanced apperance setting ကိုနှိပ်လိုက်ပါ။
အဲဒါလေးကိုနှိပ်လိုက်ရင်ဒီလို Box လေးကျလာပါမယ်။ အဲဒီမှာ item အောက် က drop-down menu မှာ
icon ဆိုတာလေးကိုရွေးလိုက်ပါ။( ဒါမှကျွန်တော်တို့ က zawgyi font နဲ့ အသုံးပြုပြီး icon ကိုမြန်မာလို ရေးလို့ ရမှာပါ)
ဒီပုံလေးကတော့ Icon ကိုရွေးလိုက်ရင်သူ့ နဂို font နေရာမှာ default font ကိုရွေးထားလိမ့်မယ်။အဲဒီမှာ
ကျွန်တော်တို့ က Zawgyi-One font ကိုရွေးပေးရမှာပါ။
ခုလိုပုံလေးထဲကအတိုင်းဖြစ်သွားရင် Ok ပြီးရင် Save changes လုပ်လိုက်ပါ။ပြီးသွားရင်တော့ကျွန်တော်
ကဲ...မြန်မာလိုမြင်နိုင်ပါပြီဗျာ.....
ကဲ...ဒါဆိုရင် folder လေးတွေ icon လေးတွေကိုမြန်မာစာ( ဇော်ဂျီနဲ့ ) ရိုက်ချင်တယ်ဆိုရင်အလွယ်တကူ
နဲ့ Ctrl + Shift နဲ့ တင်ပဲမြန်မာလို ဖန်တီးနိုင်ပြီဖြစ်ကြောင်း tips & tricks တစ်ခုအနေနဲ့ ရေးသားလိုက်
ရပါတယ်..ခင်ဗျား။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...