Saturday, March 9, 2013
ကျွန်တော်ဖြတ်သန်းလာခဲ့သမျှ........my Timeline
2000 ခုနှစ်နောက်ပိုင်းများ 
ဆယ်တန်းအောင်ပြီးတော့ guide လုပ်ရင်းနဲ့ ကျောင်းဆက်တက်ခဲ့၊ ကွန်ပျူတာအခြေခံတို့ ..အင်္ဂလိပ်
စကားတို့ သင်ကြားခဲ့...ပထမဆုံးအလုပ်ကစာအုပ်ဆိုင်တစ်ဆိုင်မှာအရောင်းစာရေးလေး....နောက်တော့
အင်တာနက်ဆိုင်မှာ Internet အကူလေးအဖြစ်လုပ်ခဲ့...keyboard ဖုန်သုတ်...ကြမ်းတိုက်နဲ့ ...
2003 ခုနှစ်
ဘွဲ့ ရအောင် guide လုပ်ရင်းနဲ့ ကျောင်းပြီးလို့ ဘွဲ့ ရခဲ့ပါတယ်။နောက်တော့ Diploma in IT တက်ပါတယ်။
သူငယ်ချင်းတစ်ယောက်ကတော့ အဲဒီအချိန်မှာသင်တန်းတစ်ခုမှာသင်တန်းဆရာပေါက်စလေးဖြစ်နေပြီ။
အဲဒီအချိန်မှာတော့ computer အသုံးပြုတာရိုးရိုးသာမန် user level လောက်ပါပဲ။
2004-2007 ခုနှစ်
IT သင်တန်းလည်းပြီးသွာလို့ .....Gemini Internet နဲ့  Cyber Cafe မှာပထမ Internet Cafe Staff
လေးလုပ်ဖြစ်တယ်။နောက်ပိုင်းတော့ Hardware Technician လေးဖြစ်လာခဲ့ပါတယ်။စက်တွေလည်းစပြင်
ရသလို...သင်တန်းဆရာဖြစ်နေတဲ့သူငယ်ချင်းကလည်းသူသိချင်တာကိုယ့်ကိုမေး၊ကိုယ်သိချင်တာသူ့ ကိုမေးနဲ့ အဆင်ပြေခဲ့ကြတာပေါ့။ Hardware ပိုင်းကိုရပေမယ့်....Networking ပိုင်းကတော့စာတွေ့ ပဲရသေးပါတယ်။
အဲဒီသူငယ်ချင်းနဲ့ အတူတွဲဖက်ပြီး CCNA ကျောင်းသားလေးတွေကို Pratical A+ Hardware သင်တန်း
လေးအောင်မြင်စွာသင်ကြားပေးနိုင်ခဲ့သလို...နောက် Windows Vista သင်တန်းလေးကိုလည်းအောင်မြင်
စွာသင်ကြားပေးနိုင်ခဲ့ပါတယ်။ Pratical ဆရာအနေနဲ့ သင်ကြားပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းသူငယ်ချင်း
မအားတော့ Theory ကော၊ Pratical ကောနှစ်ခုလုံးကိုတွဲပြီးသင်ပေးခဲ့ရပါတယ်။
အဲဒီတပည့်လေးတွေလည်း အခုဆရာ့ထက်တော်တဲ့တပည့်လေးတွေဖြစ်နေပြီလို့ ကြားရပါတယ်။အဲလို
ကြားရလို့ အရမ်းဝမ်းသာရပါတယ်။ပညာအခြေခံရှိပြီးလိုချင်စိတ်ရှိသူတွေကို သင်ပေးခဲ့ရတဲ့ကိုယ့်စေတနာ၊
ကြိုးပမ်းအားထုတ်မှုတွေကအရာရောက်တယ်လို့ ပြောရမှာပါ။ တပည့်ဆိုတာ ဆရာထက်အမြဲတော်နေရ
မယ်လို့ ကျွန်တော်သူတို့ ကိုမှာထားခဲ့တဲ့စကား ကိုသူတို့ လုပ်နိုင်တဲ့အတွက်သူတို့ တာဝန်ကျေကြပါတယ်။
2008-2010 ခုနှစ်
Luckybird Computer Co.,Ltd မှာအလုပ်ရပါတယ်။ formal ကျတဲ့လုပ်ငန်းခွင်စည်းကမ်းများနဲ့ အရည်
အသွေးတိုးတက်စေခဲ့လို့ အလုပ်ဝင်စက ရိုးရိုး Service Technician ဘ၀ကနေနောက်ပိုင်းမှာတော့
Outgoing Service Team မှာ Senior Service Technician ဖြစ်ခဲ့ရပါတယ်။ Networking ပိုင်းများကို
Senior တွေရဲ့ Thinking နဲ့ လုပ်တာတွေကိုလေ့လာ၊ကိုယ်တိုင်လည်းလုပ်နဲ့ Networking ပိုင်းများလည်းလုပ်နိုင်လာ ပါတယ်။ Linux ကိုလည်းလေ့လာစမ်းသပ်ဖြစ်ခဲ့ပြီး Expert User အနေနဲ့ အသုံးပြုနိုင်စွမ်းရှိလာခဲ့ပါပြီ၊
Laptop ပြုပြင်နည်းတို့ ...Electornic ပိုင်းဆိုင်ရာများနဲ့ Wireless Devices များကိုလည်းကျွမ်းကျင်
ပိုင်နိုင်ခဲ့သလို Cafezee တို့ Defreeze တို့ နဲ့ အင်တာနက်ဆိုင်တို့ ၊ Game ဆိုင်တို့ လုပ်ပေးခဲ့သလို
Company ကြီးတွေဖြစ်တဲ့ UEC,ရွှေပြည်နန်း၊ Toyo Battery ၊ Marubeni တို့ ကိုလည်း Enterprised
Networking Service တွေလုပ်ပေးခဲ့ပါတယ်။
2010 - လက်ရှိ
IGE Co.,Ltd မှာ IT & Data Ware House Dept မှာ Executive တစ်ယောက်အဖြစ်နဲ့ နေပြည်တော်
မှာစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန် ကို သွားလိုက်ပြန်လိုက်ပေါ့။ မတူညီ
တဲ့လုပ်ငန်းသဘာဝကလာတဲ့အတွက်ကျွန်တော့်မှာအခက်အခဲတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအဆင်ပြေ
ခဲ့ပြီးတော့ Enterprised Network နဲ့ ပတ်သက်ပြီး ကိုယ့်အတွက်အများကြီးတတ်ကျွမ်းခဲ့ရပါတယ်။
Wi-fi Hotspot Zone ပေါင်းများစွာကိုလည်းတည်ဆောက်ခဲ့ရပြီး Enterprised Network ကြီး
နဲ့ ပေါင်းစပ်ထိန်းချုပ်ရတာမျိုးတွေလုပ်ခဲ့ရသလို fiber Optic နဲ့ ပတ်သက်လို့ သိကျွမ်းနားလည်ခဲ့ရတာ
တွေရှိခဲ့ပါတယ်။မြန်မာ့ဆက်သွယ်ရေး MPT မှာသင်တန်းတွေလည်းတက်ခဲ့ရပါတယ်။
နေပြည်တော် Safari Park တို့ ..National Guest House တို့ မှာလည်း Network တွေ လုပ်ခဲ့ရပါတယ်။
နောက်ပိုင်းရုံးက Journal ထုတ်တဲ့အတွက် Journal IT အဖြစ်နဲ့ ရန်ကုန်မှာတာဝန်ထမ်းဆောင်ဆဲဖြစ်
ပါတယ်။ Website Data Security တို့  Hosting တစ်ခုကို Control & Configure တို့ ...စတဲ့ Web နဲ့ ပတ်သက်တာတွေ..နောက် Networking Service တွေ၊ AD ကိုအပြည့်အ၀အသုံးပြုရတဲ့ Resource Management နဲ့ ရိုးရိုး Regular Service တွေဖြစ်တဲ့ (Windows System Troubleshooting,OS install,....) တို့ ကိုလုပ်ဆောင်ရပါတယ်။ Local Web server ကို Apache နဲ့ တည်ဆောက်ပြီး Local Intranet များကိုလည်းတည်ဆောက်ခဲ့ပါတယ်။
ခဲ့တဲ့ သမိုင်းကြောင်းကိုလည်းဖတ်ရှုသူတွေသိနိုင်အောင်လို့ ရေးသားထားခြင်းမျှသာဖြစ်ပါတယ်။
နည်းပညာလောကကကျယ်ဝန်းပါတယ်။ခုအချိန်ထိကျွန်တော့်အနေနဲ့ လည်းလေ့လာနေရဆဲ...နည်းပညာ
ပစ္စည်းအသစ်များကလည်းပေါ်ထွက်နေဆဲဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ့ ဖတ်ရှုသူများကိုလည်းစဉ်
ဆက်မပြတ်လေ့လာကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်..ခင်ဗျာ။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...