တကယ်တမ်းပြောရရင်တော့ online media
ဆိုတာအကျယ်ကြီးပါ။ စာတစ်ပိုဒ်၊ audio file လေးတစ်ခုကအစ video file တွေ၊ Website နဲ
့blog တွေအထိ….အရှင်းဆုံးပြောရရင်စာသား၊အရုပ်နဲ့ အသံ တွေကို electronic နည်းလမ်းတစ်မျိုးမျိုး(ရေဒီယို၊အင်တာနက်၊ရုပ်မြင်သံကြား….)နဲ့ ထုတ်လွှင့်ဖော်ပြခြင်းဖြစ်ပါတယ်။ နောက်ဆုံး social network site တွေဖြစ်တဲ့
facebook တို့ …twitter တို့ လည်း online media ထဲအပါအ၀င်ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာတော့ ၂၀၀၃ ခုနှစ်လောက်ကနေစတင်ပြီးအင်တာနက်နည်းပညာထွန်းကားလာခဲ့ပါတယ်။  gmail ကိုလည်းမြန်မာနိုင်ငံမှာအတိုင်းအတာတစ်ခုအထိကျယ်ပြန်
့လာခဲ့သလို…zopia တို့ person တို့ ..  my
space တို့ လို site တွေကလည်းအသုံးပြုသူတွေရှိခဲ့ပါတယ်။ဒီလိုပဲ…blog တွေကိုလည်းစိတ်ဝင်စားပြီးရေးသား
သူတွေလည်းပေါ်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ခံစားချက်တွေကိုမျှဝေတဲ့အနေနဲ့ အသုံးပြုတဲ့ပုံစံမျိုးတော်တော်များပါ
တယ်။ တကယ့်လုပ်ငန်းရှင်တွေကတော့ website တွေကိုအသုံးပြုခဲ့ကြပြီးတော့စီးပွားရေးလုပ်ငန်းများအတွက်
အသုံးပြုတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။အဲဒီတုန်းကတော့ email ဆိုတာ POP3 mail တွေဖြစ်တဲ့
bagan mail တို့  MPT mail တို့ …mail4u တို့ ဖြစ်ပြီးနောက်ပိုင်းမှာမှသာလျှင် webmail
service ဖြစ်တဲ့ gmail ကိုတွင်တွင်  ကျယ်ကျယ်အသုံးပြုလာကြတာဖြစ်ပါတယ်။
![]()  | 
| ကွန်ပျူတာတစ်လုံးနေသတင်းအချက်အလက်တွေစီးဆင်းမှုတွေမြန်ဆန်လာပြီဖြစ်ပါတယ်။ | 
Gmail ရှိရင် gtalk ကနေတစ်ဆင့်
gmail account ရှိသူအချင်းချင်းဆက်သွယ်လို့ ရတဲ့အတွက် gtalk ဟာ လူကြိုက်များခဲ့ပါတယ်။ကိုယ်ပိုင်ခံစားချက်တွေကိုမျှဝေတဲ့
blog လေးတွေကိုလည်း ကြိုက်တဲ့သူဖတ်တဲ့သူ တွေရှိပါတယ်။ခုခေတ်မှာတော့ Media လုပ်ငန်းတွေအပါအ၀င်
blog တွေကို Information corner တွေအဖြစ် အသုံးပြုလာသလို နယ်ပယ်အသီးသီးအတွက် blog လေးတွေ၊
site လေးတွေကိုအသုံးများလာခဲ့ပြီဖြစ်ပါတယ်။ များသောအားဖြင့် Personal နဲ့ ဖျော်ဖြေရေးတစ်ခုအသွင်အသုံးများခဲ့တာဖြစ်ပြီးတကယ်တမ်း
online media အဖြစ် ကျယ်ကျယ်ပြန့် ပြန့် လူသိများခဲ့တာကတော့ ၂၀၀၇ ခုနှစ်၊ရွှေဝါရောင်တော်လှန်ရေးကြောင့်ပဲဖြစ်ပါ
တယ်။ 
ဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေကို live ရိုက်တဲ့သူတွေရှိသလိုအချိန်နဲ
့တစ်ပြေးညီတင်ပေးတဲ့သူတွေရှိတဲ့အတွက် အဲဒီတုန်းက “Mizzima “ ဆိုတဲ့ site လေးဟာနာမည်ကြီးပြီးလူကြည့်များသလို
online ကနေတစ်ဆင့်  လက်တွေ့ လူတွေဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေကိုလည်းကြည့်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း online မှာသတင်း တွေကိုလည်းအချိန်နဲ့ တစ်ပြေးညီဖတ်နိုင်ပါလား..ဆိုတာလေးကို
အင်တာနက်သုံးသူတွေရော၊မသုံးဖြစ်ကြတဲ့  သူတွေရောပါသိလာကြပါတယ်။
ဂြိုဟ်တုရုပ်သံဖမ်းစက်တွေဖြစ်တဲ့ ၈ ပေစလောင်းတို့ ၊ ၂ ပေစလောင်းတို့ က လာတာထက်ကို
update ပိုသိရပြီး ၁ နာရီလောက်တစ်ခါ update သိရတဲ့အတွက် အင်တာနက်ကိုလူစိတ်ဝင် စားလာသလို
အင်တာနက်ဟာလည်း လူတွေဆီကို အချိန်နဲ့ တစ်ပြေးညီသတင်းအချက်အလက်တွေတင်ဆက်  နိုင်မယ့် online media အဖြစ်နေရာရလာခဲ့တာဖြစ်ပါတယ်။
![]()  | 
| ခုဆိုရင် mobile ဖုန်းတွေကနေတစ်ဆင့် (ဖုန်းအင်တာနက်မှတစ်ဆင့်) သတင်းတွေကိုအချိန်နဲ့ အမျှသိနိုင်နေပြီဖြစ်ပါတယ်။ | 
အဲဒီလိုပဲ တစ်ချို့ တွေဟာ ဖုန်းတွေနဲ့ကိုယ်တိုင်ကိုယ်ကျမှတ်တမ်းတင်ရိုက်ကူးပြီးအင်တာနက်ကနေတစ်ဆင့် တင်နိုင်တဲ့အတွက်လည်း
့လည်း ကြည့်ရှုနိုင်လာခဲ့ပါတယ်။နောက်ပိုင်းတော့ Mizzima website ကို သက်ဆိုင်ရာမှာ
ကျော်ပြီး ကြည့်ရတာတို့ တွေဖြစ်လာပါတယ်။အဲဒီအထိ Mizzima ဟာ online media တစ်ခုအနေနဲ
့ပြည်သူတွေကို မိတ်ဆက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေကလည်းအင်တာနက်ကို သတင်းအချက်အလက်ဆိုင်ရာ
Information corner အဖြစ်ကိုအသုံးပြုလာခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့အင်တာနက်အသုံးပြုသူတွေဟာတစ်နှစ်ထက်တစ်နှစ်ကိုများများလာခဲ့ပါတယ်။နောက်ပိုင်း
social network တစ်ခုဖြစ်တဲ့ facebook ကလည်းတွင်ကျယ်လာပြန်တော့ Information
Personal အနေနဲ့ အသုံးပြုရုံသာမကကိုယ့်လုပ်ငန်း၊၀ါသနာတူစုဝေးရာအဖြစ် facebook
group လေးတွေ၊ facebook page တွေနဲ့ fun club တွေကနေတဆင့်သတင်းအချက်အလက်စီးဆင်းမှုတွေ  မြန်ဆန်လာခဲ့ပါပြီ။ ဟဲ..ဟဲ..ခုဆိုရင်ဘယ်လိုသတင်းမျိုးကိုမြန်မြန်သိချင်လဲ
…facebook ကိုတက်ကြည့်ဆိုတဲ့ trust ဖြစ်စရာ icon တစ်ခုအဖြစ် facebook က online
media တာဝန်ကိုထမ်းဆောင်လျက်ရှိပါတယ်။
ဒါပေမဲ့လည်း blog တွေနဲ့ website တွေကိုလည်း
ဘာလို့ လဲဆိုတော့ Social Network တွေမှာ အားနည်းချက်တွေ၊လုံခြုံရေးဆိုင်ရာအားနည်းချက်တွေနဲ
့privacy ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာဆန်ဆန်အချက်အလက်မျှဝေမှုပုံစံဖြစ်တဲ့အတွက်
ဥပမာ…ကျွန်တော်တို့ က facebook မှာသတင်းအချက်အလက်တစ်ခုကိုတင်ဆက်မယ် ဆိုပါစို့ ……social
network site တစ်ခုကလာတဲ့ source ဖြစ်တဲ့အတွက်ဒီသတင်းကို အတည်ပြုဖို့ လိုအပ်ပါ မယ်။
ဒီတော့ဒီသတင်းကိုတင်တဲ့သူ(သို့ ) အဖွဲ့ ရဲ့ facebook profile ကိုကြည့်ပါတော့မယ်။ ပြီးတော့တင်တဲ့သူ
blog (သို့ ) site ရှိတယ်ဆိုရင်တော့  သူတို
့တင်တဲ့သတင်းအတွက် ခိုင်မာတဲ့ source တစ်ခုရှိသွားပြီဖြစ်ပါတယ်။ 
အဲလိုမှမရှိဘူးဆိုရင်တော့ သူတို့ သတင်းအတွက်ကို
Trusted Source ရယ်လို့ ပြောလို့ မရပါ။ ဘာလို့ လဲဆိုတော့ social site ဖြစ်တဲ့အတွက်
တစ်ချို့ သောအချက်အလက်တွေဟာဖုံးကွယ်ထားမှုလိမ်ညာထားမှုတွေလည်းရှိနိုင်တဲ့အတွက် ဖြစ်ပါတယ်။
(ဥပမာ…အသက်အမှန်မပြော၊မရေးတာတို့ ….)။ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာတော့ Official ဆန်
ဆန်သတင်းအချက်အလက်မျှဝေမှုပုံစံထက် ကိုယ်ရေးအချက်အလက်မျှဝေမှုပုံစံကပိုပြီးလွတ်လပ်တဲ့ပုံစံရှိ
တာမို့ လို့ facebook ကနေသတင်းအချက်အလက်တွေမျှဝေနေသလိုထိရောက်မှုတွေလည်းရှိခဲ့ပါတယ်။
မနန်းခင်ဇေယျာ Miss Internet ဆုရတာတို
့၊ မြစ်ဆုံအရေး၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့ ၊ရခိုင် အရေးတို့ ခုနောက်ဆုံး
ကချင်ပြည်နယ်အရေးတို့ ဟာ facebook သတင်းအချက်အလက်မျှဝေမှုပုံစံကနေ ပြည်သူတွေလိုလားတဲ့ဆန္ဒတွေကိုပြသနိုင်ခဲ့သလို
ထိရောက်မှုတွေလည်းရှိခဲ့ပါတယ်။ အံ့သြဖွယ်သတင်း 
အချက်အလက်စီးဆင်းမှုတွေကနေရာတိုင်းမှာဖြစ်နေပြီး ခုဆိုရင်ပြည်သူတိုင်းဟာ
citizen journalist များအဖြစ်ပါဝင်စီးမျောလျက်ရှိနေပါကြောင်းရေးသားလိုက်ရပါတယ်။ 
No comments:
Post a Comment