Saturday, February 13, 2016

သူ့ ဘက်ကိုယ့်ဘက်မျှတပါစေ....


သူများမျက်ရည်ကျမှကိုယ်ဝမ်းဝမယ် ဆိုတဲ့
အလုပ်ကိုရှောင်ဖို့ အဖေနဲ့ အမေကသွန်သင်ခဲ့တယ်...
ဘယ်သူ့ အတွက်မှအကျိုးမရှိတဲ့ဖျက်ဆီးမှုကိုမလုပ်ဖို့ 
မိဘတွေကသွန်သင်ခဲ့တယ်.....

သူများငတ်နေချိန်မှာ ကိုယ်ကမုန့် အကောင်းစား စားနိုင်ရင်တောင်
တစ်ဝက်မျှဝေဖို့ မိဘ၊ဆရာနဲ့ နီတိကျမ်းတွေကသွန်သင်ခဲ့တယ်....

အချမ်းသာကြီးမဟုတ်တောင်...
ကိုယ်စားရတဲ့ထမင်းတစ်လုပ်အတွက်တော့ 
လိပ်ပြာလုံပြီး စိတ်ချမ်းသာခဲ့တယ်......

မပြည့်စုံတဲ့ကိုယ့်ဘ၀မှာ....
ပြည့်စုံတဲ့သူများဘ၀တွေကိုကြည့်ပြီး
အားကျခဲ့ဘူးပေမယ့်....သူကသူ 
ကိုယ်ကကိုယ်ပဲလေ.....

တစ်ခါတစ်လေထမင်းတစ်လုပ်အတွက်
ခက်ခက်ခဲခဲ၇ှာစားရပေမယ့်....
သူမျာျးမျက်ရည်ပေါက်ကြီးငယ်ကျမှစားရတဲ့ 
ထမင်းထက်တော့အများကြီးသာတယ်လို့ 
ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း...
ကြမ်းတမ်းတဲ့ဘ၀လမ်းကိုဆက်လျှောက်ရင်းနဲ့ ပေါ့.....





No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...