မေး…..လမ်းဘေးကကျောက်စရစ်ခဲနဲ
့စိန် နဲ့ ဘယ်သူကပိုတန်ဖိုးရှိသလဲ…..
ဖြေ……ကလေးမေးတောင်သိတယ်ဗျာ….စိန်ကပိုတန်ဖိုးရှိတာပေါ့..ကျောက်စရစ်ခဲဘာလုပ်မှာတုန်း…
မေး……ဘာလို
့စိန်ကကျောက်စရစ်ခဲထက်တန်ဖိုးကြီးတယ်လို့ ထင်ရတာလဲ….
ဖြေ……ဟိုလေ…အဲ….
မေး……မဖြေနိုင်ဘူးမဟုတ်လား…ဒါဆိုကျွန်တော်ဖြေပေးမယ်။ကျောက်စရစ်ခဲဆိုတာဘယ်နေရာဘယ်ဒေသ
မှာမဆိုတွေ့ နိုင်တယ်…တွေ့ တဲ့အခါတိုင်းလည်းလမ်းခင်းတယ်…ကွန်ကရစ်လုပ်တယ်….သူ့ တန်ဖိုးကဒါထက်မပိုဘူး
 စိန်တစ်ပွင့်ဖြစ်ဖို
့အချိန်တွေအများကြီးလိုတယ်….မြေကြီးလွှာထဲမှာ…ပြင်းထန်တဲ့အပူချိန်များစွာနဲ့ စိန် ဖြစ်စေတဲ့
အရည်အချင်း...ဖိအားတွေအားလုံးကိုပြည့်စုံအောင်ဖြည့်ကျင့်ပြီးအချိန်အတော်ကြာမှစိန်ဆိုတာဖြစ်လာရတယ်…
စိန်ကိုတွေ့ လိုရှိရင်အရည်အသွေးပေါ်မူတည်ပြီး ဘုရင့်သရဖူမှာတပ်တဲ့စိန်….
ဘုရားစေတီအထွဋ်အမြတ်..စိန်ဖူးတော်…လက်ဝတ်
လက်စားအဖြစ်သုံးတဲ့စိန်…
.နောက်ဆုံးအနိမ့်ဆုံးအဆင့်ဖြစ်တဲ့စိန်တောင် မှန်လွှာတွေပါကိုဖြတ်နိုင်တယ်….
သဘာဝအားဖြင့်ကျောက်ခဲချင်းတူပေမယ့်တန်ဖိုးချင်းကွာသွားတယ်….သင်ကရော…ကျောက်စရစ်ခဲလား
….  စိန်လား…..သင်ကိုယ်သင်မေးကြည့်ပါ…..
No comments:
Post a Comment