online ပေါ်မှာ ကြားဖူးနေကြမှာပါ..ဘယ်သူ့ account က ပေါက်သွားလို့ သူတို့ ရဲ့ private photo တွေ အပြင်ရောက်လာတယ် ....ဘယ် server တွေပေါက်သွားလို့ သူတို့ ရဲ့ အရေးကြီးတဲ့ data တွေကို မသမာ သူတွေရယူအမြတ်ထုတ်သွားကြတယ်...စသည်အားဖြင့်ပေါ့ဗျာ.....
ကျွန်ေ်တ်ာကတော့ ကျွန်တော့် Lab ထဲမှာ SuSE server တစ်လုံးဆောက်ထားပြီးတော့ အဲဒီထဲမှာတကယ့် အရေးအကြီးဆုံး data တွေကိုသိမ်းပါမယ်။ Novell ကနေ ထုတ်လုပ်တဲ့ SUSE Linux ဟာ security ပတ် သက်လို့ တကယ့်ကိုနာမည်ကောင်းနဲ့ ကျော်ကြားလှပါတယ်။ Samba ဆိုတာကလည်း file sharing လုပ်တဲ့ နေရာမှာ တကယ့်အကောင်းဆုံး Linux Apps တစ်ခုပါပဲ...အဲဒီနှစ်ခုကိုပေါင်းစပ်ပြီးအကောင်းဆုံး NAS ( Network Access Storage) အဖြစ်တည်ဆောက်လိုက်ပါတယ်။
အရင်ဆုံးကျွန်တော့်ရဲ့ Lab မှာ SuSE Server တစ်လုံးကိုဒီလိုတည်ဆောက်လိုက်ပါတယ်။
အိုကေ....Server တက်လာပြီဆိုတော့ ကျွန်တော်က Samba ကို Installation လုပ်ပြီး Network ပေါ်ကနေ access ရအောင် configuration လုပ်ပါတယ်။ ဒီအပိုင်းတွေကရှုပ်ထွေးတဲ့အပိုင်းတွေဖြစ်လို့ ကျော်လိုက် ပါတယ်..အသေးစိတ်ကိုတော့နောက်တော့မှပဲထပ်ရေးပါမယ်။
အကြမ်းဖျင်းပြောရရင်တော့ Samba configuration လုပ်ပြီးတော့ ဒီ server ကိုအပြင်ကဘယ်သူတွေကို access လုပ်ခွင့်ပေးမှာလဲ....ဘယ်သူတွေကိုကြည့်ခွင့်ပဲပေးမယ်....ဘယ်သူကတော့ data တွေထည့်လို့ ရနိုင်မလဲ...ဒါတွေကိုသတ်မှတ်ပေးလိုက်ပါတယ်။သူတို့ ရဲ့ access လုပ်တဲ့ record logs တွေကိုဘယ်မှာသိမ်းမယ်...စတဲ့ ACL တွေကိုသတ်မှတ်ပေးထားရပါတယ်။ဒါမှသာကိုယ်ခွင့်ပြုထားတဲ့ User တွေကသာ ကိုယ်ခွင့်ပြုပေးထားတဲ့ Server ကို access လုပ်နိုင်မှာဖြစ်ပါတယ်။( မဆိုင်တဲ့သူတွေ မ၀င်နိုင်အောင် high security ထားသင့်ပါတယ်။ )
အိုကေ...SuSE Server ပေါ်မှာ Samba တင်ပြီး Windows ပေါ်ကနေ access လုပ်လိုက်ပါတယ်။
ကဲ..ဒါဆိုရင်ကျွန်တော်ကအဲလို အမြဲရှာစရာမလိုပဲနဲ့ Windows client ဘက်ကနေ Map Drive အနေနဲ့ အမြဲချိတ်ထားမယ်ဆိုရင်ကောဗျာ....ဒါဆိုရင် Map Drive ချိတ်လိုက်ပါတယ်။
သိလိုတာရှိရင်လည်း email ပို့ ပြီးမေးမြန်းနိုင်ပါတယ်.



No comments:
Post a Comment