သင်ကတစ်စုံတစ်ယောက်နဲ့ သင့် computer ကိုမျှဝေပြီးသုံးစွဲရတယ်...သင့်ရဲ
့data partition ပိုင်းကို အခြားသူကို access
မပေးချင်ဘူး....ဒီလိုအခြေအနေမျိုး မှာဘယ်လိုလုပ်ရင်ကောင်းမလဲ...သင့်
windows password ကိုသိတဲ့လူတစ်ယောက်က
သင်မရှိတဲ့အချိန်မှာသင့်စက်ကိုဖွင့်ဖို့ ကြိုးစားပြီးသင့်စက်ထဲက
အချက်အလက်တွေကိုမသမာမှုတစ်ခုခုလုပ်မယ်
ဆိုရင်...သင်ဘယ်လိုကာကွယ်မလဲ....ဒီလို အခြေအနေ တွေအတွက်ကို Bit Locker
ဆိုတဲ့ Windows default function တစ်ခုနဲ့  သင့်ကိုမိတ်ဆက်ပါရစေ
Microsoft က သူ့ ရဲ့ windows vista ကနေနောက်ပိုင်း windows 7 တို့ ..Windows 8 တို့ ....အပါအ၀င် Server 2008 ကနေစပြီးနောက်ပိုင်း server 2012 ထိကို Bit Locker Drive Encryption ကိုအသုံးပြုနိုင် အောင် default ထည့်ပေးထားပါတယ်။ သင့်အတွက် License fee ထပ်မံပေးစရာမလို... download လုပ်စရာမလိုပဲနဲ့ အသုံးပြုနိုင်ပါတယ်။
သင်ဟာသင့် computer ရဲ့ System Partition ( များသောအားဖြင့် C:) ကိုလည်း Bit Locker ခတ်ထားပြီး သင်မရှိပဲသင့်စက်ကိုမဖွင့်နိုင်အောင်လည်းတားဆီးနိုင်ပါတယ်။ File Encryption System တစ်မျိုးဖြစ်တဲ့ AES နဲ့ သင့် Drive တွေကိုသာမကပဲ USB Stick များ ...USB External HDD များကိုလည်း Encryption လုပ်နိုင်ပါတယ်။ တကယ်လို့ သင့်စက်ဟာ Microsoft Active Directory ချိတ်ဆက်အသုံးပြုထား တဲ့ Network ထဲမှာဆိုရင်လည်း Domain Server ကနေ Client စက်တွေအတွက် bit locker Policy တွေ ချပေးနိုင်ပါသေးတယ်။
တစ်ခုသတိပြုရမှာကတော...သင်က Bit Locker Encryption လုပ်တော့မယ်ဆိုရင် ထွက်လာတဲ့ recovery key ကိုသေသေချာချာသိမ်းပါ။ အဲဒီ key ကို encrypt လုပ်မယ့် drive ထဲမှာပြန်သိမ်းလို့ မရဘူး ဆိုတာကိုလည်းသင်နားလည်ထားရပါမယ်။ ဘာလို့ အဲဒီ key ကိုသေသေချာချာသိမ်းခိုင်းထား ရတာလဲဆို တော့ သင် Password မေ့သွားရင်အဲဒီ key နဲ့ သင့်ရဲ့ encrypt drive ထဲဝင်နိုင်မှာမို့ လို့ ပါ။
နောက် bit locker ရဲ့ အားသာချက်တစ်ခုက သင့် HDD ကို Hirenboot CD တို့ ...Winternal ERD တို့ လို Boot CD နဲ့ ဝင်ပြီး သင့် အချက်အလက်တွေကိုမွှေလို့ မရနိုင်တာပဲဖြစ်ပါတယ်။ သင့်ရဲ့ encrypt drive ကိုအဲဒီ Boot CD တွေကရှာလို့ ကိုမတွေ့ ပါဘူး....တကယ်လို့ သူတို့ လုပ်ချင်ရင်တော့ Hard Disk ကြီးတစ် ခုလုံးကို format ရိုက်မှပဲရပါလိမ့်မယ်....
နောက်တစ်ခုက file system မတူတဲ့ OS နှစ်ခုတင်ပြီးသုံးချင်တယ်..ဥပမာ..Linux နဲ့ windows တွဲပြီးသုံး ချင်တယ်...Windows ဘက်မှာ bit locker ရှိတယ်ဆိုရင်တော့ အဆင်မပြေပါဘူး...windows ဘက်က bit locker ကိုဖြုတ်မှ Linux နဲ့ windows ကို dual-boot သုံးနိုင်မှာဖြစ်ပါတယ်။
ကဲ..ဒါကတော့ over all ကျွန်တော်စမ်းသပ်ထားသမျှအတွေ့ အကြုံတွေကိုမျှဝေခြင်းသာဖြစ်ပါတယ်။အား လုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ။
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
AI နည်းပညာတွေတဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ Antivirus ဆိုတာသည် ဟိုးအရင်တုန်းကလို virus မျိုးကွဲတွေကိုပဲ scan & remove သာလုပ် နိ...
-
Public ကို access ပေးထားတဲ့ Web Site ရဲ ့ front end ဘက်အခြမ်းကိုလုံခြုံစိတ်ချရဖို့ဆိုတာ Web Developer တွေ...Web Security Admin တွေအတွက်အမြဲ...
No comments:
Post a Comment