စီးပွားရေး..ကြီးပွားရေးတွေအတွက်ပြိုင်ဆိုင်မှုတွေများလွန်းလှတဲ့ဒီိနေ့ ခေတ်ကြီးမှာလူတိုင်းက အချိန်ရဲ့ သားကောင်တွေဖြစ်မှန်းမသိဖြစ်ကုန်ကြလေရော....ဘတ်စကားပေါ်မှာ ကားဂိတ်မှာ နေရာတိုင်းမှာလူတိုင်းဟာ ဖုန်းလေးတွေကိုယ်စီနဲ့ အချိန်ရဲ့ ပိတ်လှောင်မှုတွေကို တဒင်္ဂ ရုန်းထွက်နေကြလေရဲ့ ...
အရောင်အသွေးစုံလင်လှတဲ့လူပင်လယ်ကြီးထဲမှာစီးမျောရင်းလူတွေဟာ..စာနာမှုတွေကင်းမဲ့လာကြတယ်...
ဒေါသ...လောဘတွေများပြားလာကြတယ်...ရက်စက်မှုတွေ ကိုယ်ချင်းစာတရားတွေကင်းမဲ့လာကြတယ်...
လူတွေပါ...ခံစားချက်ရှိတဲ့လူတွေပါ....ဒါပေမယ့်ခံစားချက်တွေက အစွန်းရောက်လာတဲ့အခါမှာ လူတွေဟာ ရိုင်းစိုင်းလာကြတယ်.....အရိုင်းအစိုင်းတွေလိုမျိုးဖြစ်လာကြတယ်...တာဝန်တွေမေ့လေျာ့လာကြတယ်...
မြင်နေကြားနေရတဲ့သတင်းစကားတွေထဲမှာ လည်းတာဝန်မဲ့သူတွေအကြောင်းပါနေလေရဲ့ ....မိသားစုတာဝန်ကိုမထမ်းဆောင်ချင်တဲ့သူ....နိုင်ငံသားတာဝန်ဆိုတာကိုကျေပွန်အောင်မလုပ်ချင်ပဲနိုင်ငံသားအခွင့်အရေးအပြည့်အ၀လိုချင်သူ....လူဖြစ်ပြီးလူ့ ကျင့်ဝတ်လူ့ တာဝန်တွေကိုမသိချင်ယောင်ဆောင်နေတဲ့သူက ရာသီဥတုတွေဖောက်ပြန်.ဆင်းရဲသားတွေအခက်အခဲဖြစ်တာကိုသူနဲ့ မဆိုင်သလိုနေရက်တဲ့သူကလည်း နေနိုင်ကြလေရဲ့ ....
မွန်းကြပ်နေတဲ့လူတွေရဲ့ စိတ်ကို လူမျိုးရေး..ဘာသာရေးနဲ့ မှိုင်းတိုက်ပြီး မငြိမ်မသက်ဖြစ်အောင်လုပ်ချင်တဲ့ မြေခွေးလို လူစားမျိုးကလည်းရှိရဲ့ .....လူတွေ..လူတွေ..ဘာလို့ များကိုယ်လုပ်ရမယ့်တာဝန်တွေကိုမသိ ချင်ယောင်ဆောင်ပြီး လုပ်ရမယ့်အလုပ်တွေကိုမလုပ်ပဲ မယောင်ရာဆီလူးနေကြတာလဲ....
လူဆိုတာကိုယ်လုပ်ရမယ့်တာဝန်ကိုကျေပွန်အောင်လုပ်ရင်အခွင့်အရေးဆိုတာ သူ့ အလိုလိုရ လာပါလိမ့်မယ်...အခွင့်အရေးလိုချင်လို့ တာဝန်ယူတာမျိုးမဖြစ်သင့်ပါ.....တာဝန်ကိုဘန်းပြပြီးအခွင့်အရေးရအောင်လည်း မလုပ်သင့်ပါ...ကိုယ့်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်လို့ ယူဆပြီးကိုယ့်တာဝန်ကိုကိုယ့်အသိစိတ်နဲ့  ကျေပွန်အောင်လုပ်ဆောင်ခြင်းမှာသာ တကယ့်တာဝန်ကျေသူများဖြစ်နိုင်ကြမှာဖြစ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါတယ်
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
Public ကို access ပေးထားတဲ့ Web Site ရဲ ့ front end ဘက်အခြမ်းကိုလုံခြုံစိတ်ချရဖို့ဆိုတာ Web Developer တွေ...Web Security Admin တွေအတွက်အမြဲ...
-
[ Unicode] တခါတလေ server မှာကိုယ်က file တစ်ခုကိုဖျက်လိုက်တယ်...ဖျက်ပြီးတော့မှပြန်လိုချင်တယ်...ပြန်မရလို့ လည်းမဖြစ်နိုင်အောင်အ ရေးကြီးတယ်....
-
ကြုံခဲ့ရဖူးတဲ့Email Phishing အတွေ့အကြုံလေးတခုကိုရေးသားချင်ပါတယ်....ကိုယ်တိုင်တော့မဟုတ်ပေမယ့် ရုံးကအကိုတယောက်ကမသိပဲနဲ့လုပ်မိသွားတာပါ...Phish...

No comments:
Post a Comment