စစဆုံးတော့ကျွန်တော်တို့ ကလိုအပ်တဲ့ Library တွေကို download ဆွဲရပါတယ်။Ubuntu သမားတွေအ တွက်ကတော့ လိုအပ်တဲ့ package တစ်ချို့ နဲ့ Library တစ်ချို့ ကိုဆွဲပေးရပါတယ်။ SUSE Linux သမား (နောက်ဆုံးထုတ် Suse LEAP 42.2 ) တွေအတွက်ကတော့အထွေအထူးသိပ်မလိုပဲ ကိုယ်သုံးမယ့် package ကို download ဆွဲပြီးသုံးနိုင်ပါတယ်။ အဲဒါတွေကိုထွေထွေထူးထူးမလုပ်ချင်ဘူးဆိုရင်တော့ ကိုယ်သုံးတဲ့ linux distro ကို Update လုပ်ထားပါ။
အဲဒီအချက်အလက်တွေလုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ speedtest လုပ်ပါမယ်။ကျွန်တော်ကတော့ Red Hat base linux Distro တစ်မျိုးကိုသုံးတဲ့အတွက်ထွေထွေထူးထူးလုပ်စရာမလိုပါဘူး....အရင်ဆုံး speedtest လုပ်မယ့် file ကို Github ကနေဆွဲချလိုက်ပါတယ်။
အဲဒီ file လေးကိုရပြီဆိုရင် အဲဒီ file လေးကို permission ပြောင်းပါ။ ပြီးရင် python Language နဲ့ ရေးထားတာဖြစ်တဲ့အတွက် compiler keyword "python" ကိုရှေ့ ဆုံးမှာခံပြီး run ပါမယ်။
အိုကေ...ဗျာ...ဒါဆိုရင်ကျွန်တော့်စက်ကနေ ပြီးတော့ ISP (MPT ပေါ့ဗျာ...) အဲဒီကိုထွက်ပြီး အဲဒီကနေမှသက်ဆိုင်ရာ link အဆင့်ဆင့်ကိုဖြတ်ပြီးစစ်ပါလိမ့်မယ်။Upload speed နဲ့ download speed ကိုလည်း ဂဏန်းတွေနဲ့ ပြတဲ့အတွက်အဆင်ပြေမှာပါ။အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ....

No comments:
Post a Comment