COC ဆိုလို့ ကစားတဲ့ Game တော့မဟုတ်ပါဘူး...Linux System Administrators များ ...Developer များနဲ့ Penetration Tester များ....Security Experts များကိုယ်တိုင်သိရှိလိုက်နာကျင့်သုံးရမယ့်စည်းမျဉ်း စည်းကမ်းတစ်ခုပါ...Code of Conducts လို့ ခေါ်ပါတယ်။ EC-Council ကတော့ Code of Ethics လို့ ခေါ်ပါတယ်။ Ubuntu Community Development and Security field မှာကတော့ Code of Conducts  လို့ ခေါ်ပါတယ်။ သင်ကိုယ်တိုင် Hacking ဆိုတာကိုစိတ်ဝင်စားမယ်ဆိုရင် COC ဆိုတာကို သင့်အနေနဲ့ သိ ထားသင့်ပါတယ်။
Ubuntu Community ကို Launchpad ဆိုတဲ့အဖွဲ့ အစည်းကနေပြီးတော့ support ပေးပါတယ်။ ရည်ရွယ် ချက်တော့ Ubuntu နဲ့ ပတ်သက်တဲ့ research and developments တွေကိုပိုကောင်းအောင် အများအားနဲ့  ၀ိုင်းဝန်းကူညီကြရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါ..ဒါ့ကြောင့်လည်း Ubuntu ဟာ version တွေ တစ်ဆင့် ပြီးတစ်ဆင့်အဆင့်မြင့်လာခဲ့ရာမှာပိုမိုကောင်းမွန်တဲ့ features တွေ...function တွေဖြစ်လာပါပြီ
ပြီးတော့ Ubuntu မှာသင်က Unity features ကိုမကြိုက်ဖူးဆိုရင် အခြားသော Desktop Interface များ Gome,KDE,XFCE စတဲ့ Desktop Interface တွေကိုပြောင်းသုံးနိုင်တဲ့အပြင် အဲဒါတွေ ကိုသုံးတဲ့သူတွေ အတွက်လည်းTeam လေးတွေရှိပါသေးတယ်...သင်စိတ်ပါဝင်စားရင်လည်းအဲဒီTeam တွေထဲ ၀င်နိုင်ပါသေးတယ်....ကျွန်တော်တို့ မြန်မာပြည်ကUbuntu Member တွေနဲ့ ဖွဲ့ စည်းထားတဲ့ Ubuntu Myanmar Loco Team ကိုလည်း ဒီ community ထဲမှာတွေ့ နိုင်ပါတယ်။
မိမိတို့ mother language တွေ..research features တွေ...software packages တွေ...ppa လို့ ခေါ်တဲ့ personal package archives တွေ ( beta testing and reviews) ..troubleshoot.စတဲ့အလုပ်တွေ ကိုပူး  ပေါင်းလုပ်ဆောင်နိုင်ဖို့ ...အဲဒီကရလဒ်ကောင်းတွေကို ubuntu မှာ ထည့်သွင်းဖို့ ဒီလို ရည်ရွယ်ချက် တွေနဲ့ Ubuntu Community နဲ့ Loco Team တွေကို တည်ထောင်ထားရတာဖြစ်ပါတယ်။
![]()  | 
| My Launchpad Information | 
အိုကေ...ဟုတ်ပြီ...သင်က အဲဒီ LocoTeam ထဲကိုဝင်ချင်တယ်ဆိုရင် သင့် အနေနဲ့ Code of Conducts ထိုးရပါလိမ့်မယ်...ဘာလို့ လဲဆိုတော့
 သင်ဟာ White hacker တစ်ယောက်အနေနဲ့ သင်လုပ်ရမယ့် research and developments တွေမှာ....တာဝန်ယူရမယ့် issues တွေ...results တွေ အတွက်တာဝန်ယူမှုရှိတယ်ဆိုကို Code of Coduct ထိုးပြီးအတည်ပြုတဲ့သဘောပါ
ဒါကြောင့် သင့်အနေနဲ့ Ubuntu ကိုကူညီချင်တယ်....LocoTeam တွေရဲ့ research and developments တွေမှာပူးပေါင်းပါဝင်ကူညီချင်တယ်ဆိုရင် COC ကိုမဖြစ်မနေထိုးရပါလိမ့်မယ်....
![]()  | 
| I've signed to Ubuntu Code of Conduct 2.0 | 
COC ထဲမှာပါတဲ့အချက်အလက်တွေကအများကြီးပါပဲ...ဒါပေမယ့်အကြမ်းဖျင်းပြောရရင်တော့
စဉ်းစားပါ...သင်တစ်ခုခုလုပ်မယ်ဆိုရင်သင်လုပ်တဲ့လုပ်ရပ်ကသင်နဲ့ သင့်အဖွဲ့ အစည်းအတွက် သက်ရောက်မှုရှိတယ်ဆိုတာကိုစဉ်းစားပါ...စဉ်းစားပြီးတော့မှလုပ်ကိုင်ဆောင်ရွက်ပါ...
အပြန်အလှန်လေးစားပါ----- ဒါကတော့လူတိုင်းနေရာတိုင်းမှာရှိသင့်တဲ့အရာဆိုတော့ဒါကိုအသေး စိတ်ထပ်မရှင်းတော့ပါဘူး....
ကိုယ်ပြောတဲ့စကားနဲ့ ကိုယ်လုပ်တဲ့အလုပ်အတွက်တာဝန်ယူပါ.......
ပူးပေါင်းဆောင်ရွက်တတ်ပါစေ......
စမ်းတ၀ါးဝါးမလုပ်ပဲနဲ့ အဖွဲ့ အစည်းရဲ့ တန်ဖိုးရည်ရွယ်ချက်အတိုင်းဆောင်ရွက်ပါ... 
မသေချာသေးရင်သက်ဆိုင်ရာကိုမေးမြန်းပါ...မသေချာပဲဘာမှမလုပ်ပါနဲ့ 
စနစ်တကျလုပ်ကိုင်ပါ...တကယ်လို့ ဒီ project ထဲမှာသင်မလုပ်ချင်တော့ဘူးဆိုရင်သင့်အနေနဲ့ ထွက်ခွာ ခွင့်ရှိသလိုသင့်အလုပ်ကဘယ်အခြေအနေထိရောက်နေပြီလဲ..သင်ဘာလုပ်ပြီးပြီလဲဆိုတာကို တာဝန်ခံတဲ့ အနေနဲ့ Team leader နဲ့ သက်ဆိုင်ရာကိုစနစ်တကျလွှဲအပ်ပါ...
ဒါကအချက်အလက်တစ်ချို့ ပဲရှိပါသေးတယ်...အသေးစိတ်ကို Ubuntu Code of Conduct မှာဖတ်ကြည့်ပါ...အဲဒါတွေကိုသေသေချာချာဖတ်ကြည့်ပြီးတော့မှာ COC ထိုးပါ....COC ထိုးဖို့ ဆိုရင် Ubuntu Myanmar LocoTeam မှာလိုအပ်တဲ့အချက်အလက်တွေကိုစုံစမ်းရယူနိုင်ပါတယ်။
Hacker ဆိုတာ ကွန်ပျူတာကျွမ်းကျင်သူကိုခေါ်တာပါ...သူများ property တွေကိုဖျက်ဆီးတတ်တဲ့သူတွေ မဟုတ်ကြပါဘူး....ကိုယ်လုပ်တဲ့အလုပ်နဲ့ အလုပ်ရဲ့ အကျိုးဆက်ကိုတာဝန်ယူတတ်တဲ့စိတ်ရှိတဲ့သူတွေမှသာ Hacker တွေဖြစ်ကြပါတယ်....ပြီးတော့ Hacker မှန်လို့ ရှိရင် Code of Conducts ဖြစ်ဖြစ်...Code of Ethics တွေကိုလက်မှတ်ထိုးထားရတဲ့ တာဝန်သိ...တာဝန်ယူ...ထားရတဲ့ Computer Professional များသာ ဖြစ်ကြပါကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
Phyo Sithu 
B.Sc (Physics)
Certified Ethical Hacker ( EC-Council) 
CCNA (Routing & Switching) 
Zyxel Certified Network Professional ( FTTx, Security,VoIP,Switching,IP DSLAM& Wireless)



No comments:
Post a Comment