Client Upgrade ဖြစ်လာရခြင်း...
windows xp ခေတ်တုန်းက server တွေက Windows Server 2003 နဲ့ တွဲဖက်သုံးတာများတယ်...ခေတ်အခြေအနေအရ တိုးတက်လာတဲ့အခါ windows server 2003 နဲ့ windows xp စက် တွေမှာ security holes တွေ...unsolved & unsupported issues တွေဖြစ်လာတဲ့အတွက် ယနေ့ အချိန်အခါမှာ server 2003 နဲ့ xp ကိုအသုံးပြုတာဟာ အလွန်ပဲ risks ဖြစ်လှပါတယ်....
ဒါကြောင့် Windows Vista နဲ့ windows 7 ကနေစပြီးနောက်ပိုင်း client တွေမှာ User Access Control ( UAC ) ဆိုတာပါလာပါတယ်...ကျွန်တော်တို့ linux မှာလို ဆိုရင်တော့ "sudo" နဲ့ အနီးဆုံးတူပါလိမ့်မယ်...သာမန် user တစ်ယောက်ကသူ့ စက်ထဲမှာ software ထည့်ချင်တယ်...သူက Admin user မဟုတ် ရင် UAC ကသူ့ ကို block လုပ်ထားပါတယ်....နောက်ပြီး Server Message Protocol လို့ ခေါ်တဲ့ smb က Version 2 အဖြစ်အဆင့်မြင့်လာပါတတယ်.(smb ဆိုတာ windows တွေမှာ file copying support -application protocol ဖြစ်ပါတယ်.)...ဒါကြောင့် file တစ်ခုခုကူးမယ်ဆိုရင် SMB 1.0 သုံးတဲ့ Windows XP ထက်ကို SMB 2.0 သုံးတဲ့ Windows Vista,7,8,10 တို့ ကပိုမြန်ဆန်တာဖြစ်ပါတယ်...
နောက် windows XP နဲ့ server 2003 ခေတ်တုန်းက ကိုယ့်စက်ကို network ချိတ်လိုက်ပြီး My Network Places ထဲကိုဝင်လိုက်တာနဲ့ ကိုယ့် network ထဲမှာ ချိတ်ထားတဲ့ အခြားသော client တွေကိုမြင်နေရပါ တယ်....ဒါကို windows vista နဲ့ နောက်ပိုင်းစက်တွေမှာ Network Discovery နဲ့ ထိန်းထားပါတယ်...ဒီ Network ထဲမှာဒီစက်တွေတော့ရှိတယ်...ဒါပေမယ့်..သင့်ရဲ့ My Network Places ကနေသွားကြည့်တိုင်း မြင်ရမှာမဟုတ်ပါဘူး....ပြောရရင်တော့အများကြီးပေါ့ဗျာ....ထားပါတော့..
ကျွန်တော်က Ubuntu နဲ့ domain server ဆောက်လိုက်ပါတယ်...OS ကို 16.04 LTS ကိုသုံးထားပါတယ်..
server configuration ကိုနောက်ပိုင်းမှသီးသန့် ထပ်တင်ပါမယ့်....အိုကေ...server တင်ပြီးသွားပြီလို့ ယူဆလိုက်ပါ...ကျွန်တော်တို့ server ရဲ့ domain ကို example.com နဲ့ သတ်မှတ်ပါတယ်...
အိုကေ....ပြီးသွားပြီပေါ့....ဒါဆိုရင် ကျွန်တော်က client အဖြစ် windows 8.1 pro တွေကိုအသုံးပြုပါမယ်..ဒီတော့ Windows 8.1 ကိုဝင်ပါမယ်....Domain join ဖို့ လိုအပ်တဲ့ DNS IP ကို Domain Server ရဲ့  IP ကိုထည့်ပြီး join ပါမယ်...
ကဲ...ကျွန်တော့်ရဲ့ domain admin credential နဲ့ ချိတ်လိုက်ရုံပါပဲ....
အိုကေ...windows 8.1 ကြီး domain join သွားပြီ....user account တစ်ခုလောက်ဆောက်ကြည့်ပြီး client ထဲဝင်မယ်ဗျာ....
ကဲ...windows 8.1 ကို ကျွန်တော်ရဲ့ Linux Domain Server နဲ့ အောင်မြင်စွာချိတ်ဆက်ပြီးပါကြောင်းရေး သားလိုက်ရပါတယ်...
လေးစားစွာဖြင့်
Phyo Sithu





No comments:
Post a Comment