ကျွန်တော်အခုပြောမှာကတော့ OS သမိုင်းကြောင်းတွေနဲ့ distro သမိုင်းကြောင်းတွေကိုငြင်းခုံမှာမဟုတ်ပါဘူး...OS တိုင်းမှာသူတို့ ကိုယ်ပိုင် development နဲ့ ကိုယ်ပိုင် goals တွေ..milestones တွေရှိကြပါတယ်. လွန်ခဲ့တယ်...၁၀ နှစ် အနှစ် ၂၀ က Windows 98 နဲ့ ခုနောက်ဆုံးထွက်တဲ့ Windows 10 တို့ ဟာ ဆင့်ကဲ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ လိုအပ်ချက်အရ functionality,security,features ပိုင်းတွေကွာခြားတယ် ဆိုတာကိုသင်နားလည်မှာပါ....
Linux မှာလည်း ဒီအတိုင်းပါပဲ...ဟိုးအရင်ကထုတ်တဲ့ Red Hat 9 နဲ့ ခုနောက်ဆုံးထွက်တဲ့ Red Hat Enterprise Linux 7 တို့ မှာလည်းကွာခြားတဲ့ features တွေအများကြီးပါ....Ubuntu မှာလည်း ဒီအတိုင်း ပါပဲ...အရင်ကသုံးတဲ့ Ubuntu 7 နဲ့ ခုနောက်ဆုံး Ubuntu 16.xx.xx Series တွေမှာ လည်းကွာခြားတဲ့တဲ့ features တွေအများကြီးပါပဲ...ဒါက OS တစ်ခုချင်းစီကိုအတွက်မှာ ဆင့်ကဲ evolution အရ လိုအပ်ချက် တွေပြောင်းလဲလာတာနဲ့ အမျှ ထပ်ဆင့် ပြောင်းလဲနေဦးမှာပါပဲ....
Linux မှာအဓိက အုပ်စုကြီးနှစ်မျိုးရှိပါတယ်...Debian နဲ့ System D ပါ.....Debian မျိုးနွယ်ဝင်တွေကတော့ Ubuntu,FreeBSD,Kali,Security Onion,Tails,Zantyel စတဲ့အုပ်စုဝင်တွေပါ....Debian ကိုအခြေခံပြီး တော့ Developer တွေ...Penetration Tester တွေ.....Security Researcher တွေ..နဲ့ System Administrators တွေအများဆုံးလက်စွဲ အဖြစ်အသုံးပြုကြပါတယ်...System D အုပ်စုဝင်တွေကတော့ Red Hat, CentOS, Fedora, SuSE, Oracle,....စတဲ့အုပ်စုဝင်တွေပါ....System D ကိုအခြေခံအနေနဲ့ သုံးပြီး Enterprised Production Business အတွက်ရည်ရွယ်ပါတယ်....
System D မျိုးနွယ်ဝင် OS တွေကို Enterprise Business တွေမှာအများဆုံးတွေ့ ရတတ်သလို Debian မျိုးနွယ်ဝင် OS တွေကို Security Researcher တွေ..Security Solution တွေမှာအများဆုံး တွေ့ ရတတ်ပါတယ်..
သုံးတဲ့ရည်ရွယ်ချက်ချင်းမတူညီသလို သုံးတဲ့နေရာချင်းလည်းမတူညီကြပါဘူး ...များသောအားဖြင့် debian သမားတွေကကိုယ်ပိုင် development environment အတွက်အများဆုံးအသုံးပြုလေ့ရှိကြပါတယ်...system D သမားတွေကတော့ Enterprise Business တွေအတွက် system enigneer, system administrators အဖြစ်အသုံးပြုလေ့ရှိပါတယ်...နောက်တစ်ခုက System D သမားတွေကအတွက် Enterprise Subscription Service ရှိပါတယ်...
အားသာချက်..အားနည်းချက်ဆိုတာကတော့နေရာတိုင်းမှာရှိပါတယ်....သင်က Pistol သေနတ်ကိုင်ပြီးတော့ စက်သေနတ်လိုပစ်လို့ တော့မရဘူးပေါ့ဗျာ....
(ဥပမာ..သင်က Red Hat သုံးတယ်...error တစ်ခုခုတက်တယ်..ဆိုပါစို့ ...online မှာရှာလို့ တော့ရတယ်...ဒါပေမယ့် အဲလိုရှာရင်အချိန်ကုန်တယ်..စမ်းသပ်ဖို့ အခက်အခဲရှိ တယ်.ဒါဆိုရင် Red Hat ရဲ့ subscription ကိုဝယ်လိုက်တယ်....ဒါဆိုရင်သင်ဖြစ်တဲ့အကြောင်းကို ticket ဖွင့်ပြီးမေးလိုက်တယ်..Red Hat ကပြန်ဖြေပေးတယ်...သင်အချိန်မကုန်တော့ဘူးပေါ့)
Debian သမားတွေကတော့ Community based ပဲ...ဘာဖြစ်လဲ...community ထဲလာခဲ့...အဲဒီမှာမေး..အဲဒီမှာဖြေပေးမယ်....ဖြေပေးတဲ့အဖြေ suggestion တွေကို ကိုယ့်အတွေ့ အကြုံ နဲ့ ယှဉ်ပြီး solution ထွက်အောင်စဉ်းစားပြီးလုပ်ပေတော့....ကိုယ့်ဘာသာကိုယ်လုပ်ရမှာ.....ဒီတော့ ကိုယ်ကဘာလုပ်တာလဲ...ကိုယ်လုပ်တာကိုကိုယ်သိပြီး...ကိုယ့် risk ကိုယ်ယူ.....
ဒါက အဲဒီ core နှစ်ခုကြီးရဲ့ အကြောင်းကိုအကြမ်းဖျင်းကျွန်တော်နားလည်သလိုပြောတာပါ...သင်က ကိုယ့် ဘာသာကိုယ်လုပ်ချင်ရာလုပ်မယ်.....ကိုယ်လုပ်မယ့်အလုပ်ကိုကိုယ့်တာဝန်..ကိုယ့်အလုပ် ....ကိုယ့် risk ကို ကိုယ်တာဝန်ယူမယ်ဆိုရင်တော့ debian အုပ်စု ကို ရဲရဲကြီးသာ ၀င်လိုက်ပေတော့....
ဒါမှမဟုတ်ဘူး....Enterprise Linux ရဲ့ service တွေကိုရယူခံစားချင်တယ်...နောက်ပြီး Fear, Uncertainty နဲ့ Doubt ဖြစ်နိုင်တဲ့အခြေအနေတွေကိုသင်ကိုယ်တိုင် responsibility လုပ်ဖို့ အဆင်မပြေဘူး...တာဝန်ကြီးလေးလွန်းတယ်ထင်ရင် System D အုပ်စုကို ရဲရဲ ကြီးသာဝင်ပါ.....
ဒီလိုပြောလို့ ရန်တိုက်ပေးတာမဟုတ်ပါဘူး...Business Environment ဆိုတာကို ကောင်းမွန်စွာလည်ပတ် နေဖို့ က IT တွေရဲ့ တာဝန်ပါ...Business သမားတွေ ( Company ပိုင်ရှင်တွေ...CEO တွေ...က) သင်တို့ ချင်းငြင်းနေတဲ့ Ubuntu ကမကောင်းဘူး....Red Hat ကပိုကောင်းတယ်...Red Hat ကမှပိုကောင်းတာ Ubuntu ကမကောင်းဘူး..ဆိုတာကိုမသိချင်ပါဘူး...သူတို့ လိုချင်သိချင်တာက သူတို့ business ကိုကောင်းမွန်စွာလည်ပတ်နိုင်ရမယ်....ဖြစ်တတ်တဲ့ error တွေကို ( data backup တို့ ... os recovery တို့ ) IT အနေနဲ့ အချိန်တိုအတွင်းမှာဖြေရှင်းပြီး business downtime မဖြစ်ဖို့ လိုချင်ပါတယ်...
သင်ဘာသုံးသုံး..သူတို့ အတွက်အရေးမကြီးပါဘူး...သူတို့ လိုချင်တာက Business ကိုမထိခိုက်ဖို့ ပါပဲ..ကျွန်တော်တို့ IT အနေနဲ့ ကတော့ကိုယ့်တာဝန်ကိုယ်ယူပြီး Business ကို lowest impact of incident ဖြစ်ဖို့ ..acceptable lowest risk ဖြစ်ဖို့ လုပ်ဆောင်ဖို့ ပိုတာဝန်ရှိပါတယ်...ဒီတော့ ကိုယ့် objective နဲ့ ကိုယ် ဘယ် Linux Distro ကိုပဲဖြစ်ဖြစ်...သုံးပါလို့ တိုက်တွန်းစေချင်ပါတယ်...နောက်တစ်ခုသင်ကြိုက်လို့ သုံး တာသုံးပါ...သူများကိုထိခိုက်အောင်ပုတ်ခတ်ပြောဆိုတာမျိုးကိုတော့မလုပ်စေချင်ပါဘူး.....
လူဆိုတာသူ့ အကြိုက်..ကိုယ့်အကြိုက်...သူ့ လိုအပ်ချက်...ကိုယ့်လိုအပ်ချက်ကိုအပြန်အလှန်နားလည်ပြီး တော့မျှဝေပေးဟာပိုမိုကောင်းမွန်သော environment တစ်ခုကိုတည်ဆောက်နိုင်မှာပါ..အပြစ်ပြောရုံ..ဝေဖန် နေရုံပဲလုပ်ပြီးဘာမှဝိုင်းမလုပ်ရင်တော့ပိုကောင်းတဲ့ အရာတွေဖြစ်လာမှာမဟုတ်ပါဘူး...

No comments:
Post a Comment