ITIL ( IT Infrastructure Library ) ကတော့ business operation အတွက်လိုအပ်တဲ့ IT operation ပိုင်းဆိုင်ရာ IT Service Management ဖြစ်ပါတယ်...ဥပမာ..ပြောရရင်...Web server တစ်လုံး တစ်နာရီလောက် down သွား တယ်ဆိုကြပါစို့ ...business ပိုင်းဆိုင်ရာ impact ဘယ်လောက်ထိဖြစ်သွားလဲ...ဘာကြောင့်ရပ်သွားရတာလဲ...နောက်ထပ်ကော down နိုင်တဲ့ အခြေအနေနဲ့ root cause တွေကိုတိတိကျကျသိ နိုင်ပြီလား..နောက်ထပ်မဖြစ်အောင်ဘယ်လို Precaution တွေလုပ်မလဲ...ဖြစ်နိုင်တဲ့ risk ကိုအနည်းဆုံးဖြစ်အောင်လျှော့ချရမယ်...စတဲ့ရည်ရွယ်ချက်တွေနဲ့ ITIL ကို လည်ပတ်နေကြတာဖြစ်ပါတယ်....
နိုင်ငံတကာမှာလည်း IT လုပ်မယ့်သူတွေဟာ ITIL ကိုနားလည်တတ်မြောက်ကြရပါတယ်...EXAM လည်းရှိပါတယ်....အခုလောလောဆယ်ကတော့ ITIL Version 3 ဖြစ်ပါတယ်..ခုနကပြောတဲ့အချက်အလက်တွေ ကိုထပ်မံအသေးစိတ်လိုက်ရင် ...Chanage Management, Incident Management, Problem Management...Requtest Management, Asset Management တို့ ဆိုပြီးတော့ sub categories လေးတွေပါဝင်ပါတယ်..တစ်ခုချင်းစီကို focus လုပ်တဲ့ team တွေလည်းရှိပြီး team အချင်းချင်းချိတ်ဆက် အလုပ်လုပ်ဆောင်ကြပါတယ်....
အိုကေ...ကျွန်တော်က ကျွန်တော့် Lab ထဲမှာ အရင်ဆုံး Ubuntu Server တစ်လုံးကို Service Desk download  လုပ်လိုက်ပါတယ်....
ရသွားပြီဆိုရင် install လုပ်ပါတယ်...
JBOSS Environment နဲ့ install လုပ်သွားပါတယ်...ကဲ..အောက်ဆုံးမှာမြင်ရတဲ့အတိုင်း http://localhost:8089/ နဲ့ login ၀င်ပါတဲ့...ကျွန်တော့် lab ထဲက ip range က 192.168.4.xxx series ဖြစ်ပြီးတော့ ..Service Desk Server ကို 192.168.4.12 ဆိုတဲ့ IP ပေးထားလို့ အဲဒီ IP နဲ့ သတ်မှတ်ထားတဲ့ port 8089 နဲ့ ဝင်ပါတယ်...
ကဲ...login box ကျလာပြီ..တစ်ခါတည်းသူက default username နဲ့ password ပေးထားပါတယ်..အရင်ဆုံး default နဲ့ ဝင်လိုက်ပါ...အထဲရောက်သွားတော့မှကိုယ့်စိတ်ကြိုက်ပြန်ပြင်ပါ ....
ဒါကတော့ သင်အထဲကိုရောက်သွားတာနဲ့ တွေ့ ရမယ့် UI ဖြစ်ပါတယ်....ဒီမှာတစ်ခုရှိတာက သင်ဝယ်ထား တဲ့ License ပေါ်မူတည်ပြီးတစ်ချို့ modules တွေကိုသုံးလို့ ရတာရှိသလို ...အချို  modules တွေကိုသုံးဖို့ အတွက် ငွေထပ်ပေးရတာမျိုးလည်းရှိနိုင်ပါတယ်...
Home က Dashboard ကိုရောက်သွားပါတယ်...ဒီမှာကတော့ quick add task တို့ announcement တို့ ကိုလုပ်နိုင်ပါတယ်....
ကိုယ့်ဘာသာကိုယ် task လုပ်ကြည့်တဲ့ပုံစံပါ....
ကဲ..ဒါကတော့ Incident form ပါ ...ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော် က administrator မို့ လို့ ကိုယ် ကြိုက်တာကိုယ်လုပ်လို့ ရတာပါ...သင်က incident response team က Member ဆိုရင်သင်နဲ့ ဆိုင်တဲ့ incident modules ကိုပဲ access ရမှာပါ....သင်နဲ့ မဆိုင်တဲ့ အခြားသော Problem တို့ ..asset တို့ ကိုသင့် အနေနဲ့ admin access ရနိုင်မှာမဟုတ်ပါဘူး.....
တစ်ချို့ သော အများဆုံးမေးလေ့မေးထရှိတဲ့ အမေးအဖြေတွေကို robo technician ကိုတာဝန်ပေးထားနိုင်ပါတယ်...လူတွေကိုပိုသက်သာအောင်လုပ်ပေးနိုင်တဲ့ function တွေပေါ့ ....
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ.....
No comments:
Post a Comment