ဒါကတော့ကျွန်တော်တော်အရမ်းစိတ်ဝင်စားတဲ့အရာဖြစ်သလိုလူတော်တော်များများလည်းစိတ်ဝင်စားကြမယ် ထင်ပါတယ်..Windows License တွေကိုဘယ်လိုထိန်းချုပ်သလဲ...ကိုယ့်စက်ထဲမှာရှိနေတဲ့ Product Key ပေါ်နေတာကတကယ့် License ကောဟုတ်ရဲ့ လား...စိတ်ဝင်စားစရာပါ...
တကယ်တမ်း Microsoft က License လေးမျိုးနဲ့ သူ့ ရဲ့ Products တွေ ( Microsoft Windows Version အမျိုးမျိုး...Office Version အမျိုးမျိုး....Sharepoints, SQL နဲ့ ...အခြား) ကို license version အဖြစ်အသိ အမှတ်ပြုပေးပါတယ်...ဒီလေးမျိုးအကြောင်းကိုနားလည်ရင်တော့တော်တော်ရှင်းလောက်ပါပြီ...
1.KMS Client or MAK
ဒါကတော့အဖွဲ့ အစည်းတစ်ခုအတွက်( ထပ်ဆင့်ရောင်းချခြင်းမပြုရန်တားမြစ်ထား) တရားဝင်သီးသန့် ချပေး ထားတာပါ..အဖွဲ့ အစည်းတစ်ခုထဲက computer တွေဆိုရင်ဒီ license ပဲသုံးမယ်...ကွန်ပျူတာပိုင်ရှင်ပြောင်း သွားတယ်ဆိုရင်လည်း license ကိုလွှဲပြောင်းလို့ မရနိုင်ပါ.
2.OEM SLP
သူကတော့ Hardware ထုတ်လုပ်တဲ့ Company တွေကနေတရားဝင်ရယူပြီးတော့ အသုံးပြုတဲ့ license ဖြစ်ပါတယ်...Acer တို့ Dell တို့ က ထုတ်တဲ့ branded laptop တို့ PC တို့ ဆိုရင် License OS ကို တရားဝင် ထည့်သွင်းပေးထားကြပါတယ်..များသောအားဖြင့် Laptop တွေရဲ့ kepad နားလေးတွေမှာ intel တံဆိပ်ရယ်..Nvidia Graphic တံဆိပ်ရယ်..နောက် Windows ဖြစ်ဖြစ်...Ubuntuဖြစ်ဖြစ် ပါလေ့ရှိပါတယ်..ဒါတွေကို OEM hardware နဲ့ OS လို့ ခေါ်တာပါ.( မြန်မာပြည်မှာကတော့ License သုံးတာနည်းပါတယ်...logo တစ်ခြား OS တစ်ခြားလည်းမြင်၇တတ်ပါတယ်) .ဒီလို license မျိုးကို OEM SLP License လို့ ခေါ်ပါတယ်....
3.OEM System Builder
ဒါကလည်းမြန်မာနိုင်ငံမှာနည်းပါတယ်..ဥပမာ..လူတစ်ယောက်က သူ့ မှာ လူဆယ်ယောက်စာလောက် (အရေအတွက်..အကန့် အသတ်နဲ့ ) ရှိတယ်....သူက computer ဆိုင်နဲ့ service ဖွင့်ထားတယ်...သူ့ ရဲ့  မိတ်ဆွေအနည်းအကျဉ်း( License နဲ့ သုံးချင်တာ) ..သူက အဲဒီသူ့ မိတ်ဆွေစက်တွေကို သူ့ မှာရှိတဲ့အရေ အတွက်ထဲက တစ်ချို့ ကိုပေးသုံးတယ်...ဒီလို license မျိုးပါ....
4. Retails
Software Package တွေဝယ်ရင် DVD ခွေပေါ်မှာတစ်ခါတည်းပါတဲ့ License မျိုးကိုခေါ်ပါတယ်..DVD ခွေ box ကို တစ်ခါတည်းအလုံပိတ်ပြီးလာတဲ့ License မျိုးပါ ...Regional Microsoft Merchant နဲ့ Local Microsoft Provider တွေကနေရောင်းတဲ့ License မျိုးတွေပါ.....
ကဲ...ကျွန်တော့်ဆီမှာက License စစ်တဲ့ Tools လေးရှိတယ်...အဲဒါလေးနဲ့ အရင်ဆုံး Windows 7 လေးကိုစစ်ကြည့်မယ်ဗျာ
အိုကေ...ကျွန်တော့် License က OEM SLP ဖြစ်ပါတယ်....ဒါနဲ့ အခြားစက်တွေကိုထပ်စစ်ကြည့်မယ်ဗျာ...
ကဲ...တွေ့ ကြပြီထင်ပါတယ်....OS တွေကတော့ MAK license တွေဖြစ်တာကိုတွေ့ ရပါလိမ့်မယ် ...Office ကတော့ Retail license နဲ့ လာတာပါ ....ဒါဆိုရင် License 4 မျိုးအကြောင်းကိုအခြေခံတီးမိခေါက်မိနား လည်ကြမယ်လို့ ထင်ပါတယ်.. နောက်ပိုင်း ကိုယ်က License ၀ယ်မယ်ဆိုရင်ဘယ်လိုဟာမျိုးဝယ်သင့်တယ် ..ကိုယ့်လိုအပ်ချက်ကဘယ်လိုမျိုးရှိတယ်ဆိုတာနဲ့ ချိန်ကိုက်ပြီးစဉ်းစားနိုင်ကြမှာဖြစ်ပါတယ်....
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ဒီနေ့ခေတ်သုံး digital devices ( laptops, tablets, mobile,...)တွေမှာ virus နဲ့ အခြားသော cyber threads မျိုးစုံ ( Malware, Trojan, BotNet, DDO...
-
WiFi ကို Long-Range Point-to-Point ပစ်ပြီးသုံးလို့ရတဲ့ Vendor တွေထဲမှာ EnGenius ကလုံး၀ဆရာကျပါတယ်.....EnGenius ဆိုတာကလည်း ကမ္ဘာမှာ မသိတဲ့ Ne...



No comments:
Post a Comment