Thursday, October 19, 2017

Red Hat - RHCSA တ ယောက်ဖြစ်ဖို့ဘာတွေလိုမလဲ....

Red hat ဆိုတာက Enterprise Network လောကမှာနာမည်ကျော်ကြားတဲ့ Linux Distro လည်းဖြစ်ပါတယ်..Red Hat နည်းပညာကနေ Developmental Platforms, Application Platforms, Virtualization Platforms တွေအတွက် တကယ့်ကိုအာမခံချက်ရှိတဲ့....support ကောင်းကောင်းပေးနိုင် တဲ့ အဖွဲ့အစည်း အဖြစ်ရပ်တည်နေပါတယ်...Training ပိုင်းမှာလည်းတကယ့်ကို လက်တွေ့အသုံးချနိုင်ဖို့အတွက်ကိုဦးစား ပေးထားတဲ့သင်ရိုးတွေနဲ့သင်ကြားတာဖြစ်ပါတယ်.....Red Hat Exam တွေဟာ ဖြေဆိုအောင်မြင်ဖို့ခက်ခဲပါတယ်...တကြိမ်တခါတည်းနဲ့အောင်မြင်ဖို့ဆိုတာမလွယ်လှတဲ့ကမ္ဘာ့အခက်ခဲဆုံး စာမေးပွဲတွေထဲကတစ်ခုပါ



သင်က Red Hat ရဲ့ Exam တွေကို ဖြေဆိုဖို့ ပြင်ဆင်ထားတယ်...နာမည်ကျော်သလို တကယ်တမ်းလည်း လက်တွေ့ အသုံးဝင်နိုင်တဲ့ Red Hat Certified တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့...အောက်ပါအချက်များ ကိုအဓိကထားပြီးပြင်ဆင်ထားပါ....

1. သင်ခန်းစာတွေကို ကျေညက်အောင်လေ့လာထားပါ....

အဓိကသိထားရမယ့် Local User & Group Management တို့.... System Architecture ပိုင်းတွေ.... Permission ဆိုတာတွေ... Storage Management ပိုင်းတွေ...Boot Management ပိုင််းတွေ....Directory Service တွေ.... Enterprise Linux  ဖြစ်တဲ့ Red Hat မှာရှိတဲ့ Subscription တွေအကြောင်း... Red Hat Official ဖြစ်ဖို့အတွက် Cent OS နဲ့  Fedora Linux တို့နဲ့စပ်ဆက်ပုံအကြောင်း ....Red Hat Networking အကြောင်းတွေ...System and Process Mangement အကြောင်းတွေ...Virtualization အကြောင်းတွေ... အဲဒါတွေသိလို့ဖြေနိုင်ရင်  Red Hat Administration RH-124 module Exam ကိုဖြေနိုင်ပြီး Red Hat Administration - RHCSA တ၀က်ဖြစ်ပြီ..... နောက်ပြီး

Linux Firewall အကြောင်းတွေ..... Network Users & Group Management အကြောင်းတွေ...Linux System မှာသုံးတဲ့ disk, file, partition အကြောင်းတွေ... Logical Volume Manage နဲ့ Network File System အကြောင်းတွေ..Red Hat Enterprise Linux ရဲ့ Boot Process Mangement နဲ့  Security Enhanced Linux  အကြောင်းတွေကိုသိပြီးဖြေနိုင်ရင် Red Hat Administration RH-134 module Exam ကိုဖြေနိုင်ပြီးမှသာ RHCSA ဖြစ်တာပါ ...ဆိုတော့....

   RH-124 ( Exam Passed) + RH-134 ( Exam Passed ) = RHCSA   

ဒါမှမဟုတ် ရင် အဲဒီ module နှစ်ခုလုံးကို ပေါင်းပြီးတခါတည်းဖြေရင်လည်း RHCSA ပါပဲ....

*** Theory + Pratical Lab တွေအကုန်လုံးကို ကျေညက်အောင် လေ့လာပါ....

2. များများလေ့ကျင့်ပါ.....

ကိုယ့်မှာ ကိုယ်ပိုင် laptop တစ်လုံးကို System Performance ကောင်းကောင်းဖြစ်အောင် upgrade လုပ်ပြီး virutal lab environment တစ်ခုတည်ဆောက်ပြီး RHCSA သင်ရိုးမှာပါတဲ့ theory + practical  တွေကို သေသေချာချာလေ့ကျင့်ရပါမယ်.... ကျွမ်းကျင်မှုကိုအသားပေးပြီးစစ်ဆေးတဲ့ Exam ဖြစ်လို့ ...VCE တွေဘာတွေကြည့်လို့မအောင်ပါ....သေသေချာချာစိတ်ရောကိုယ်ပါနှစ်ပြီးလေ့လာမှ လေ့ကျင့်မှ အောင်မြင်မှာပါ...

3. စာမေးပွဲဖြေမယ့်အချိန်ထက်စောရောက်အောင်သွားပါ....

ကိုယ်ကစာတွေကိုသေသေချာချာလေ့လာထားပြီးတဲ့အခါ စာမေးပွဲဖြေဆိုဖို့စာမေးပွဲခန်းကို စောစောသွားပါ.....စိတ်ကိုအေးအေးထားပါ....စာမေးပွဲခန်းကို၀င်ပါ....

4. မေးခွန်းကိုသေသေချာချာဖတ်ပါ...နားလည်အောင်ဖတ်ပါ...

စာမေးပွဲခန်းထဲရောက်တဲ့အခါ မေးခွန်းကိုသေသေချာချာဖတ်ပါ....နားလည်အောင်ဖတ်ပါ...နားမလည်ပဲနဲ့ရမ်းမ ဖြေပါနဲ့....ဆိုလိုရင်းကိုနားလည်အောင်လုပ်ပါ....ကျွန်တော်ကိုယ်တိုင်လည်းအဆင့်တစ်ခုကိုမှားဖြေခဲ့ပါတယ်....ဒါပေမယ့်ပြန်စစ်တဲ့အခါအဲဒီအမှားကိုတွေ့လို့ ပြင်လိုက်နိုင်ခဲ့တဲ့အတွက်အောင်ခဲ့တာပါ..(ဆိုလိုရင်းကိုသေသေချာချာမဖတ်ပဲ ဖြေခဲ့တဲ့သူငယ်ချင်းတွေကတော့ကျပါတယ်) ဒါကြောင့်မေးခွန်းဆိုလိုရင်းကိုနားလည်ဖို့အရေးကြီးပါတယ်....

5. ပြီးရင်ကိုယ်ဖြေထားတာကိုသေသေချာချာပြန်စစ်ပါ....

စာမေးပွဲဖြေတယ်ဆိုတာ Time Management နဲ့ Behavior Management ကိုစစ်ဆေးတာဆိုရင်လည်းမမှားပါဘူး.... ကိုယ်ဖြေထားတဲ့ မေးခွန်းနဲ့အဖြေတစ်ခုချင်းစီ ကိုပြန်စစ်လို့ရအောင် time manage လုပ်ပြီးဖြေပါလေ... ပြန်စစ်ချိန်မရှိလောက်အောင် မေးခွန်းတစ်ခုတစ်ခုကို အကြာကြီးဖြေနေတာမျိုးမလုပ်ပါနဲ့....မေးခွန်းတစ်ခုစီအတွက်အချိန်တစ်ခုစီနဲ့မေးခွန်းစုစုပေါင်းနဲ့ အချိန်နဲ့ကိုက်အောင် လုပ်ပါ...မဟုတ်ဘူးဆိုရင် ....ပေးထားတဲ့မေးခွန်းတွေကိုစုံအောင်မဖြေနိုင်ရင်...အချိန်ကပ်ပြီးမှ ၀ုန်း၀ုန်းဒိုင်းဒိုင်းနဲ့ ပြာလောင်နေတဲ့ behavior နဲ့ဖြေရရင်လည်းအဆင်မပြေဘူး....ဒီတော့ တစ်ခုချင်းစီပြန်စစ်လို့ရအောင် time vs behavior manage လုပ်ပြီးဖြေပါလေ....

 

ကျွန်တော်က MICT Park ထဲက ဆရာ William နဲ့ ကိုနိုင်ရဲမင်း တို့သင်တဲ့ Linux Lab မှာသင်တာပါ...Linux Lab က ဆရာ William နဲ့ ကိုနိုင်ရဲမင်းတို့ကတကယ်အသင်အပြကောင်းတဲ့ဆရာတွေပါ....ဆရာတို့ကိုကျေးဇူးတင်ကြောင်းဒီနေရာကနေပြောချင်ပါတယ်...

 

သင်ဖြေဆိုတဲ့ရက်က စနေ...တနင်္ဂနွေမဟုတ်ဘူးဆိုရင် စာမေးပွဲ result ကို ၂၄ နာရီအတွင်း Red Hat ကပို့ပေးပါတယ်....ကျွန်တော်ကတော့ အာဇာနည်နေ့မတိုင်ခင်18-7-2017 မှာ RHCSA ဖြေပါတယ်....ဖြေတာ...အာဇာနည်နေ့နံနက် ၅ နာရီ ကျော်ကျော်မှာ E-mail ရပါတယ်....တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားရတဲ့အခိုက်အတန့်ပါပဲ... ( ညတောင်‌ကောင်းကောင်းအိပ်မပျော်ဘူး)

ကျွန်တော်ကတစ်ကြိမ်တည်းနဲ့အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့တဲ့ရလဒ်အတွက်လည်းပျော်ရွှင်ကျေနပ်စရာ တကယ်ကောင်းပါတယ်...ဘာပဲဖြစ်ဖြစ်...ကျွန်တော်တို့က Red Hat ရဲ့ Non-Discloure Agreement (NDA) ယူထားတဲ့အတွက် ဘာတွေမေးတယ်ဆိုတာကိုပြောခွင့်မရှိပါ...

 

ဒါပေမယ့်သင်ဟာ သင့်ရဲ့ linux နဲ့ ပတ်သက်တဲ့အတွေ့အကြုံကောင်းတွေရှိတယ်ဆိုရင်တော့သင့်အနေနဲ့ရယူထားသင့်တဲ့လက်မှတ်တစ်ခု ဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်...

ကိုဖြိုးစည်သူ
B.Sc ( Physics)
RHCSA ( Redhat RHEL 7 )
CEH ( Version 9 )
CCNA ( Routing and Switching)
Diploma in IT ( KMD)

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...