ရုပ်ရှင်တွေကပေါက်ကရလျှောက်ပြနေတဲ့အခါကျတော့ hacker
ဆိုရင်ပဲလူဆိုးတွေလိုလို...တရားဥပဒေကိုချိုးဖောက်ပြီးစိတ်ထင်ရာလုပ်တတ်တဲ့လူမျိုးတွေလိုလို....သရဲလိုလို...သဘက်လိုလို....ခေါင်းစွပ်ကြီးတွေနဲ
့annonymous တံဆိပ်တွေနဲ့ ....command prompt မည်းမည်းကြီးတွေမှာ Command တွေလျှောက်ရိုက်နေတဲ့ .......လူဆိုးကြီးကိုဖြစ်လို့ ပါပဲ...
မဟုတ်တာလုပ်ထားတဲ့ လူတွေကတော့ hacker တွေကိုကြောက်ကြမှာပါပဲလေ....
အမှန်တော့
hacker ဆိုတာ
"လမ်းရိုးမှခွဲထွက်သူ....နည်းပညာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ....သတ်မှတ်ပြဠာန်းထားတဲ့ကျင့်ဝတ်အတိုင်းလိုက်နာဆောင်ရွက်တတ်သူ...."လို့ ဆိုလိုပါတယ်...
hacker ဆိုတာ...
တကယ်တော့
ကျွမ်းကျင်မှုရယ်...ကျင့်ဝတ်စောင့်ထိန်းမှုရယ်....ကိုယ်လုပ်ရပ်ကိုကိုယ်တိုင်တာဝန်ယူ/မယူ..စတာတွေအပေါ်မှာမူတည်ပြီး
hacker အမျိုးမျိုး ( black hat, white hat, gray hat )
ဆိုပြီးကွဲပြားခြားနားသွားပါတယ်...ဒါပေမယ့်လည်းအားလုံးကိုခြုံငုံပြီးပြောရရင်တော့
"နည်းပညာတွေကိုတစ်ဖက်ကမ်းခမ်ကျွမ်းကျင်သူ" ဆိုတာပါပဲ...
hacker တို့ ရဲ့ ကျွမ်းကျင်ရာနယ်ပယ်များ.....
သင်တို့ သိကြတဲ့အတိုင်း hacker
ဆိုတာလွယ်လွယ်နဲ့ ဖြစ်နိုင်...တတ်နိုင်တဲ့ပညာမဟုတ်ပါဘူး...နှစ်ပေါင်းများစွာ...အချိန်ပေါင်းများစွာ....ပေးဆပ်မှုပေါင်းများစွာနဲ့ ရင်းနှီးပြီးတော့မှအခြေအနေတစ်ခုကိုရောက်ရသလို
သူတို့ လေ့လာသင်ယူရတဲ့ နယ်ပယ်ကလည်းကျယ်ဝန်းပါတယ်...Operating System များ (
Linux, Windows, Mac OS, Android, iphone IOS, cisco IOS
.....) တွေကိုခြေခြေမြစ်မြစ်နားလည်တတ်ကျွမ်းထားရသလို.....PC
Application တွေ...mobile apps တွေ....cloud infrastructures ( VMware,
OpenStack, Dockers,.....) တွေကိုလည်း နားလည်တတ်ကျွမ်းရပါတယ်..
ခုခေတ်ကခင်ဗျားတို့ အားလုံးသိကြတဲ့အတိုင်း Business operational platform တွေက cloud တွေဖြစ်ကုန်ပြီလေ....အရင်တုန်းက microsoft မသိရင် IT လုပ်လို့ မရသလို ခုခေတ် IT လုပ်မယ့်သူတွေက VMwware တို့ ...docker တို့ ..openstack တို့ ...digital ocean တို့ ...Amazon AWS တို့ ကိုမသိရင် IT လုပ်လို့ မရတော့ပါဘူး...အဲလိုပဲ hacking ကိုလေ့လာနေတဲ့သူတွေကလည်း cloud platform တွေရဲ့ infrastructure တွေ..... process တွေ...backup & recovery တွေ...နဲ့ ...security ပိုင်းတွေကိုမသိ လို့ မတတ်လို့ လုံးဝမဖြစ်နိုင်ပါဘူး....
Networking
ရဲ့ အခြေခံဖြစ်တဲ့ OSI-7-Layers ကနေစလို့ ..Layers
တိုင်းမှာအလုပ်လုပ်တဲ့ protocols တွေ....rules တွေ... theory တွေကို
အပြည့်အစုံနားလည်ထားရသလို... static routing တွေ....dynamic
routing တွေ...routing protocols ( RIP, OSPF, EIGRP, IS-IS, BGP,...)
စတာတွေကိုကျေညက်နေအောင်သိထားဖို့ လိုအပ်ပါတယ်....subnetting တွေ...supernetting တွေကိုသိရမှာဖြစ်ပြီးတော့
Medium ( Cables, radio and wireless) တွေနဲ့ ပတ်သက်ပြီးတော့လည်း noise,
attenuation, signal loss တွေကိုတတ်သိထားရပါမယ်...
infrastructural
devices တွေဖြစ်တဲ့ Layer 2, Layer 3
Switching တွေကိုလည်းပိုင်နိုင်ကျွမ်းကျင်ရမှာဖြစ်ပြီးတော့ လိုအပ်ရင်
electrical pulse တွေကို intercept
လုပ်နိုင်ဖို့ အတွက်လည်း လေ့လာသင်ယူထားရပါတယ်...
ဒါတင်ပဲလား....no
ပါ.... NAT ( Network Address Translation)
ပိုင်းအကြောင်းအရာကိုကျကျနနနားလည်ပြီး Firewall
အကြောင်းတွေ..အမျိုးအစားတွေကိုနားလည်ရမှာဖြစ်ပြီး Linux & Opensource
Firewall တွေဖြစ်တဲ့ iptables, ufw , app armor တွေကော... cisco, juniper,
fortigate...စတဲ့ vendor specific firewall နည်းပညာတွေကိုလည်း
နားလည်တတ်ကျွမ်းထားရပါမယ်...
ခုနကပြောတဲ့
OS တွေနဲ့ Networking ပိုင်းတွေကိုနှံစပ်နားလည်ဖို့ အတွက် သင်က အချိန် ၎
နှစ်ကနေ ၅ နှစ်လောက်အထိပေးထားရပါတယ်....ဒါတောင်သင်က quick leaner ဖြစ်ရင်
အဲဒီအချိန်က သင့်အတွက်အမြန်ဆုံးပါပဲ..တစ်ချို့ ဆိုရင် အဲဒီ
level လောက်ရောက်ဖို့ အတွက် အချိန် ၈ နှစ်လောက်အထိကြာတတ်ပါတယ်..
ကျွန်တော်ပြောတဲ့
level ကိုရောက်ပြီ...hacker ဖြစ်ပြီလား....no....လိုသေးတယ်....Develop
လုပ်တတ်လား....အင်...ကျွန်တော်တို့ မရှင်းဘူး....
အိုကေ..ဒါဆိုရင်ကျွန်တော်တစ်ခုပြောမယ်...အဆောက်အအုံတစ်ခု
ကို အင်ဂျင်နီယာက ဒီဇိုင်းလုပ်ပြီး
sample တွေထုတ်တယ်....အခန်းဖွဲ့ စည်းပုံတွေ....ရေဘယ်လိုသွယ်မယ်...မီးဘယ်လိုသွယ်မယ်..ဘယ်နေရာမှာမော်တာထားမယ်....ဘယ်နေရာမှာလှေကားထားမယ်.....ဘယ်နေရာမှာအရေးပေါ်လှေကားထားမယ်...ဘယ်နေရာမှာရေချိုခန်း..အိမ်သာထားမလဲ..တွဲလျက်ထားမလဲ..ခွဲထားမလား.....၀ရန်တာပါမလား.
ဒါတွေအကုန်လုံးကိုအဆောက်အအုံဒီဇိုင်းထဲမှာအကုန်ပါတယ်နော်.....သူ့ ဆီကဒီဇိုင်းအတိုင်းကို
labour work လို့ ခေါ်တဲ့
ပန်းရန်သမား..အလုပ်သမားတွေ...ရေပိုက်သမား...မီးသမား...ဆေးသုတ်သမား...စတာတွေက
သူတို့ ကိုသတ်မှတ်ထားတဲ့အစီအစဉ်တွေအတိုင်း....လုပ်ကြရတယ်ဟုတ်.....
အိုကေ...ခုနက
ခင်ဗျားက OS နဲ့ Networking ကိုနားလည်ထားတယ်ဆိုတဲ့အဆင့်က ခုနက Labours
work သာသာပဲရှိသေးတယ်....အင်ဂျင်နီယာရဲ့ ဒီဇိုင်းကို ခင်ဗျားက
လိုက်လုပ်တတ်တာပဲရှိသေးတယ်..ခင်ဗျားကိုယ်တိုင်
ဒီဇိုင်းမလုပ်တတ်သေးဘူးလေ....
"ဘယ်လိုတည်ဆောက်ထားလဲဆိုတာကိုယ်တိုင်သိရင် ဘယ်လို ဖျက်ဆီးရမလဲဆိုတာ ကိုယ်တိုင်ပိုသိတယ်..."
ဒီတော့ကျွန်တော်တို့ ကိုယ်တိုင်
ဒီဇိုင်းဆွဲချင်တယ်ဆိုရင်...ဒီဇိုင်းနဲ့ ပတ်သက်တာတွေ ...( OS
တို့ Networking တို့ နဲ့ ပတ်သက်တဲ့ ...) developmental platform
ကိုခင်ဗျားတတ်ရတော့မယ်ပေါ့ ...အဲဒါတွေကတော့ linux bash scripting, windows
shell scripting,java, C++, Python, MS-SQL, SQL, Ruby, Perl စတဲ့
development တွေပဲပေါ့....ခင်ဗျားကမေးမယ်......ဒါတွေလိုလို့လားဗျာ..ကျွန်တော်က၀ါသနာမပါဘူး.....
ဟုတ်ကဲ့...ခင်ဗျားအဖြေကအဲဒီလိုဆိုရင်တော့
ခင်ဗျားကဘယ်တော့မှ hacker ဖြစ်မှာမဟုတ်ပါဘူး...ဘာလို့ လဲဆိုတော့ hacker
ဆိုတာကိုယ်သုံးမယ့်ဟာကိုကိုယ့်ဘာသာကိုလုပ်တတ်ဖို့ လိုတယ်...အချိန်တိုင်းသူများထုတ်ပေးမယ့်
tools တွေကိုထိုင်စောင့်နေမယ်ဆိုရင် သူဟာ hacker မဟုတ်တော့ဘူး....အဲဒီ
level မျိုးကို script kiddies လို့ ခေါ်သလို...သူတို့ ကသူများ tools (
သူများက ဘာလုပ်လို့ လုပ်ထားမှန်းမသိတဲ့ ..) tools တွေနဲ့ သူများ
system တွေကိုလျှောက်ထိဖို့ လုပ်( ရည်ရွ
ယ်ချက်တိတိကျကျမရှိပဲ...လျှောက်ကလိတာ ) ကြောင့် Certified Hacking
Forensics Investigator ( CHFI) တွေ.....Cyber Police တွေကဖမ်းရင် ကွိခနဲ
မိတတ်တာကြောင့်သူတို့ ကို suicide hacker လို့ ခေါ်ပါတယ်...( ခင်ဗျားက
programming
ကိုနားမလည်ပဲသူများရေးထားတွေကိုဆင်ခြင်မဲ့လျှောက်ကလိနေမယ်ဆိုရင်တော့
..ခင်ဗျားအတွက် cyber law နဲ့  jail အောင်းပေတော့ပဲ )
ဒီတော့
hacker လုပ်မယ့်ခင်ဗျားကိုယ်တိုင် programming language ၃
မျိုးလောက်တော့ပိုင်ပိုင်နိုင်နိုင်တတ်ထားသင့်တယ်...ဒါတွေကလည်းသင်မယ်ဆိုရင်
အနည်းဆိုရင် ၄ - ၅ နှစ်လောက်ကြာမြင့်ပါမယ်....ဒါမှပဲ ခင်ဗျားက programming
language တွေကိုသုံးပြီး OS နဲ့ Networking ဘက်မှာဖြစ်နေတဲ့ ...run
နေတဲ့ process တွေကိုသိမှာဖြစ်သလို...ခင်ဗျားသိချင်တာကိုလည်းကိုယ်တိုင်
customized tools တွေနဲ့ ကိုယ်တိုင်စစ်ကြည့်နိုင်မှာပါ....များသောအားဖြင့်
ဒီအဆင့်ကိုရောက်ဖို့ အရေးကြီးပါတယ်......တစ်ချို့ တွေက
programming တွေကိုလုပ်ရင်နဲ့  OS & Networking Appliance
ဘက်ကို ရောက်မလာကြတော့ပါဘူး....
အနည်းစုသာဒီဘက်ကိုဆက်ရောက်လာပါတယ်...
နောက်တစ်ချက်က
ဘာလို့  programming တွေလိုတာလဲ...ခင်ဗျားတို့ သိတဲ့အတိုင်း Windows ကို
microsoft ကမူပိုင်မှတ်ပုံတင်ထားပါတယ်....end
user တွေအတွက်အဆင်ပြေပေမယ့်...ခင်ဗျားအလုပ်က ညဘက် ( after office hour)
ကျတော့မှ Backup
Process တွေလုပ်မယ်....maintenance တွေလုပ်မယ်....ဒါပေမယ့်ခင်ဗျားကိုခင်ဗျားအလုပ်က
OT
မဆင်းစေချင်ဘူး.....ဒီတော့ခင်ဗျားလုပ်ရမယ့်အလုပ်ရယ်...အလုပ်ချိန်ရယ်ကအကန့် အသတ်ဖြစ်နေရော...ဒီတော့စက်ကိုနဂိုပုံမှန်လုပ်နေတဲ့
လုပ်ရိုးလုပ်စဉ်အလုပ်တွေကအပြင်
ညဘက်ကျမှသီးသန့် လုပ်ရမယ့်အလုပ်တွေဆိုပြီးသင်က script
နဲ့ စက်ကိုခိုင်းထားလိုက်တယ်...
ညဘက်ရောက်တော့...Office
hours လည်းမဟုတ်တော့ Production တွေကလည်းဘာမှမ
run...သင်သတ်မှတ်ထားတဲ့အချိန်ရောက်တော့ script တွေက ထ
run ပြီးသင်လုပ်ချင်တဲ့ backup တွေ. ..
maintenance တွေလုပ်ရော...အဲဒီအချိန်မှာသင်က
သင့်အိမ်မှာအေးဆေးအိပ်နေပြီ....မနက်ရုံးတက် တော့သင်ကသင့် server ထဲကို
ဝင်ပြီး ခိုင်းထားတာပြီးမပြီးစစ်ရုံပဲ.......အိုကေ...ဒါကို hacking
လို့ ခေါ်ပါတယ်....
"hacking ဆိုတာ OS တွေ...network တွေကနေပုံသေသတ်မှတ်ထားတဲ့ right တွေ...permission တွေထက်ကိုပိုရအောင်လုပ်တဲ့နည်းပညာပါ...အဲဒီနည်းပညာတွေကိုပိုင်နိုင်ကျွမ်းကျင်သူတွေကိုမှ hacker လို့ ခေါ်တာပါ"
ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး
စက်ကို ကိုယ်ဘယ်လို ခိုင်းနိုင်လဲဆိုတဲ့အပေါ်မှာ hacking
ဆိုတာဖြစ်လာတာပါ....Cyber War တွေဖြစ်ကြပြီ...တစ်ဖက်နဲ့ တစ်ဖက်
DyDOS တွေ...DOS ( Denial of
Services)တွေလုပ်ကြပြီဆိုရင်....ဟိုဘက်ကစက်တွေနဲ့ ဒီဘက်ကစက်တွေနဲ့ ပဲ
အချင်းချင်းတိုက်နေကြတာ ( တကယ့် hacker တွေက command
scripts တွေရေးထည့်ထားပေးပြီး...အဆင်ပြေပြေ run
နိုင်အောင် စောင့်ကြည့်ပေး...ဒီလောက်ပဲ...)
hacker ဆိုတာကြောက်စရာလား...?
မဟုတ်တာမလုပ်ထားရင်
hacker တွေကိုကြောက်စရာမလိုပါဘူး...hacker တွေရဲ့ စွမ်းရည်တွေကမဟုတ်
တာလုပ်ထားတဲ့လူတွေအတွက်ကြောက်စရာဖြစ်လာနေတော့....မီဒီယာသမားတွေ...တစ်ချို့ government တွေက
hacker တွေကိုလူဆိုးတွေအဖြစ် ရုပ်ရှင်တွေမှာပုံဖော်ကြပါတယ်...
Julian
assange တို့ လို့ Wikileak တည်ထောင်သူတွေ....snowden
တို့ လို့ hacker တွေကြောင့်
အဖွဲ့ အစည်းတွေရဲ့ အတွင်းသတင်းတွေပြင်ပကိုပေါက်ကြားလို့ 
hacker တွေအမျက်ရှခံရပါတယ်....တရုတ်..ရုရှ hacker တွေကြောင့် Windows OS နဲ
့softwares အသစ်တွေထွက်တိုင်း နာရီပိုင်းအတွင်းမှာ crack
version တွေထွက်ပါတယ်..( ဆင်းရဲတဲ့ကျွန်တော်တို့ လိုနိုင်ငံ...license
ဝယ်မသုံးနိုင်သေးတဲ့ နိုင်ငံတွေ အတွက်
နည်းပညာအသစ်တွေကိုထိတွေ့ ခွင့်ရတဲ့အကျိုးကျေးဇူးရှိပါတယ်)
ဒါတွေဟာ
hacker တွေကြောင့်ဖြစ်လာတဲ့
အကျိုးကျေးဇူးတွေထဲကတစ်ခုဆိုတာငြင်းနိုင်ပါ့မလား...အခုခင်ဗျားတို့ သုံးနေတဲ့
facebook ဆိုတာကလည်း php expert နဲ့ hacker တစ်ဦးဖြစ်တဲ့ Mark Zukerberg
ကတီထွင်ခဲ့တာလေ....နောက်ပိုင်း facebook မှာ security
holes တွေရှိရင်ဆုချီးမြှင့်ပါမယ်ဆိုပြီး အားနည်းချင်တွေကိုထောက်ပြပေးတဲ့
hacker တွေကို facebook ရဲ့ security team ( White hat) အဖြစ်ခန့် အပ်ပြီး
တာဝန်ပေးထားတာပါ....
ကဲ...ဒါကတော့ White Hat
ဆိုတဲ့ certified ethical
hacker တွေဘယ်လိုဖြစ်လာသလဲဆိုတာပါပဲ...တစ်ချို့ hacker တွေကတော်ကြတယ်....ဒါပေမယ့်သူတို့ က
အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းတာမျိုးမလုပ်ကြဘူး...သူတို့ ဘာသာအချင်းချင်း
စုဖွဲ့ တယ်..လေ့လာတယ်...သူတို့ community
နဲ့ သူတို့ သီသန့် နေတယ်...ဒါပေမယ့်လိုအပ်လာတဲ့အချိန်မှာ
နိုင်ငံတော်ကဆင့်ခေါ်လို့ ပဲဖြစ်ဖြစ်....cyber war ဖြစ်လို့ ပဲဖြစ်ဖြစ်...
ကိုယ့်နိုင်ငံဘက်ကနေရပ်တည်ကြတဲ့ grey hat တွေလည်းရှိကြပါသေးတယ်.....သူတို့ ကမှန်တယ်ထင်တဲ့ ဘက်ကရပ်တည်ကြပါတယ်..grey hat တွေပါ.....
နောက်ဆုံးတစ်မျိုးကတော့
ကိုယ်တတ်ကျွမ်းတဲ့ပညာတွေကလည်းအရမ်းထက်မြက်လာပြီးစိတ်ခံစားမှုပိုင်းရာအစွန်းရောက်သွားတဲ့အခါမှာ
ကိုယ့်အကျိုးစီးပွားအတွက်ပဲလုပ်တဲ့ black hat တွေပါ....ဒါပေမယ့်လည်း
black တွေဟာ အမြဲတမ်း black မဖြစ်နိုင်ပါဘူး...( တစ်ချို့ black တွေက
ဥပဒေအဆုံးအမကလွတ်လာတဲ့အခါ white တွေဖြစ်သွားတတ်ပါတယ်).... black တွေဟာ
အဖွဲ့ အစည်းတစ်ခုခုက သတ်မှတ်ထားတဲ့ Code of Coduct ( C-o-C )
မထိုးထားတာပဲရှိပါတယ်..ကျန်တဲ့ skills နဲ့ experiences တွေကတော့ grey
တို့ white တို့ နဲ့ စွမ်းရည်တူများဖြစ်ကြပါကြောင်းရေးသားလိုက်ရပါတယ်...
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ဒီနေ့ခေတ်သုံး digital devices ( laptops, tablets, mobile,...)တွေမှာ virus နဲ့ အခြားသော cyber threads မျိုးစုံ ( Malware, Trojan, BotNet, DDO...
-
WiFi ကို Long-Range Point-to-Point ပစ်ပြီးသုံးလို့ရတဲ့ Vendor တွေထဲမှာ EnGenius ကလုံး၀ဆရာကျပါတယ်.....EnGenius ဆိုတာကလည်း ကမ္ဘာမှာ မသိတဲ့ Ne...


No comments:
Post a Comment