နည်းပညာဆိုင်ရာအသုံးအနှုန်းကြီးကြီးမားမားကြီးတွေကိုဖယ်ရှားပြီးတော့အများနားလည်လွယ်အောင်ပဲ ဆက်ရေးမယ်ဗျာ....computer တွေစပေါ်ကာစတုန်းက computer တွေကိုအလုပ်ခိုင်းဖို့ အတွက် user တွေက instructional commands တွေနဲ့ ခိုင်းရတယ်....အဲဒီ instructional commands တွေကိုဘယ်ကနေပေးရလဲဆိုတော့ keyboard တို့..mouse တို့ ...barcode reader တို့ ....စသည်အားဖြင့်ပေါ့...အဲဒီလို computer system နဲ့ ချိတ်ဆက်ထားတဲ့ input device တွေကနေ commands တွေကိုပေးတဲ့အခါ..အဲဒီ commands တွေအလုပ်လုပ်သလား..မလုပ်သလားဆိုတာကို ကြည့်ဖို့ အတွက် Monitor တို့ ..projector တို့ ....smart TV တို့ လိုဟာတွေမှာ display ပြတယ်....
ဟိုးအရင်ခေတ်တွေ...နည်းပညာခေတ်ဦးတုန်းက အဲဒီလို display ပြတာက အမဲရောင် screen ပေါ်မှာအစိမ်းရောင်စာတွေ( တစ်ချို့ အဖြူရောင်စာသား....) နဲ့  ကိုယ်ရိုက်ထည့်လိုက်တဲ့ command တွေကိုပြတယ်...ဘာရုပ်ပုံမှမပါဘူး.....Mathematics function တွေရယ်...code execution တွေရယ်...terminal တွေကနေ handle လုပ်နေတဲ့ process တွေရယ်...ဒါတွေကိုပဲကြည့်လို့ရတယ်....
အဲဒီတော့အဲဒီခေတ်တွေတုန်းက commands prompt သိရင်အကောင်ပဲ....commands prompt မသိရင်ဘာမှကိုလုပ်စားလို့ ကိုမရတာ....အဲဒီအချိန်တုန်းကပေါ်ခဲ့တဲ့ Apple Macintosh တို့ ....Windows DOS ( Disc Operating System) တို့ ... Unix တို့ ..Linux တို့ ဆိုတာတွေက commands တွေနဲ့ သုံးကြရတာ..
ကုန်ကုန်ပြောမယ်ဗျာ....microsoft ရဲ့ windows 95 တို့ ...windows 98 တို့ ဆိုတဲ့ Operating system တွေကို ခင်ဗျားရဲ့ စက်မှာတင်သုံးချင်တယ်ဆိုရင် ခုခေတ်လိုမျိုး CD ခွေလေးထည့်...ပေါ်လာတဲ့စာဖတ်ပြီး next...next နှိပ်သွား...reboot လုပ်ပါလို့ တောင်းရင် reboot လုပ်ပြီးပြန်တက်လာရင်ခင်ဗျားသုံးချင်တဲ့..windows ပဲဖြစ်ဖြစ်...linux ပဲဖြစ်ဖြစ်တက်လာတာမျိုးမဟုတ်ဘူး....
Motherboard တွေရဲ့ BIOS update လုပ်ဖို့ အတွက် commands တွေကိုနားလည်ထားရတယ်...bootable floppy ထည့်ပြီး boot-menu ရွေးပြီး floppy ကနေ boot တက်တဲ့အချိန်ကနေစပြီး command prompt နဲ့ ပဲ FAT-16 တို့ FAT-32 တို့ ကို partition ပိုင်းရပါတယ်....installation ကိုလည်း command တွေနဲ့ လုပ်ရပါတယ်......OS installation ရဲ့ 75 % လောက်က command line နဲ့ လုပ်ရပါတယ်....ကျန်တာကိုမှသာ GUI လို့ ခေါ်တဲ့ Graphic User Interface နဲ့ လုပ်ရတာဖြစ်ပါတယ်...
ဒါတွေကိုပြောနေရတာက command line တွေကဘယ်လောက်ထိအရေးပါခဲ့လဲ... command line မသိရင် windows တောင်တင်လို့ မရဘူးဆိုတဲ့ ခေတ်တွေရှိခဲ့တယ်ဆိုတာကို windows သုံးတဲ့သူတွေ... windows based system administrators ကိုသိစေချင်လို့ ပါ.....ခုအချိန်ထိလည်း windows မတက်တော့ဘူး...ပုံမှန် windows မတက်နိုင်လောက်အောင် error တက်တယ်ဆိုရင်လည်း windows CD လေးတွေနဲ့ boot တက် ...command mode ထဲကနေပြင်နေရတုန်းဆိုတာကတော့ သိကြမှာပါ....
နောက်ပိုင်းခေတ်တွေကတော့ သိကြမှာပါ....windows installer CD လေးထည့်...next ...next...ဆိုပြီး click လေးလုပ်...reboot တောင်းရင် ....reboot ပြီးရင် reset ချ ...windows OS တစ်ခုတင်ပြီးရောပဲ..
ဒါပေမယ့်...
ခုနက click...click တွေရဲ့  နောက်ကွယ်မှာ programming အရ....ဘာ optional commands တွေကို on သွားတယ်....ဘယ်လို့ optional commands တွေကို ရွေးသွားတယ်ဆိုတာကို သိပ်မသိကြတော့ဘူး...
မသိတာက..တစ်ခါတစ်လေမှာ security hole လို့ ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ယိုပေါက်တွေကို တစ်ခါတည်းဖွင့်ထားသလိုကိုဖြစ်တော့တာ..ဥပမာ...wiondws တင်ရင် windows activation လုပ်ဖို့ ရက် ၃၀ သုံးခွင့်ပေးထားပါတယ်....အဲဒါကိုကျွန်တော်တို့ က မသမာတဲ့နည်းတစ်ခုခု.. application တစ်ခုခုနဲ့ activation လုပ်တဲ့ဟာကိုဖျက်ပြီးသုံးကြပါတယ်....အဲဒီလိုပဲ Microsoft Office တွေကိုလည်းအဲဒီလိုပဲလုပ်ပြီးသုံးကြသေး
Adobe photoshop တို့ ...adobe acrobat professional တို့ ကိုလည်းဒီအတိုင်းပဲသုံးကြတာပေါ့...ပြောချင်တာက...windows ကိုလည်းတင်ပြီးတာနဲ့ app တစ်ခုခုနဲ့ activation ကိုမလိမ့်တပတ်နဲ့ ဖျက်သုံးတယ်......တစ်ခြား software တွေကိုလည်း app တွေနဲ့ သူတို့ ပေးထားတဲ့ activation တွေကိုမလိမ့်တပတ်နဲ့ဖျက်သုံးတယ်....
အဲဒီလို ဖျက်ဖို့ လုပ်ထားတဲ့ apps တွေကို သင်က click နှိပ်ပြီး run လိုက်တယ်...အဲဒီ app ကယုံကြည်စိတ်ချရရဲ့ လား...နောက်ကွယ်ကဘာတွေ run နေလား...သင်သိနိုင်လား...သင်မသိနိုင်ပါဘူး...သင်သိတာက ဒါကို run လိုက်ရင် သူတို့ ရဲ့ activation ကိုဖျက်ပြီးသုံးနိုင်မယ်ဆိုတာပါပဲ...တစ်ချို့ သော app တွေက နောက်ကွယ်ကနေသင်မသိအောင်...သင့်စက်ထဲက system service တစ်ခုခုမှာခိုကပ်နေပြီးသင်မသိတဲ့ ချိတ်ဆက်မှုတွေလုပ်နေတတ်တာမျိုး....သင့်စက်ရဲ့ performance ကိုနှေးကွေးလေးလံစေတာမျိုး.....ဘယ်ကမှန်းမသိတဲ့ email တွေရောက်လာတတ်တာမျိုး.....သင့်စက်ကနေ အခြားစက်တွေကိုသင်မသိပဲ လှမ်းချိတ်ဆက်နေတာမျိုးတွေ....လုပ်တတ်ကြပါတယ်....
ဘာမှန်းမသိပဲနဲ့ click နှိပ်ပါဆိုလို့ နှိပ်လိုက်မိပြီး သူ့ နောက်ကွယ်က code တွေက ဘာတွေလုပ်မှန်းမသိရင် သိပ်ကြောက်စရာကောင်းပါတယ်.
ဒီတော့ script တွေအကြောင်းကိုနားလည်ထားမယ်ဆိုရင် ဘယ် script ကဘယ် code ကို run စေလဲ......run လိုက်ရင်ဘာဖြစ်စေမလဲ..ဒါတွေကိုအခြေခံနားလည်ဖို့ အတွက် အတွက် ကျွန်တော့်ရဲ့ windows script အကြောင်းလေးကိုရေးသားလိုက်ရပါတယ်....
windows script လို့ ကျွန်တော်ကပြောပေမယ့်..programming language တွေကသဘော..သဘာဝခြင်းအတူတူဆိုတော့
"code တွေကို ဘယ်လိုနေရာချပြီးစနစ်တကျအလုပ်လုပ်စေသလဲဆိုတဲ့ programming logic"
ကိုသာအဓိကဖမ်းယူဆုပ်ကိုင်ကြပါဗျာ....
windows os မှာ script အနေနဲ့ သုံးမှာကတော့ command prompt ရယ်...powershell တိုကို့  script ရေးပြီးသုံးပါမယ်....အရင်ဆုံး windows command prompt ကနေ ကျွန်တော်တို့ သုံးနေတဲ့ windows os ရဲ့ license status အခြေအနေကိုကြည့်ကြမယ်..
C:\> မှာ "slmgr -dli" ဆိုတာကိုရိုက်လိုက်ရင်
နောက်တစ်ခါ ကျွန်တော့်စက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က information တွေကြည့်ချင်ရင်ကျွန်တော်ကဒါလေးကိုရိုက်ပြီးကြည့်လိုက်တယ်ဗျာ
C:\> systeminfo
ဘယ်လောက်ထိစုံလဲဆိုရင် ကျွန်တော် windows update လုပ်ထားတဲ့ update patches တွေ (သူကတော့ hotfix လို့ ခေါ်ပါတယ်...) KB-XXXXXXX ဆိုပြီးတွေ့ ရပါလိ့မ်မယ်...အဲဒီ kbxxxxx တွေကို online မှာရှာကြည့်လိုက်...ဘာအတွက်လုပ်ထားတဲ့ update တွေလဲဆိုတာ....
ခုနက system info ကြီးကအရှည်ကြီးပဲ...အဲဒီလောက်မလိုချင်ဘူး.....boot တက်တဲ့ဟာကိုပဲလိုချင်တယ်...ဒါဆိုရင် systeminfo နောက်က | ခံပြီး find "System Boot Time" ဆိုပြီးအောက်ပုံလိုရိုက်လိုက်
ဟဲ...ဟဲ....မနက်ကတည်းကဖွင့်ထားတာနော်.....
ကဲ....နောက်တစ်ခုပြဦးမယ်ဗျာ....ကျွန်တော့်စက်က dell ပါ...ခုနက systeminfo ထဲမှာလည်းကြည့်ပြီးသား...dell တွေမှာက သူတို့ ရဲ့ ကိုယ်ပိုင် service tag ရှိတယ်...အဲဒီ service tag နဲ့ dell website ကိုသွားပြီး ကိုယ့် windows နဲ့ ကိုက်တဲ့ driver တို့ ..technical support တို့ ကိုရမှာဗျ.....စက်ကိုပိတ်ပြီး laptop နောက်ကျောဘက်မှာ service tag တော့ရေးထားပါရဲ့ ...တကယ်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ
ဒီ number ကကျွန်တော့်ကစက်ကဟာမို့ လို့ ကျတာနော်....သင့်စက်က dell ဆိုရင် ရိုက်ကြည့်လိုက်...သင့်စက်ရဲ့ serial number --or--- service tag ကိုတွေ့ ရပါလိ့မ်မယ်...
ဒါဆိုရင်စက်ကိုပိတ်စရာမလိုပဲနဲ့ ..ကိုယ့်စက်က serial number ကိုကြည့်နိုင်ပါတယ်....နောက်တစ်မျိုးသွားကြမယ်...ကိုယ့်စက်မှာရှိတဲ့ drive တွေကိုကြည့်မယ်..
mount လုပ်ထားတဲ့ volume list တွေကိုတွေ့ ရပါမယ်...အပေါ်ဆုံးက \\? နဲ့ ဘာမှမပါတဲ့ ဟာက system volume partition လေးပါ...system partition မို့ လို့ ....နောက်ကြားထဲက lablel မပါတာက recovery partition ပါ...ကျန်တဲ့ C: ( windows install လုပ်တဲ့နေရာ) ...D: ( Data သိမ်းတဲ့နေရာ) နဲ့ E: ( DVD Drive) ပေါ့ ....
Disk freespace ကြည့်ချင်တယ်....ဒါဆိုရင် ဒီလိုပုံထဲကအတိုင်းရိုက်လိုက်တော့
ကဲ...ဒီလောက်ဆိုရင်တော့ windows command မှာသုံးလို့ ရတဲ့ command တွေပါ...အဲဒီ command တွေကိုစုစည်းပြီး ကျွန်တော်တို့ script တစ်ခုလောက်ရေးကြည့်ရအောင်.....
...system uptime ရယ်.....installed os ရယ်....service tag ရယ်...disk free ရယ်ကိုကျွန်တော်တို့ က script နဲ့ ရေးပြီး output ထုတ်မယ်ဗျာ...
Script ဆိုတာကတော့ အဓိက computer ကို ကိုယ်လိုချင်တာကိုရှာခိုင်းတဲ့ commands တွေရယ်..programmatic logic တွေရယ်....သုံးရမယ်....rules လေးတွေရယ်....စနစ်တကျစုစည်းဖွဲ့ စည်းထားတာဖြစ်ပါတယ်....
ကျွန်တော်က script ရဲ့ သဘောတရားကိုနားလည်အောင် windows command တွေရယ်...programmatic logic ရယ်...rules လေးတွေကိုစုစည်းပြီး script တစ်ခုအဖြစ်ရေးလိုက်ပြီး run လိုက်ပါတယ်....
ကဲ...ဒါဆိုရင် script လေးနဲ့ ကိုယ့်စက် information တွေကိုစစ်နိုင်ပြီပေါ့ဗျာ..... windows script တွေက *.bat တို့ ...*.cmd တို့ နဲ့ သိမ်းရမှာနော်....ကဲ...ကျွန်တော်ကသဲလွန်စတွေပေးထားပြီးပြီဗျာ....ကိုယ့်ဘသာသာစမ်းပြီးရေးကြည့်လိုက်ပါဦး.....
ရေကူးနည်းစာအုပ်ကြီးကိုဖတ်ပြီးလက်တွေ့ ရေထဲဆင်းမကူးသေးသရွေ့ ကတော့ ရေကူးနည်းကိုပိုင်ပြီတတ်ကျွမ်းပြီလို့ ပြောလို့ မရသလိုပဲ....script တွေကိုလေ့လာရာမှာလည်းကိုယ်တိုင်ရေးကြည့်ပြီးတော့မှသာ script အကြောင်းတွေကိုသိမှာဖြစ်ပါတယ်....
ကဲ...ရေးကြည့်လိုက်ပါအုံး.......အမှားတွေတွေ့ ရင်လည်းပြင်ပြီး script ရဲ့ function အပြည့်အ၀နဲ့ run နိုင်အောင်ကြိုးစားရေးပါ.....လုံးဝမရတော့ဘူးဆိုမှာ ဒါလေး ကို download လုပ်ပြီးဘယ်နေရာမှာဘာလို သွားလဲဆိုတာကို လေ့လာပေါ့...
အားလုံးပဲ..ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ....
PhyoSithu








No comments:
Post a Comment