VPN ဆိုတာ ....?
Virtual Private Network ကိုဆိုလိုပါတယ်...ကျွန်တော်တို့ internet ဆိုတာ နိုင်ငံပေါင်းစုံက network ကွန်ရက်မျိုးစုံ ( cable တွေကော...wifi frequencies အမျိုးမျိုး....gsm satellite frequencies အမျိုးမျိုး...radio frequenices အမျိုးမျိုး... satellite tv frequencies အမျိုးမျိုး....) ပေါင်းစပ်ချိတ်ဆက်ထားတဲ့ Network အကြီးစားကြီးတစ်ခုဖြစ်ပါတယ်...Network ကြီးကကျယ်ပြန့်သလောက် နိုင်ငံပေါင်းစုံကနေ online services မျိုးစုံ ( Internet, Satellite TV, Satellite phone, online payment, online banking, e-commerce, mobile payment,....) လည်းရှိပါတယ်...
ဒီလို ကြီးမားကျယ်ပြန့်တဲ့ Network ကြီးထဲမှာ services တွေကလည်းအမျိုးစုံသလို ..အဲဒီ service တွေကို ရပ်တန့် သွားအောင်...လည်ပတ်နေတဲ့ business တွေရဲ့ အကျိုးစီးပွားပျက်ပြားအောင်လက်တည့်စမ်းတဲ့ ငတိတွေ....ရည်ရွယ်ချက်ရှိရှိနဲ ့ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ Cyber Criminal တွေရဲ့ ရန်ကလည်း မနည်းလှပါဘူး...
သင့်ရဲ့ network traffic ကိုတစ်နည်းနည်းနဲ့ ကြားဖြတ်ဖမ်းယူ တဲ့ packet sniffing လိုမျိုး.... session hijacking လိုမျိုး....phishing လိုမျိုး....နည်းတစ်ခုခုနဲ့ သင်သုံးနေတဲ့ web traffic ကို cyber criminal ကိုရသွားခဲ့မယ်ဆိုရင် ...ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက.....?????? မခန့်မှန်းနိုင်လောက်အောင်ပါပဲ
ဒီလိုအခြေအနေမျိုးမှာ internet သုံးရတာ...very danger!!! ဒီတော့ကျွန်တော်တို့ ရဲ့ network traffic ကို encrypted traffic အနေနဲ့ သုံးချင်တယ်ဆိုတော့ ကျွန်တော်တို့ အတွက် virutal private network တစ်ခုကိုချိတ်ဆက်သုံးကြရတာပေါ့....
VPN ဆိုတာ location တူချင်မှတူမယ်...မတူညီတဲ့ region က host (PC ) တွေက Network တစ်ခုထဲမှာရှိမယ်...ဆိုကြပါစို့...network A ဆိုတဲ့ Network ကြီးထဲမှာ Russia က စက်ရယ်..myanmar ကစက်ရယ်...egypt ကစက်ရယ်....အတူတူရှိနေနိုင်ပြီး အပြန်အလှန်ချိတ်ဆက်နိုင်ပါတယ်....အဲဒီလို network မျိုးကို VPN လို့ခေါ်တာပါ.....အဲဒီ vpn network ထဲက member host မဟုတ်ရင် အဲဒီ network ထဲက host တွေနဲ့ အချိတ်အဆက်လုပ်နိုင်မှာမဟုတ်ပါဘူး ...ဒီတော့ so secure !!!
ကျွန်တော်တို့ အနေနဲ့ Internet သုံးဖို့ အတွက်လောက်ပဲမဟုတ်ပဲ..အခြားသော securely remote access လုပ်ဖို့အတွက်လည်း VPN ကိုသုံးကြပါတယ်.....ဆိုကြပါစို့...ကျွန်တော်ကအိမ်ကနေပြီးတော့ ရုံးထဲက network ထဲကိုလှမ်းဝင်ချင်တယ်....TeamViewer လို App မျိုး သုံးမယ်ဆိုရင်သုံးလို့ ရပါတယ်...ဒါပေမယ့် ကျွန်တော့်ရဲ့ remote session နဲ့ ပတ်သက်တဲ့အချက်အလက်တွေအကုန်လုံးက team viewer company မှာရှိနေပါလိမ့်မယ်....ဒီတော့ ကိုယ့်ဘာသာကိုယ်ပဲ VPN Server လုပ်ထားပြီး access လုပ်မယ်ဆိုရင် security အကောင်းဆုံးပဲပေါ့ဗျာ....
ကဲ... ကျွန်တော်တို့သုံးချင်တဲ့ process flow ကဒီလိုဆိုတော့...ကျွန်တော်တို့ ရဲ့ VPN server ကို linux နဲ့ ဆောက်လိုက်ပါတယ်...Ubuntu Server 16.04 နဲ့ Linux Server တစ်လုံးကိုတည်ဆောက်လိုက်ပါတယ်...ပြီးတော့ ကျွန်တော်တို့သုံးမယ့် vpn client ကို windows 7 နဲ့ တည်ဆောက်လိုက်ပါတယ်..
ပြီးတော့ VPN setup ကို Linux Server မှာ configure ချထားပါတယ်....Linux ဆိုတော့ command တွေနဲ့ကိုယ် setup လုပ်ချင်တာကိုလုပ်ရပါလိမ့်မယ်...ကဲ...ပြီးသွားရင်တော့ client ဘက်ခြမ်းဖြစ်တဲ့ windows 7 မှာ vpn software လေးထည့်ပါမယ်...vpn software installation ကတော့ windows exe file လေးကို click....after...click လုပ်ရတာဆိုတော့အဆင်ပြေပါလိမ့်မယ်...
ကျွန်တော့် vpn server ကို port 443(https) နဲ့ configure လုပ်ထားလို့ vpn server IP ရယ်...port ရယ်...authenticate လုပ်မယ့်....username & password အားလုံးပြည့်စုံအောင်ဖြည့်လိုက်ပါ
ပြီးတော့ connect လှမ်းချိတ်လိုက်ပါတယ်...ဒါဆိုရင် connect ဖြစ်သွားလို့ပေါ်လာတဲ့ message box ပေါ့.
နောက်ပြီးတော့ကျွန်တော့် စက်ကနေ Internet ဘက်ကိုဘယ်လိုသွားသလဲ.ဆိုတာကို trace လိုက်ဖို့ အတွက်ကျွန်တော်က command prompt ကနေ "tracert -d google.com" ဆိုပြီးရိုက်လိုက်ပါတယ်...
ကဲ..ဒီတော့ ကျွန်တော်ရိုက်လိုက်တဲ့ trace packet က 30.1 (VPN-Server) ကနေတစ်ဆင့် 47.2 ဆိုတဲ့ gateway....14.254 ဆိုတဲ့ gateway....နှစ်ခုကိုဖြတ်ပြီး 74.50.210.193 ဆိုတဲ့ public IP with Internet ပေါ်ကနေ google ဆီကို ဆက်သွားပါလိမ့်မယ်.....ဒီတော့ ကျွန်တော့်ရဲ့ trace packet က vpn server ကိုဖြတ်ပြီးတော့ internet ကိုရောက်သွားပါပြီ....
VPN Server ပေါ်ကနေလည်း ချိတ်နေတဲ့ vpn client အခြေအနေကိုဒီလိုကြည့်နိုင်ပါသေးတယ်...
ကဲ...ချိတ်ထားတဲ့ session ကိုရော....client host-name ကိုရော....vpn username ဘယ်သူဆိုတာကိုရော..တစ်ခါတည်းတွေ့နိုင်ပါပြီ.....ဒီတော့ကျွန်တော်တို့ VPN Server-Client setup ကိုကိုယ့်လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့ configure လုပ်ပြီး စိတ်ချလက်ချသုံးနိုင်ပါပြီဗျာ....
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ.....
လေးစားစွာဖြင့်
Phyo Sithu 
B.Sc (Physics)
CCNA (Routing & Switching -200-120) 
RHCSA (Red Hat RHEL 7)
Zyxel Certified Network Professional






No comments:
Post a Comment